ပရီးမီးယားလိဂ္ခ်န္ပီယံ အေတြ႕အႀကဳံမရွိတာက အက်ဳိးသက္ေရာက္မူရွိႏုိင္မလား ေျပာျပသြားတဲ့ မီလ္နာ

Getty Images

အခုႏွစ္ပရီးမီးယားလိဂ္ၿပဳိင္ပဲြမွာ လစ္ဗာပူးလ္အသင္းက ခ်န္ပီယံဆုဖလားကုိ ရယူႏုိင္ဖုိ႔အတြက္ မန္စီးတီး အသင္းနဲ႔အၿပဳိင္ျဖစ္ေနပါတယ္။ မန္စီးတီးအသင္းက ခ်န္ပီယံရယူဖူးတဲ့ အေတြ႔အႀကဳံရွိ ကစားသမားေတြအမ်ား အျပားရွိေန ေပမယ့္ လစ္ဗာပူးလ္အသင္းမွာေတာ့ ကြင္းလယ္လူ ဂ်ိမ္းမီလ္နာ တစ္ဦးပဲ ပရီးမီးယားလိဂ္ခ်န္ပီယံ ရယူႏုိင္ခဲ့ဖူးတာျဖစ္ပါတယ္။

အဆုိပါအေျခအေနနဲ႔ ပတ္သက္ၿပီး ခ်န္ပီယံအေတြ႕အႀကဳံမရွိတာက လစ္ဗာပူးလ္ အတြက္ အက်ဳိးသက္ေရာက္မူရွိႏုိင္မလားဆုိတာကုိ မီလ္နာက ေျပာျပသြားခဲ့တာျဖစ္ပါတယ္။

Getty Images

မီလ္နာက “ ကြ်န္ေတာ္တုိ႔ ဆုဖလားဘယ္လုိယူရမလဲဆုိတာ သိတယ္လုိ႔ထင္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ ေတြ အတြင္းမွာ ကြ်န္ေတာ္တုိ႔ေျခစြမ္းဘယ္ေလာက္အထိတုိးတက္လာသလဲဆုိတာ ျမင္ေတြ႔ရမွာပါ။ ဒီႏွစ္ ရာသီ မွာ ကြ်န္ေတာ္တုိ႔ အေကာင္းဆုံးေျခစြမ္းမျပႏုိင္တဲ့ပြဲေတြ ရွိ ေကာင္းရွိ ႏုိင္ေပမယ့္လည္း ရလဒ္ေကာင္းရယူႏုိင္ဆဲပါ။ ေျခစြမ္းမေကာင္းရင္ေတာင္မွ ႏုိင္ပဲြေတြဆက္လက္ထိန္းႏုိင္မယ္ဆုိတဲ့ ႀကီးမားတဲ့ ဆုံးျဖတ္မူမ်ဳိး ကြ်န္ေတာ္တုိ႔မွာ ရွိပါတယ္။ အသင္းမွာ အရာအားလုံးရွိပါတယ္။အေရအေသြေကာင္းတဲ့ကစားသမားေတြရွိသလုိ ငယ္႐ြယ္ ၿပီးေျခစြမ္း ေကာင္းမြန္တဲ့ ကစားသမားေတြလည္းရွိပါတယ္။ခ်န္ပီယံအေတြ႔အႀကဳံမရွိတာနဲ႔ေတာ့ ခ်န္ပီယံ ေျပးလမ္းကေန ေသြဖယ္သြားမယ္လုိ႔ မေျပာႏုိင္ပါဘူး။ ကြ်န္ေတာ္တုိ႔အတြက္ ေကာင္းမြန္တဲ့အခြင့္အေရး ေတြရွိေနပါတယ္။ ကြ်န္တာ္တုိ႔ ကုိယ္ကစားရမယ့္ပဲြကုိပဲ ဂ႐ုစုိက္ၿပီး ကစားသြား႐ုံပါပဲ” လုိ႔ မီလ္နာက ေျပာျပ သြားခဲ့တာျဖစ္ပါတယ္။

Getty Images

လစ္ဗာပူးလ္ အသင္းေခါင္းေဆာင္ မီလ္နာဟာမန္စီးတီးအသင္းနဲ႔အတူ ျပည္တြင္းဆုဖလားေတြအားလုံးရယူ ႏုိင္ခဲ့ဖူးသူျဖစ္ၿပီး အဲဒီအခ်ိန္က ေပ်ာ္ရႊင္စရာခံစားမူျဖစ္ခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ အသင္းေဟာင္း ကုိ ေက်ာ္ျဖတ္ျပႏုိင္ဖုိ႔ စိတ္အားထက္သန္ေနတယ္လုိ႔လည္း ေျပာၾကားသြားခဲ့ပါတယ္။

လစ္ဗာပူးလ္အသင္းဟာ တနဂၤေႏြညမွာ ခ်ဲလ္ဆီးအသင္းနဲ႔ အေရးႀကီးတဲ့ ပဲြစဥ္ကစားရဖုိ႔ရွိေနပါတယ္။ လစ္ဗာပူးလ္အသင္းအေနနဲ႔ အဆုိပါပဲြစဥ္မွာ ၂၀၁၄ခုႏွစ္ က ခ်န္ပီယံဆုအတြက္ အေရးပါတဲ့အခ်ိန္မွာ အသင္းေခါင္းေဆာင္ဂ်ရတ္ရဲ့ မေတာ္တဆ ေခ်ာ္လဲမူနဲ႔ အတူ ဦးေဆာင္ဂုိးေပးလုိက္ရၿပီး ေနာက္ ၂ဂုိး ဂုိးမရွိနဲ႔ ႐ူံနိမ့္ခဲ့တဲ့မွတ္တမ္းကုိ ေခ်ဖ်က္ျပဖုိ႔လည္း လုိအပ္မွာျဖစ္ပါတယ္။

Jack ( Sports Reader )
Source: Daily Mail


#Unicode Version

အခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လစ်ဗာပူးလ်အသင်းက ချန်ပီယံဆုဖလားကို ရယူနိုင်ဖို့အတွက် မန်စီးတီး အသင်းနဲ့အပြိုင်ဖြစ်နေပါတယ်။ မန်စီးတီးအသင်းက ချန်ပီယံရယူဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားတွေအများ အပြားရှိနေ ပေမယ့် လစ်ဗာပူးလ်အသင်းမှာတော့ ကွင်းလယ်လူ ဂျိမ်းမီလ်နာ တစ်ဦးပဲ ပရီးမီးယားလိဂ်ချန်ပီယံ ရယူနိုင်ခဲ့ဖူးတာဖြစ်ပါတယ်။

အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီး ချန်ပီယံအတွေ့အကြုံမရှိတာက လစ်ဗာပူးလ် အတွက် အကျိုးသက်ရောက်မူရှိနိုင်မလားဆိုတာကို မီလ်နာက ပြောပြသွားခဲ့တာဖြစ်ပါတယ်။

မီလ်နာက “ ကျွန်တော်တို့ ဆုဖလားဘယ်လိုယူရမလဲဆိုတာ သိတယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့ နှစ် တွေ အတွင်းမှာ ကျွန်တော်တို့ခြေစွမ်းဘယ်လောက်အထိတိုးတက်လာသလဲဆိုတာ မြင်တွေ့ရမှာပါ။ ဒီနှစ် ရာသီ မှာ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းမပြနိုင်တဲ့ပွဲတွေ ရှိ ကောင်းရှိ နိုင်ပေမယ့်လည်း ရလဒ်ကောင်းရယူနိုင်ဆဲပါ။ ခြေစွမ်းမကောင်းရင်တောင်မှ နိုင်ပွဲတွေဆက်လက်ထိန်းနိုင်မယ်ဆိုတဲ့ ကြီးမားတဲ့ ဆုံးဖြတ်မူမျိုး ကျွန်တော်တို့မှာ ရှိပါတယ်။ အသင်းမှာ အရာအားလုံးရှိပါတယ်။အရေအသွေကောင်းတဲ့ကစားသမားတွေရှိသလို ငယ်ရွယ် ပြီးခြေစွမ်း ကောင်းမွန်တဲ့ ကစားသမားတွေလည်းရှိပါတယ်။ချန်ပီယံအတွေ့အကြုံမရှိတာနဲ့တော့ ချန်ပီယံ ပြေးလမ်းကနေ သွေဖယ်သွားမယ်လို့ မပြောနိုင်ပါဘူး။ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အခွင့်အရေး တွေရှိနေပါတယ်။ ကျွန်တာ်တို့ ကိုယ်ကစားရမယ့်ပွဲကိုပဲ ဂရုစိုက်ပြီး ကစားသွားရုံပါပဲ” လို့ မီလ်နာက ပြောပြ သွားခဲ့တာဖြစ်ပါတယ်။

လစ်ဗာပူးလ် အသင်းခေါင်းဆောင် မီလ်နာဟာမန်စီးတီးအသင်းနဲ့အတူ ပြည်တွင်းဆုဖလားတွေအားလုံးရယူ နိုင်ခဲ့ဖူးသူဖြစ်ပြီး အဲဒီအချိန်က ပျော်ရွှင်စရာခံစားမူဖြစ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အသင်းဟောင်း ကို ကျော်ဖြတ်ပြနိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

လစ်ဗာပူးလ်အသင်းဟာ တနင်္ဂနွေညမှာ ချဲလ်ဆီးအသင်းနဲ့ အရေးကြီးတဲ့ ပွဲစဉ်ကစားရဖို့ရှိနေပါတယ်။ လစ်ဗာပူးလ်အသင်းအနေနဲ့ အဆိုပါပွဲစဉ်မှာ ၂၀၁၄ခုနှစ် က ချန်ပီယံဆုအတွက် အရေးပါတဲ့အချိန်မှာ အသင်းခေါင်းဆောင်ဂျရတ်ရဲ့ မတော်တဆ ချော်လဲမူနဲ့ အတူ ဦးဆောင်ဂိုးပေးလိုက်ရပြီး နောက် ၂ဂိုး ဂိုးမရှိနဲ့ ရူံနိမ့်ခဲ့တဲ့မှတ်တမ်းကို ချေဖျက်ပြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

Jack ( Sports Reader )
Source: Daily Mail