Sponsored

အီတီလီတွင် COVID-19 ကြောင့် ကူးစက်နှုန်းနှင့် သေဆုံးနှုန်းကျဆင်းသွားပြီးနောက် ပြန်တက်လာကာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၇၄၃ ဦးရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၆၈၂၀ ဦးရှိလာကြောင်းသိရသည်။

ယင်းသည် တရုတ်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်းထက် ၂ဆမကများပြားသည်။ တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားကြောင်း စတင်သိရှိချိန်မှ ယမန်နေ့(မတ် ၂၄)အထိ သေဆုံးသူ စုစုပေါင်း ၃၂၇၇ ဦးသာရှိခဲ့သည်။

Getty Images

၂၄ နာရီအတွင်း အတည်ပြုလူနာအသစ် ၅၂၄၉ စစ်ဆေးတွေ့ရှိခဲ့သဖြင့် စုစုပေါင်း အတည်ပြုလူနာ ၆၉၁၇၆ ရှိလာခဲ့သည်။ တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားကြောင်း စတင်သိရှိချိန်မှ ယမန်နေ့(မတ် ၂၄)အထိ အတည်ပြုလူနာ စုစုပေါင်း ၈၁၁၇၁ ဦးရှိသည်။

Sponsored

တစ်နိုင်ငံလုံး lockdown ချပြီး ရက်သတ္တသုံးပတ်မြောက်ထဲသို့ဝင်ရောက်လာချိန်တွင် ၂ ရက်တာမျှ ကူးစက်မှုနှင့် သေဆုံးမှုလျော့ကျခဲ့ပြီးနောက် ယမန်နေ့က ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

Getty Images

လွန်ဘာဒီဒေသနှင့် မီလန်မြို့တဝိုက်တွင် အစိုးရကချမှတ်ထားသည့် အိမ်ပြင်မထွက်ရစည်းကမ်းချိုးဖောက်သူကို ယူရို ၅၀၀၀ ဒဏ်ရိုက်မည်ဟု အမိန့်ထုတ်ထားသည်။

Source: Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *