Sponsored

ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ စပိန်စူပါ ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ တီကို အသင်းက နောက်ကျ ဂိုးတွေနဲ့ အတူ ၃ဂိုး ၂ဂိုးနဲ့ အနိုင်ယူ ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်ဟာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့လို့ အကြိတ်အနယ်ရှိခဲ့ ပြီး ကစားသမားတွေကြားမှာလည်းအ ချင်းများမူတွေရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ အက်သလက် တီကို အသင်းက ကိုကီရဲ့ဂိုးနဲ့ ဦးဆောင်ဂိုးရခဲ့ပေမယ့် ဘာစီလိုနာအသင်းက မက်ဆီ၊ဂရစ်မန်းတို့က ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်၈၁နဲ့ ၈၅မိနစ်တွေမှာ မိုရာတာက ပင်နယ်တီကနေ တစ်ဆင့်ချေပဂိုးသွင်းခဲ့ပြီး အိန်ဂျယ်ကော်ရီယာက အနိုင်ဂိုးသွင်းယူပေး ခဲ့တာဖြစ်ပါတယ်။

Getty Images

ပွဲချိန်အတွင်းမှာ လူပြောများခဲ့တဲ့ ကိစ္စက တီကို လူငယ်တိုက်စစ်မှူး ဂျိုအာဖိလစ်က ဘာစီလို နာ ကစားသမား၃ဦးနဲ့ထိပ်တိုက် ရင်ဆိုင်တွေ့ပြီး အချင်းများခဲ့ကြတာဖြစ်ပါတယ်။ပေါ်တူဂီကြယ်ပွင့် ဂျိုအာဖိလစ်ဟာ နောက်ခံလူ ယော်ဒီအယ်လ်ဘာနဲ့ အရင်ဦးဆုံး အချင်းများခဲ့ပြီး အယ်လ်ဘာ က ဖိလစ်ရဲ့ ပါးပြင်ကို လက်ညိုးနဲ့ ထိုးခဲ့တဲ့အပေါ်မှာ ဂျိုအာဖိလစ်က သူ့ရဲ့လက်ကိုပြန်လည် ရိုက်ချ ခဲ့တာဖြစ်ပါတယ်။

Sponsored
Getty Images

ဆက်လက်ပြီး ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီနဲ့လည်း ခေါင်းချင်းဆိုင်ကာ အချင်းများခဲ့ကြပြီး မက်ဆီကို တစ်ခုခု ပြောကြားခဲ့တာဖြစ်ပါတယ်။ တခြားကစားသမားတွေက ဝင်ရောက် တားဆီးခဲ့ရပြီး အဆိုပါဖြစ်ရပ် အတွင်းမှာ တိုက်စစ်မှူးဆွာရက်ဇ်ကလည်းပြေးဝင်လာခဲ့ပြီး ဂျိုအာဖိလစ်ကိုလက်နဲ့ တွန်းထိုးခဲ့ပါသေးတယ်။

Getty Images

ဂျိုအာဖိလစ်ဟာ ဆွာရက်ဇ်ရဲ့အပြုအမူအပေါ်လည်း ဒေါသထွက်ခဲ့ပြီးပြန်လည်တွန်းထိုးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဂျိုအာဖိလစ်ဟာ ပေါ်တူဂီအသင်းမှာ စီရော်နယ်ဒိုနဲ့ တွဲဖက်ကစားနေသူဖြစ်ပြီး သူ့ရဲ့ စံပြ ကစားသမား စီရော်နယ်ဒိုနဲ့မဟာ ပြိုင်ဘက်ဖြစ်တဲ့ မက်ဆီကို ပြန်လည်ရန်ပြုဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ အသက်၂၀သာရှိသေးတဲ့ ဖိလစ်ဟာ အခုနှစ်ရာသီမှ မက်ဒရစ်မြေကို ရောက်ခဲ့တာဖြစ်ပေမယ့် စုစုပေါင်းပွဲ ၂၀မှာ ၄ဂိုးသွင်းယူထားပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *