လစ်ဗာပူးနဲ့ပွဲအတွက် ရည်ရွယ်ပြီး မန်စီးတီးဘက်က လှိူ့ဝှက်ထားတဲ့ ကစားသမားတစ်ဦးကို ပြောပြလိုက်တဲ့ ကလော့ပ်

Getty Images

လစ်ဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးအသင်းနဲ့ အိမ်ကွင်း မှာယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ ခံစစ်ကစားသမားတွေဖြစ်တဲ့လာပေါ်တေး ဒဏ်ရာရနေသလို အက်တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဂိုးသမား အီဒါဆန်ဒဏ်ရာရ ခဲ့လို့ ဘရာဗိုနဲ့လူစားလဲခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဘရာဗိုဟာ အနီကဒ်ပြသခံရပြီး အထုတ်ခံခဲ့ရတာေ ကြောင်းလက်ကျန်ပွဲချိန်တွေမှာ နောက်ခံလူ ဝေါ်ကာက ဂိုးသမားတစ်ဦးအဖြစ် ပါဝင် ကစားခဲ့ရတာဖြစ် ပါတယ်။

Getty Images

လစ်ဗာပူးအသင်းနဲ့ပွဲစဉ်မှာ တော့မန်စီးတီးအသင်းရဲ့ဂိုးသမားအီဒါဆန်လွဲချော်ဖို့ ရှိပေမယ့်လည်း နည်းပြ ကလော့ပ်ကတော့ အီဒါဆန်ပွဲထွက်ကစားနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ ပါတယ်။ အကြောင်းကတော့ ဂိုးသမားအီဒါဆန်ဟာ ဒဏ်ရာပြင်းထန်မူရှိတာမဟုတ်ဘဲ လစ်ဗာပူးအသင်းနဲ့ အရေးကြီးပွဲကစားရဖို့ရှိတာကြောင့် ဂိုးသမားအီဒါဆန်ကို အနားပေးခဲ့တာဖြစ်တယ်လို့ ကလော့ပ် ကအခိုင်အမာဆိုသွားခဲ့တာဖြစ်ပါတယ်။

Getty Images
Getty Images

ဒဏ်ရာရနေတယ်လို့ သတင်းလွှင့်ထားတဲ့ ဂိုးသမားအီဒါဆန်ဟာ တနင်္ဂနွေနေ့ပွဲမှာ ပြန်လည်ပါဝင် လာနိုင်ကြောင်းကို နည်းပြ ကလော့ပ်ကပြောကြားရာမှာတော့ “ အီဒန်ဆန်ပါဝင်ကစားနိုင်ခြင်းမရှိဘူး ဆိုရင် ပြောင်းလဲမူတွေရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အီဒါဆန်က သူတို့အသင်းရဲ့ ပွဲစဉ်တွေမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ ရာနူန်းပြည့်မှန်ပါတယ်။ဘရာဗို ဟာလည်း အလားတူ စွမ်းဆောင်ပြနိုင်ပါတယ်။ ဒါပေမယ့် တူညီတဲ့ စွမ်းဆောင်ရည်အတိအကျတော့ မဖြစ်နိုင်ပါဘူး။ ဘယ် သူမှာ အီဒန်ဆန်လောက်စွမ်းဆောင်နိုင်မှာမဟုတ်ဘူး။ဒါပေမယ့်လည်း အီဒါဆန် ပါဝင်ကစားမယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်။ မနှစ်ကတုန်းကလည်း သူပွဲတစ်ပွဲမှာ မပါဝင်ခဲ့ပေမယ့်လည်း ရက်အနည်းငယ်ကြာတော့ ကွင်းထဲမှာပြန်ရောက်လာခဲ့တယ်။ ပြီးခဲ့တဲ့ညကဆိုရင်လည်း သူတို့က ကြိုတင်ကာကွယ်မူတစ်ခုလုပ်ခဲ့တာပါ။ ကျွန်တော်အဲဒီပွဲစဉ်ကိုကြည့်ခဲ့ပြီး အီဒါဆန်ဟာ ပြဿနာ တစ်စုံတစ်ရာမရှိခဲ့ပါဘူး” လို့ ကလော့ပ်ကပြောပြသွားခဲ့တာဖြစ်ပါတယ်။

Getty Images

Jack ( Sports Reader )