Sponsored

သင့်အနေနဲ့ လှလှပပ ဝတ်စားထားတဲ့ လူတွေနဲ့အတူ သင်္ဘောတစ်စီးပေါ် ရောက်နေတယ်ဆိုပါစို့။ အဲ့ဒီအချိန်မှာပဲ ရုတ်တရက် သင့်အနေနဲ့ လက်တလောဖြစ်နေတဲ့ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူတွေနဲ့အတူ ရှိနေတာသိလိုက်ရပြီး ကမ်းပေါ်ကလူတွေကို ကူးစက်မှာစိုးရိမ်တာကြောင့် သင်္ဘောပေါ်ကနေ ဆင်းခွင့်မရဘူးဆိုရင်…

Wow… အမှောင်ကမ္ဘာထဲရောက်ဖို့ မြန်လိုက်တာများ

Source: Eng News 24h

ဒီအဖြစ်အပျက်ဟာ ဂျပန်ကမ်းရိုးတန်းတစ်ခုမှ လူပေါင်း ၃၅၀၀ အပေါ် ကျရောက်နေတဲ့ တကယ့် အဖြစ်အပျက်ကြီးပါ။ Business Insider ဆိုတဲ့ သတင်းပေးချက်အရ သင်္ဘောပေါ်က လူ ၁၇၀ ဟာ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီးဖြစ်တဲ့အတွက် ဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးကာကွယ်ရန်အလို့ငှာ ခရီးသည် အားလုံးကို ၁၀ ရက်ကြာ သင်္ဘောပေါ်မှာ ထိန်းသိမ်းထားပါတယ်လို့ World of Buzz သတင်းဌာနက ရေးသားထားပါတယ်။

Sponsored

ခရီးသည်တွေရော သင်္ဘောသားအဖွဲ့ပါ အလွန်အမင်း ပျင်းရိပြီး စိတ်မကျေနပ်မှုဖြစ်နေကြမယ့် ကိစ္စကို ဖြေရှင်းနည်းတစ်ခုအနေနဲ့ ဂျပန်အစိုးရမှ ရက်ရက်ရောရောနဲ့ စိတ်ကူးတစ်ခုကို ဖန်တီးအကောင်အထည်ဖော်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာချောင်ချိရေးဌာနနှင့် ဂျပန် telecom ကုမ္ပဏီတစ်ခုဖြစ်တဲ့ SoftBank company တို့ ပူးပေါင်းပြီး သင်္ဘောပေါ်က ခရီးသည်တွေကို တစ်ယောက်တစ်လုံးကျ ဝေပေးခဲ့ပါတယ်။

Source: Eng News 24h

ဖုန်းတွေအားလုံးမှာ ခရီးသည်တွေအတွက် ဆေးကုသမှုဆိုင်ရာ application တစ်ခုထည့်ပေးထားပြီး အတိုင်ပင်ခံ ဆရာဝန်နဲ့ ကြိုတင်ချိတ်ထားလို့ရတဲ့အပြင် ဆေးဝန်ထမ်းတွေဆီကနေ အချက်အလက်တွေ ရယူနိုင်မှာပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဖုန်းတွေမှာ ဘာကြောင့် ဒီ app ကို download လို့ မရတာလဲဆိုရင် ဂျပန်ကနေ ဝယ်ထားတာမဟုတ်တဲ့ ဖုန်းတွေမှာ app ကို register လုပ်ဖို့ ကိစ္စတွေက မလွယ်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Eng News 24h

ဒီလိုလုပ်ပေးခြင်းဟာ ခရီးသည်တွေ စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်တာနဲ့ တူပါတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ဒီလိုလုပ်ခြင်းဟာ ခရီးသည်တွေကို ပျော်ရွှင်အောင် ကြံဖန် ဖန်တီးပေးတဲ့ နည်းလမ်းတစ်ခုပဲ မဟုတ်ပါလားဗျာ…။

Writer – KTZ ( The Lifestyle Myanmar )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *