ျပည္ပမွ သစ္အလံုးလိုက္ ထပ္မံတင္သြင္းျပန္ျပီ

Jewellery Teak Timber Co.,Ltd

သစ္အေျခခံစက္႐ုံမ်ား ကုန္ၾကမ္း လိုအပ္ခ်က္ေၾကာင့္ ကြန္ဂိုႏိုင္ငံမွ သစ္တန္ခ်ိန္ ၂၈ တန္ကို ထပ္မံတင္သြင္းခ့ဲသည္ဟု Jewellery Teak Timber ကုမၸဏီမန္ေနဂ်င္း ဒါ႐ုိက္တာ ဦးသိန္းခ်ီက ေျပာသည္။

ျမန္မာႏုိင္ငံ၌ သစ္ထုတ္ လုပ္မႈ ေလွ်ာ့ခ်သည့္ေနာက္ပိုင္းတြင္ သစ္အေျခခံစက္႐ုံမ်ား၏ ကုန္ ၾကမ္းလုိအပ္ခ်က္ မ်ားျပားလာ သျဖင့္ ျပည္ပႏုိင္ငံမွ သစ္အလုံး လုိက္ တင္သြင္းျခင္းျဖစ္ၿပီး ဒုတိယအႀကိမ္ တင္သြင္းျခင္းျဖစ္သည္။

သစ္ပါးလႊာထုတ္လုပ္ၿပီး ျပည္ပေစ်းကြက္သို႔ တင္ပို႔ရန္ အာဖရိကတိုက္ ကြန္ဂိုႏိုင္ငံမွကညင္ႏွင့္ ဆင္တူသည့္ Tiamaအမည္ရွိ သစ္အမ်ိဳးအစားေလးလံုးကို စမ္းသပ္တင္သြင္းခ့ဲၿပီး ဇူလိုင္ ၅ ရက္က ဆိပ္ကမ္းသို႔ ေရာက္ရွိခဲ့သည္။

သစ္ကုန္ၾကမ္းလိုအပ္ခ်က္ ျမင့္မားေနျခင္းႏွင့္အတူ ဝယ္လုိ အားျမင့္ တက္ေနေသာေၾကာင့္ ျမန္မာ့သစ္ လုပ္ငန္း၏ အိတ္ဖြင့္ တင္ဒါ၊ ေစ်းၿပိဳင္တင္ဒါမ်ားတြင္ သစ္လုံးကုန္ၾကမ္းေစ်းႏႈန္းမ်ား မတန္တဆျမင့္မားေနၿပီး ျပည္ တြင္းရွိ လုပ္ငန္းရွင္မ်ားႏွင့္ အေသး စား၊ အလတ္စား သစ္အေျခခံစက္မႈ လုပ္ငန္းရွင္မ်ား ယွဥ္ၿပိဳင္ႏုိင္စြမ္းမရွိဘဲ မိမိတို႔စက္႐ုံ လည္ ပတ္ႏုိင္ေရး၊ စက္႐ုံလုပ္သားမ်ား အလုပ္အကိုင္ အဆင္ေျပေစေရး ျပည္ပမွ သစ္မ်ား တင္သြင္းရျခင္း ျဖစ္သည္ဟု ၎က ဆိုသည္။

‘ေစ်းကြက္မွာ လိုအပ္မယ့္ သစ္ေတြကို ျပည္ပကေန အမ်ိဳးအစားအစံု စမ္းသပ္တင္သြင္းသြား မယ္’’ဟုဦးသိန္းခ်ီက ေျပာသည္။

သို႔ရာတြင္ သစ္အလံုးလိုက္ တင္သြင္း ျခင္းအတြက္ အစိုးရထံ ဆိပ္ကမ္း အေကာက္ခြန္ ၁၅ ရာခိုင္ႏႈန္း၊ အထူးကုန္စည္ခြန္ ၅ရာခိုင္ႏႈန္း၊ ကုန္သြယ္ခြန္ ၅ ရာခိုင္ႏႈန္းႏွင့္ အျမတ္ခြန္အတြက္ ႀကိဳ တင္ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္းျဖင့္ စုစုေပါင္း ၂၇ ရာခိုင္ႏႈန္း ေပးသြင္းရသျဖင့္ အခြန္ေလွ်ာ့ေပးရန္ သယံ ဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနႏွင့္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန သို႔ တင္ျပထားသည္ဟု ၎က ဆက္လက္ေျပာသည္။

ျပည္ပမွ သစ္မ်ား ပိုမိုတင္သြင္းလာႏုိင္မည္ဆုိပါက ျပည္တြင္းရွိ သဘာဝသစ္ေတာမ်ားအ ေပၚ မွီခိုမႈမရွိသေလာက္ ေလ်ာ့ နည္းလာမည္ဟု ပတ္ဝန္းက်င္ထိန္းသိမ္းေရး လုပ္ေဆာင္သူမ်ား က ဆိုသည္။

ျမန္မာႏုိ္င္ငံ၌ သစ္ထုတ္လုပ္ မႈ ေလွ်ာ့ခ်သည့္ေနာက္ပိုင္းတြင္ သစ္အေျခခံစက္႐ုံမ်ား၏ ကုန္ၾကမ္းလုိအပ္ခ်က္ မ်ားျပားလာၿပီး ျပည္ပႏုိင္ငံမွ သစ္အလံုးလိုက္တင္သြင္းသည့္ နည္းလမ္းကို ေတြ႕ရွိခ့ဲသည္။ ေမလကလည္း ကြန္ဂိုႏုိင္ငံမွ သစ္လုံးတန္ ၆၀ ခန္႔ကို ျပည္တြင္းသို႔ ပထမအႀကိမ္ တင္သြင္းခ့ဲသည္။

Source: 7daydaily


#Unicode Version

သစ်အခြေခံစက်ရုံများ ကုန်ကြမ်း လိုအပ်ချက်ကြောင့် ကွန်ဂိုနိုင်ငံမှ သစ်တန်ချိန် ၂၈ တန်ကို ထပ်မံတင်သွင်းခဲ့သည်ဟု Jewellery Teak Timber ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးသိန်းချီက ပြောသည်။

မြန်မာနိုင်ငံ၌ သစ်ထုတ် လုပ်မှု လျှော့ချသည့်နောက်ပိုင်းတွင် သစ်အခြေခံစက်ရုံများ၏ ကုန် ကြမ်းလိုအပ်ချက် များပြားလာ သဖြင့် ပြည်ပနိုင်ငံမှ သစ်အလုံး လိုက် တင်သွင်းခြင်းဖြစ်ပြီး ဒုတိယအကြိမ် တင်သွင်းခြင်းဖြစ်သည်။

သစ်ပါးလွှာထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရန် အာဖရိကတိုက် ကွန်ဂိုနိုင်ငံမှကညင်နှင့် ဆင်တူသည့် Tiamaအမည်ရှိ သစ်အမျိုးအစားလေးလုံးကို စမ်းသပ်တင်သွင်းခဲ့ပြီး ဇူလိုင် ၅ ရက်က ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

သစ်ကုန်ကြမ်းလိုအပ်ချက် မြင့်မားနေခြင်းနှင့်အတူ ဝယ်လို အားမြင့် တက်နေသောကြောင့် မြန်မာ့သစ် လုပ်ငန်း၏ အိတ်ဖွင့် တင်ဒါ၊ ဈေးပြိုင်တင်ဒါများတွင် သစ်လုံးကုန်ကြမ်းဈေးနှုန်းများ မတန်တဆမြင့်မားနေပြီး ပြည် တွင်းရှိ လုပ်ငန်းရှင်များနှင့် အသေး စား၊ အလတ်စား သစ်အခြေခံစက်မှု လုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ မိမိတို့စက်ရုံ လည် ပတ်နိုင်ရေး၊ စက်ရုံလုပ်သားများ အလုပ်အကိုင် အဆင်ပြေစေရေး ပြည်ပမှ သစ်များ တင်သွင်းရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

‘ဈေးကွက်မှာ လိုအပ်မယ့် သစ်တွေကို ပြည်ပကနေ အမျိုးအစားအစုံ စမ်းသပ်တင်သွင်းသွား မယ်’’ဟုဦးသိန်းချီက ပြောသည်။

သို့ရာတွင် သစ်အလုံးလိုက် တင်သွင်း ခြင်းအတွက် အစိုးရထံ ဆိပ်ကမ်း အကောက်ခွန် ၁၅ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန် ၅ရာခိုင်နှုန်း၊ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းနှင့် အမြတ်ခွန်အတွက် ကြို တင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းဖြင့် စုစုပေါင်း ၂၇ ရာခိုင်နှုန်း ပေးသွင်းရသဖြင့် အခွန်လျှော့ပေးရန် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန သို့ တင်ပြထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်ပမှ သစ်များ ပိုမိုတင်သွင်းလာနိုင်မည်ဆိုပါက ပြည်တွင်းရှိ သဘာဝသစ်တောများအ ပေါ် မှီခိုမှုမရှိသလောက် လျော့ နည်းလာမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူများ က ဆိုသည်။

မြန်မာနိုင်ငံ၌ သစ်ထုတ်လုပ် မှု လျှော့ချသည့်နောက်ပိုင်းတွင် သစ်အခြေခံစက်ရုံများ၏ ကုန်ကြမ်းလိုအပ်ချက် များပြားလာပြီး ပြည်ပနိုင်ငံမှ သစ်အလုံးလိုက်တင်သွင်းသည့် နည်းလမ်းကို တွေ့ရှိခဲ့သည်။ မေလကလည်း ကွန်ဂိုနိုင်ငံမှ သစ်လုံးတန် ၆၀ ခန့်ကို ပြည်တွင်းသို့ ပထမအကြိမ် တင်သွင်းခဲ့သည်။

Source: 7daydaily