Sponsored

ယခုလ အစောပိုင်းက ဂျပန်နိုင်ငံသား အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရောဂါကူးစက်ခံရမှန်းသိသိနှင့် အခြားသူတွေကို ကူးစက်စေလိုသောကြောင့် အရက်ဆိုင်နှင့် ကေတီဗီတွေကို လည့်လည်သွားရောက်ခဲ့တယ်ဆိုတဲ့ သတင်းကို သင်တို့သိပြီးလောက်ပါပြီ။

ထိုသူဟာ Coronavirus ရောဂါဖြင့်ပင် ဆုံးပါးသွားခဲ့သည်ဟု ယနေ့ မတ်လ ၁၈ ရက်နေ့မှာပဲ ဒေသတွင်းသတင်းတစ်ခုကဖော်ပြခဲ့ပါတယ်။

@CNA

ထိုဖြစ်စဉ်ဟာ Gamagori မြို့တော်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုအမျိုးသားဟာ Coronavirus ကူးစက်ခံနေရပြီဆိုတဲ့အဖြေကို မတ်လ ၄ ရက်နေ့က အတည်ပြုနိုင်ခဲ့တာပါ။ ဆရာဝန်တွေက အိမ်မှာပဲနေဖို့ တိုက်တွန်းခဲ့ပေမယ့် ထိုနေ့ညနေမှာပဲ ” ငါ ဗိုင်းရပ် သွားဖြန့်လိုက်ဦးမယ်‘ ဟုဆိုကာ အရက်ဆိုင်နဲ့ ကေတီဗီ တွေကို လှည့်လည်သွားလာခဲ့ပါတယ်။ နောက်တစ်နေ့ မတ်လ ၅ ရက်နေ့မှာတော့ သူ့ကို ဆေးရုံတင်ခဲ့ပါတယ်။

Sponsored

ဒါ့အပြင် ရည်ရွယ်ချက်ရှိရှိဖြင့် ရောဂါပြန့်နှံ့စေလိုမှုဖြင့် တရားစွဲဆိုခံထားရပြီး သူသွားရောက်ခဲ့တဲ့ အရက်ဆိုင်နဲ့ ကေတီဗီဟာ ချက်ချင်းပိတ်ပစ်ခဲ့ရပါတယ်။ သူသွားရောက်ခဲ့တဲ့ ကေတီဗီက မယ်လေးတစ်ဦးကတော့ မတ်လ ၁၂ ရက်နေ့မှာ ရောဂါကူးစက်ခံနေရကြောင်းအတည်ပြုခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *