Sponsored

အီတလီနိုင်ငံတဝန်း တစ်ရက်အတွင်းသေဆုံးသူဦးရေ ၄၂၇ ဦးအထိရှိခဲ့ကာ သေဆုံးသူဦးရေ စုစုပေါင်းဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ရာ တရုတ်နိုင်ငံထက်ပင် ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ယခုအချိန်အထိ သေဆုံးသူဦးရေ ၃၂၄၅ ဦးရှိပြီဖြစ်တဲ့ တရုတ်ပြည်ကို အီတလီနိုင်ငံက သေဆုံးသူဦးရေ ၃၄၀၅ နဲ့ကျော်လွန်သွားခဲ့တာပါ။

@BBC

အီတလီနိုင်ငံဟာ မတ်လ ၁၂ ရက်နေ့မှာ မှစတင်၍ အသွားအလာပိတ်ပင်ခဲ့ပြီး ကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေ တရစပ်မြင့်တက်နေတာကြောင့် အချိန်လွန်သွားခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။ အီတလီနိုင်ငံရဲ့ စိတ်မကောင်းဖွယ်ရာ တဟုန်ထိုးသေဆုံးနေမှုကြောင့် ကမ္ဘာ ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့်သေဆုံးသူဦးရေ ၉၀၀၀ ရှိပြီဖြစ်ကာ ကူးစက်ခံရသူစုစုပေါင်း ၂၂၀,၀၀၀ ရှိပါပြီ။

တရုတ်ပြည်တွင်းမှာ ကူးစက်မှုလုံးဝမရှိတော့ပဲ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူတွေထံမှသာ ရောဂါထပ်မံတွေ့ရှိရတဲ့အတွက် တရုတ်နိုင်ငံတွင်းမှာ ရောဂါကိုထိန်းချုပ်လိုက်နိုင်ပီလို့ ယူဆနိုင်ပါတယ်။

Sponsored

အီတလီမှာတော့ စျေးဆိုင်တွေ၊စားသောက်ဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်ထားရပြီး အီတလီဝန်ကြီးချုပ်က ” ကျွန်တော်တို့ အရင်ကအီတလီပြန်ဖြစ်ဖို့ တော်တော်လေး အဖက်ဆယ်ယူရတော့မှာပါ” လို့ ဝမ်းနည်းစွာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရောဂါပိုးဟာ သက်ကြီးရွယ်အိုတွေအတွက် အတော်လေးစိုးရိမ်ရပြီး ထိုသူတွေဟာ အသက် ၁၈နှစ်ကနေ ၃၄နှစ်ကြား မိသားစုဝင်တွေနဲ့ အတူတကွနေထိုင်နေကြတာပါ။

@BBC

ရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့အတွက် ဥရောပဗဟိုဘဏ်က ယူရို ၇၅၀ဘီလီယံထုတ်သုံးသွားမှာဖြစ်တယ်လို့ ဘဏ်အကြီးအကဲ Christine Lagarde ကဆိုပါတယ်။ ပြင်သစ်မှာလည်း အိမ်ပြက်မထွက်ရအမိန့်ကို ပီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ကာ အပြင်ထွက်ဖို့အကြောင်းရှိလာပါက စာရွက်စာတမ်းအခိုင်အလုံ ပြသဖို့လိုအပ်ပါတယ်။

တချို့သူတွေက ပေါ်ပင်လုပ်ချင်လို့ အမိန့်ကိုလွန်ဆန်ပြီးအပြင်ထွက်နေကြတုန်းပါ။ ထိုသူတွေအတွက် တစ်ခါမိတိုင်း ဒဏ်ကြေး ၁၃၅ ယူရိုပေးဆောင်ရမှာဖြသ်သလို ဥရောပတခွင် ခရီးသွားလာခွင့်တွေကို နောက်ထပ် ၁၅ ရက်ထပ်တိုး ကန့်သတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

@BBC

စပိန်နိုင်ငံမှာတော့ တရက်တည်း ၂၀၉ ယောက်သေဆုံးပြီး ကူးစက်ခံရသူစုစုပေါင်း ၁၇,၁၄၇ ဦးရှိပြီလည်းဖြစ်ပါတယ်။ ဗြိတိန်နဲ့ ဂျာမနီကတော့ ကျောင်းတွေပိတ်ဖို့ အမိန့်ထုတ်ထားပေမဲ့ ခရီးသွားလာခွင့်တွေကို မတင်းကြပ်သေးပါဘူး။

ဒေသတွင်းအာရှနိုင်ငံတွေကိုလေ့လာကြည့်ပါက တောင်ကိုရီးယား၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေမှာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူအလွန်များပြားတဲ့အတွက် ဒုတိယမြောက် ရောဂါကူးစက်မှုလှိုင်းကို ထပ်မံခံရဖွယ်ရှိနေပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့လည်း ယနေ့အထိ ရောဂါပိုးကူးစက်ခံရသူမတွေ့သေးသော်ငြားလည်း ကြိုတင်ပြင်ဆင်မှုတွေနဲ့ ကာကွယ်ရေးတွေကို ပြည်သူတွေအနေနဲ့ကျန်းမာရေးအသိဖြင့် ပူးပေါင်းလုပ်ဆောင်သွားဖို့လိုပါတယ်။ ဒါမှသာ ရောဂါကူးစက်ခံခဲ့ရလျှင် ဥရောပနိုင်ငံတွေလို အသေအပျောက်မများပဲ ထိန်းချုပ်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ မြန်မာပြည် ငြိမ်းချမ်းပါစေ။

Writer- ZWP ( The Lifestyle Myanmar )
Source- BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *