Sponsored

ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအများဆုံး ဖြစ်နေတဲ့ နိုင်ငံသုံးနိုင်ငံမှာ မတ် ၁၆ ရက်နေ့က တရက်တည်း သေဆုံးသူ စုစုပေါင်း ၁၂၀ ဦးအထိ ရှိသွားတာမို့ လူသေဆုံးမှု အများဆုံး စံချိန်တင်သွားပါတယ်။

အီတလီမှာ သေဆုံးသူ ၃၆၈ ဦး၊ စပိန်မှာ ၉၇ ဦးနဲ့ ပြင်သစ်မှာ ၂၉ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။

Getty Images

တနေ့တည်း သေဆုံးသူ စံချိန်သစ်ဖြစ်လာတဲ့ နောက်တနိုင်ငံကတော့ ယူကေ ဖြစ်ပြီး၊ ၁၄ ဦး သေဆုံးကာ စုစုပေါင်း သေဆုံးသူ ၃၅ ဦးအထိ ရှိသွားပါပြီ။ ဥရောပမှာ နိုင်ငံတော်တော်များများဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် နိုင်ငံသားတွေရဲ့ သွားလာ လှုပ်ရှားမှုတွေကို ကန့်သတ်တာနဲ့ နယ်စပ်တွေကို ထိန်းချုပ်တာ၊ ပိတ်ထားတာတွေ လုပ်နေရပါတယ်။

Sponsored

ဂျာမနီဟာ ဒီမနက် မတ် ၁၆ ရက်နေ့ အစောပိုင်းမှာ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဩစတြီးယား၊ ဒိန်းမတ်နဲ့ လူဇင်ဘတ်တို့နဲ့ ထိစပ်နေတဲ့ သူ့နယ်စပ်တွေကို ထိန်းချုပ်ပိတ်ပင်မှုတွေ လုပ်နေသလို၊ ပေါ်တူဂီကလည်း စပိန်နဲ့ သူ့နယ်စပ်ကို ပိတ်လိုက်ပါပြီ။

ဩစတြီးယားမှာလည်း လူ ၅ ဦးထက် ပိုစုဝေးမှုကို ပိတ်ပင်ထားသလို၊ အိုင်ယာလန်မှာလည်း အရက်၊ ဘီယာဆိုင်တွေကို မတ် ၂၉ ရက်နေ့အထိ ပိတ်ထားဖို့ ညွှန်ကြားထားကြောင်း ဘီဘီစီသတင်းက ဖော်ပြပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *