လိင်တူ လက်ထပ်ထိမ်းမြားလိုက်တဲ့ Jackie Chan ရဲ့ သမီး Etta Ng

Etta Ng


Etta Ng


Etta Ng


Etta Ng


Etta Ng
Etta Ng


Etta Ng


Source asiaone
Via: AuntyMay


#Unicode Version

ကမ္ဘာကျော်ဟောင်ကောင်မင်းသားကြီး Jackie Chan ရဲ့သမီး အသက်(၁၉)နှစ်အရွယ် Etta Ng  တစ်ယောက် လိင်တူ လက်ထပ် လိုက်ပါတယ်။ Etta Ng ကတော့ ဒီအကြောင်းကို Instagram မှာ နိုဝင်ဘာ (၂၆)ရက်နေ့က အသိပေးလိုက်တာပါ။

Etta Ng

လက်ထပ် စာချုပ် ကို ကိုင်ဆောင်ထားတဲ့ စုံတွဲ ပုံကို တင်ပြီး သူတို့ချစ်သူနှစ်ဦးရဲ့ မင်္ဂလာသ တင်းကို အသိပေး လိုက်တာပါ။Etta Ng ကတော့ ဂျက်ကီချမ်းနဲ့ သူ့ရဲ့ တိတ်တိတ်ပုန်းဇနီးဟောင်း အလှမယ် Elaine Ng တို့ရဲ့ သမီးပါ။

Etta Ng

ပုံထဲမှာတော့ နှစ်ယောက်သားလက်ထပ်စာချုပ်ကို ကိုင်ပြီး နမ်းနေကြတာကို တွေ့ရမှာပါ။မီဒီယာတွေရဲ့ ပြောပြချက် အရ  သူတို့နှစ်ဦးဟာ ကနေဒါမှာ လက်ထပ်မှတ်ပုံတင်ခဲ့ကြတာပါ။ပုံရဲ့ Caption မှာတော့  “United by love & law. On our wedding day~” ဆိုပြီး ရေးထားပါတယ်။

Etta Ng

Caption အပြည့်အစုံမှာတော့ သူတို့နှစ်ယောက်ဟာ  ချစ်ခြင်းမေတ္တာနဲ့ကြီးပြင်းမလာခဲ့ကြရတဲ့ သူတွေဆိုပြီး ရေးထားပါတယ်။ Etta ကတော့ မိသားစုတွေရှိတဲ့ အိမ်တ စ် လုံးကို ကိုယ်တိုင်ရွေးချယ်နိုင်ကြောင်း၊ဘယ်တော့မှတစ်ယောက်တည်း အထီးမကျန်တော့ဘူး၊အချစ်ဆိုတာက မိသား စု ဆိုတဲ့အရာထက်ပိုပြီး ခိုင်မာတယ်လို့ ပြောထားပါတယ်။

Etta Ng
Etta Ng

ပြီးခဲ့တဲ့နှစ်အောက်တိုဘာတုန်းက Etta  နဲ့ သူမရဲ့ ချစ်သူ Andi Autumn တို့ရဲ့ ပုံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ Andi Autumn ကတော့ သူမထက် (၁၂)နှစ်လောက်ကြီးပါတယ်။Autumn ကတော့ အသက် (၃၁)နှစ်ဖြစ်ပြီး ကနေဒါ ဆိုရှယ်မီဒီယာ Star တစ်ယောက်ပါ။

Etta Ng

သူတို့စုံတွဲဟာ ကနေဒါမှာ မေလတုန်းက multimedia ကုမ္ပဏီ တစ်ခု ထူထောင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလတုန်းက YouTube video တစ်ခုမှာ လိင်တူချစ်မြတ်နိုးမှုကို ဆန့်ကျင်တဲ့ မိဘ တွေကြောင့် သူတို့နှစ်ယောက်ဟာ အိမ်ယာမဲ့ဖြစ်နေပြီဆိုပြီး ပြောခဲ့ဖူးပါတယ်။

Source asiaone
Via: AuntyMay