Sponsored

အီတလီ ကာကွယ်ရေး ဦးစီးချုပ် ဆာဗက်တို ဖာရီနာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသဖြင့် နေအိမ်တွင် သီးခြားထားရှိကာ ကုသမှု ပြုနေရပြီး ၎င်း၏ တာ၀န်များကို ဗိုလ်ချုပ်ကြီး တစ်ဦးက လွှဲပြောင်း လုပ်ဆောင် နေရသည်။

၎င်းသည် နေထိုင်မကောင်း ဖြစ်ခြင်းကြောင့် သီးခြားနေထိုင်ခဲ့ ပြီးနောက် ဗိုင်းရပ်စ် ကူးစက် ခံထားရသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဖာရီနာက ကြေညာခဲ့ပြီး တာ၀န်များကို ဗိုလ်ချုပ်ကြီး ဖီဒီရီ ကိုဘိုနာတို ထံ လွှဲပြောင်း ပေးထားသည်ဟု ပြောသည်။

Italy Army
Italy Army

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့ပွားမှုနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများသည် အလျင်အမြန် တိုးပွားလာနေပြီး ရောဂါနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုများကြောင့် နိုင်ငံအတွင်းရှိ လူဦးရေ ၁၆ သန်းကို သီးခြားထား စောင့်ကြည့်လျက် ရှိသည်။

Sponsored

စာသင်ကျောင်းများ၊ အားကစား ခန်းမများ၊ ပြတိုက်များ၊ ညကလပ်များနှင့် နိုင်ငံတစ်ဝန်း အခြားသော လူစုလူဝေးဖြစ်မည့် ပွဲအခမ်းအနားများ ကိုလည်း ပိတ်ထားကြောင်း ဝန်ကြီးချုပ် ဂူဆက် ပီကွန်တီက ကြေညာသည်။

လွမ်ဘာဒီနှင့် ပြည်နယ် ၁၄ ခုတွင် လူပေါင်း ၁၆ သန်းမှာ သီးခြား ခွဲထားရေး စည်းမျဉ်းသစ် များအရ ခရီးသွားရန် အထူးခွင့်ပြုချက် လိုအပ်သည် ဟုလည်း ဆိုသည်။

ဖော်ပြပါ တားမြစ် ကန့်သတ်ချက်များသည် ဧပြီလ ၃ ရက် နေ့အထိ ကြာမြင့်မည် ဟုလည်း သတင်း ထုတ်ပြန်သည်။

@Getty image

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေသည် တစ်နေ့တည်းတွင် ၁၃၃ ဦးမှ ၃၆၆ ဦးအထိ တစ်ဟုန်ထိုး မြင့်တက်သွားကြောင်း တာဝန်ရှိသူများက ပြောသည်။

ကမ္ဘာတစ်၀န်းတွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၀၀ ရှိပြီး၊ ကူးစက် ခံထားရသူမှာ ၁၀၇၀၀၀ ထိ ရှိနေသည်။

Source from Router)

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *