Sponsored

အီတလီနိုင်ငံဟာ Coronavirus ကူးစက်ခံရမှု တဟုန်ထိုးမြင့်မားလာမှုကြောင့် နိုင်ငံတဝှမ်းကို အရေးပေါ်အခြေအနေကြေငြာခဲ့ကာ ခရီးသွားလာခြင်း၊ လူစုလူဝေးအခြေအနေကို ပိတ်ပင်လိုက်ပြီလို့ တရားဝင်ကြေငြာလိုက်ပါပြီ။ တနင်္လာနေ့မှာ ဝန်ကြီးချုပ် Giuseppe Conte က ပြည်သူတွေအိပ်ထဲမှာပဲနေဖို့ နဲ့ ခွင့်ပြုချက်ရှိမှသာ အပြင်ထွက်ဖို့ တိုက်တွန်းလိုက်တာပါ။

ဒါ့အပြင် “ကျွန်တော်တို့အချိန်ဆွဲနေလို့မရတော့ဘူး အတိမ်းအစောင်းမခံတဲ့အခြေအနေကိုရောက်နေပြီ” လို့သူကသတင်းတစ်ခုမှတဆင့်ကြေငြာခဲ့တာပါ။တနင်္လာနေ့တစ်နေ့ထဲတင် သေဆုံးသူဦးရေဟာ ၃၆၆ ဦးမှ ၄၆၃ ဦးအထိထိုးတက်သွားပြီး တရုတ်နိုင်ငံအပြီး အသေအပျောက်အများဆုံးနိုင်ငံဖြစ်လာပါပြီ။

Sponsored

တနင်္ဂနွေနေ့နဲ့ယှဉ်ပါက ကူးစက်သူဦးရေမှာ ၂၄ရာခိုင်နှုန်းပိုမိုများပြားလာပါပြီ။ဒ့ါအပြင် အီတလီနိုင်ငံတဝှမ်း နေရာဒေသ ၂၀ လောက်ကို ရောဂါက ပျံ့နှ့လို့နေပါပြီ။ ဒါ့ကြောင့် ဝန်ကြီးချုပ်က ” အကောင်းဆုံးက အိမ်ထဲမှာပဲနေတာပါ။ ကျွန်တော်တို့ အရမ်းမြင့်တဲ့ သေဆုံးမှုနဲ့ ကူးစက်ခံရမှုကို ကြုံတွေ့နေရပါတယ်။ အီတလီနိုင်ငံတစ်နိုင်ငံလုံးကို သူ့နေရာနဲ့သူ ကန့်သတ်ကာကွယ်သွားမှာပါ။ အီတလီအတွက် အရမ်းအရေးကြီတဲ့အချိန်ဖြစ်တဲ့အတွက် အမြင့်ဆုံး အကန့်အသတ်ဖြစ်တဲ့ တစ်နိုင်ငံလုံး ခရီးသွားခွင့်ကို ပိတ်လိုက်တာပါ။

@Getty image
@Getty image

ကန့်သတ်ချက်တွေကတော့ အိမ်ထဲမှာနေဖို့၊ လူစုလူဝေးမလုပ်ဖို့၊ ညဖက်အပြင်မထွက်ကြဖို့နဲ့ ရောဂါရဲ့ထိလွယ်ရှလွယ်တဲ့အခြေအနေကို အမြန်ဆုံးထိန်းချုပ်သွားမှာတွေဖြစ်ပါတယ်။ ဘောလုံးပွဲတွေရွှေ့ဆိုင်းမယ်။ ကျောင်းတွေကို နောက်လ April ၃ ရက်နေ့အထိပိတ်ထားမှာလည်းဖြစ်ပါတယ။် မဖြစ်မနေ အရေးပေါ်အခြေအနေနဲ့သူတွေကိုသာ အပြင်ပေးထွက်မှာဖြစ်ကာ ရထားဘူတာတိုင်းမှာ အပူချိန်တိုင်းတာမှုတွေတင်းတင်းကြပ်ကြပ်လုပ်ဆောင်သွားပါမယ်။ အပျော်စီးသင်္ဘောတွေရပ်နားခြင်းကို လည်းပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတဝှမ်းက ထောင်တွေမှာ ဆူပူအုံကြွမှုတွေဖြစ်လို့နေပါတယ်။ ပြသနာအစကတော့ အီတလီမြောက်ပိုင်း Modena မြို့ က Sant’ Anna Prison မှာပါ။ အကြောင်းကတော့ ထောင်သားနှစ်ဦး ထောင်ဆေးရုံမှာ ဆေးလွန်ပြီးသေဆုံးခဲ့လို့ပါ။ မီလန်က San Vittore ထောင်မှာဆိုလည်း ထောင်သား တစ်ယောက်က အခန်းနံရံကို မီးရှို့ခဲ့ကာ အမိုးပေါ်တက်ပြီး အော်ဟစ်ခဲ့ပါတယ်။ တောင်ပိုင်းကထောင်တစ်ခုမှာလည်း ထောင်သားတွေ အုံကြွမှုအတွင်းလွတ်မြောက်ကုန်လို့ ပြန်လည်ထိန်းသိမ်းခဲ့ရပါတယ်။ သို့ပေမဲ့ ကိုးယောက်ပျောက်ဆုံးနေဆဲပါ။

နောက်ဆုံးသတင်းအနေနဲ့ကတော့ ကမ္ဘာ့တဝှမ်းကူးစက်ခံရသူ ၁၁၁,၀၀၀ ဦးရှိပြီဖြစ်ကာ သေဆုံးသူ ၃,၈၉၀ ဦးအထိမြင့်တက်လာပါပြီ။

@Getty image

-Israel မှာ ဘယ်နိုင်ငံပဲလာလာ ၁၄ ရက် ဦးစွာ ခွဲခြားစောင့်ကြည့်ခံရမှာဖြစ်ပါတယ်။
-လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အီရန်မှာ ၄၃ ဦးထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း ၂၃၇ ဦးသေဆုံးကာ ၇၁၆၁ ဦးကူးစက်ခံနေရပါပြီ။
– WHOက တကယ်ကပ်ဆိုက်တဲ့အခြေအနေကို ရောက်နေပြီလို့ ကြေငြာပါတယ်။
– ကနေဒါမှ ရောဂါကြောင့် တစ်ဦးစတင်သေဆုံးပါပြီ၊ သေဆုံးသူမှာ Vancouver မြို့မှဖြစ်ပါတယ်။
– ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး မှာ ရောဂါကူးစက်ခံရပြီး သူဟာ လွန်ခဲ့တဲ့ရက်တွေက ပါလီမန်ထဲမှာရှိနေခဲ့ပါတယ်။
– အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၅၀၀ ကျော်ပြီဖြစ်ပါတယ်။

Writer- ZWP(thelifestylemyanmar)
Source – BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *