Sponsored

မနေ့ည ၁၂း၄၅မိနစ် သန်းခေါင်ကျော် မီးသတ်ကားသံတွေ တောက်လျှောက်ကြားတော့ ဒီလိုပဲ အနီးအနားမှာ မီးလန့်တယ်လို့ပဲ ထင်ခဲ့တယ်။ ဆောင်းတွင်း အိမ်တွေက အလုံပိတ်ဆိုတော့ ပတ်ဝန်းကျင်ကလို့ပဲ ထင်မိတာပေါ့။

မသကာင်္တာနဲ့ အခန်းတံခါး ဖွင့်ကြည့်တော့ ဝါယာညှော်နံ့တွေ ရနေတယ်။ ဝရံတာ ထွက်ကြည့်တော့ မီးသတ်ကား၅စီး၊ ရဲကား၊ Ambulance လူစုံတက်စုံ ရပ်ကြည့်တဲ့သူတွေလည်း အများအပြား။ ဘေးချင်းကပ်
တိုက်ကလို့ ထင်နေတာ မီးသတ်ရေပိုက် ဆွဲလာမှ ကိုယ်နေတဲ့ တိုက်ရဲ့အောက်ဆုံးထပ်ဖြစ်နေတယ်။

တိုက်ပိုင်ရှင်နဲ့ နေထိုင်တဲ့ ကျွန်တော်တို့တောင် ကိုယ့်တိုက်မှာ ဖြစ်ပျက်နေတာ မသိသေးတဲ့ အချိန် မီးသတ်က တိုက်အောက်ရောက်နေပြီ။

အောက်ဆုံးက CD/DVD ဆိုင် ဆိုင်ရှင်က မရှိတော့ အိမ်ရှင်လည်း အပြေးအလွှား သော့ကိုင် ဆင်းပြေးပြီ။ အပြင်မှာ ဝါယာညှော်နံ့ကြောင့် ဝရံတာကပဲကြည့်နိုင်တယ်။ စံနစ်တကျနဲ့ လုပ်တတ်တဲ့ ဂျပန်ကြောင့် သိပ်တော့ စိတ်မပူမိ။
ဘာတွေ့လဲဆိုတော့

Sponsored

မီးသတ် 🧑🏻‍🚒🚒

ဝတ်စုံပြည့် အောက်စီဂျင်ဘူး၊ ကြိုး၊ အထဲဝင်မယ့်သူက တဖွဲ့၊ လမ်းသွားပြည်သူတွေ အန္တရာယ်ကင်းအောင် လမ်းပြမယ့် အဖွဲ့တဖွဲ့။ အိမ်ဝန်းကျင် မှတ်တမ်းတင် အိမ်ပုံစံ အတိအကျပါလာတာတဖွဲ့။ တိုက်ပိုင်ရှင်နဲ့ နေထိုင်တဲ့ ကျွန်တော်တို့တောင် ကိုယ့်တိုက်မှာ ဖြစ်ပျက်နေတာ မသိသေးတဲ့ အချိန် မီးသတ်က တိုက်အောက်ရောက်နေပြီ။

ရဲ👮‍♂️🚓

ရဲကားတွေ ချက်ချင်းရောက်၊ ယူနီဖောင်းနဲ့ ဝန်ထမ်းတွေက ပြည်သူတွေ အန္တရာယ် မရှိအောင် ယဉ်ယဉ်ကျေးကျေး လမ်းညွှန့်၊ အရပ်ဝတ်နဲ့ ရင်ဘတ်မှာရဲတံဆိပ်သေချာ အကျအန ရဲက အိမ်ရှင်ကို စစ်ချက်ယူ၊ပါဝါ ဩဇာမပြ။

မီးသတ်နဲ့အတူရောက်လာ၊ ရောက်တာနဲ့ မဆိုင်းမတွ တွန်းလှည်း အဆင်သင့်ချပြီး သူ့နေရာနဲ့သူ ရပ်စောင့်နေ

Ambulance 🚑

မီးသတ်နဲ့အတူရောက်လာ၊ ရောက်တာနဲ့ မဆိုင်းမတွ တွန်းလှည်း အဆင်သင့်ချပြီး သူ့နေရာနဲ့သူ ရပ်စောင့်နေ။

ပြည်သူ👨‍👩‍👧‍👧

ပတ်ဝန်းကျင်ကနေ ဘာလာလုပ်လိုက်ပါလား ညာလုပ်လိုက်ပါလား မဆိုင်တဲ့ စကားတွေမဆို အနှောက်အယှက်မပေး။ ဘေးကရေပိုက် အတင်းဝင်ဆွဲပြီး ဟန်ရေးပြတာမရှိ ဒီနေရာမှာရပ်ပါဆို ရပ်ကြည့်လို့ ရတဲ့နေရာမှာပဲ စည်းကမ်းတကျ ကြည့်နေကြတယ်။ အနှောက်အယှက်မပေး။ ဘယ်က ရောက်လာမှန်းမသိတဲ့ တောကြောင်တွေလည်းမရှိ။

အားလုံးပြီးဆုံးချိန်မှာတော့ မီးသတ်တပ်သားက အထပ်(၈)ထပ်ရှိတဲ့ အထပ်တိုင်းကို ဓာတ်လှေကားနဲ့ မတက် လှေကားနဲ့ တက်လာ အထပ်တိုင်း အန္တရာယ်ရှိမရှိ စစ်ဆေးပြီး မီးလောင်တာ မဟုတ်ပါ၊ အန္တရာယ်မရှိပါလို့ ယဉ်ယဉ်ကျေးကျေးရှင်းပြတယ်။ (တို့ဖူးတွေ ကင်ထားပြီး ဆိုင်ပိတ်ပြီးထားခဲ့လို့ မီးခိုးတွေ ထွက်တာလို့ဆိုပါတယ်)

ဘာမြင်လဲဆိုတော့ လူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ကိုယ်နဲ့ မဆိုင်တာ ဝင်ရောက်စွက်ဖက်မှုမရှိ၊ ငါတို့ရှိမှ ဖြစ်မယ် ဆိုတဲ့ပါဝါမပြ၊ ပေးဆပ်မှု အများဆုံး ရယူမှု အနည်းဆုံး ဂျပန်မီးသတ်ဆိုပြီး ဂုဏ်မတင်၊😄
တာဝန်ယူ တာဝန်ခံမှုရှိပြီးနိုင်ငံကြီးသား ပီသတဲ့ နိုင်ငံမှာ နေထိုင်တဲ့အတွက် ကြောက်စိတ် စိုးစဉ်းမျှ မရှိခဲ့သလို တိုက်ရဲ့ အခြေအနေ စံနစ်ကျတဲ့ လုပ်ဆောင် ချက်တွေကြောင့် စိုးရိမ်မှု မရှိပဲ အိပ်ယာဝင်ဖြစ်ခဲ့သည်။ မြန်မာပြည်မှာ
ဆိုရင်တော့ အရေးကြီးတာတွေ ဆွဲပြီး မိနစ်ပိုင်း အတွင်း တိုက်အောက် ရောက်နေလောက်ပါပြီ။

မြန်မာပြည်မှာ စေတနာ၊ စည်းကမ်း၊ Safety first အမြဲအလေးထားတဲ့ ဂျပန်ရင်းနှီးမြုပ်နှံမှုတွေ များများဝင်ရောက်ပါစေ။

ကျော်သူ

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *