Sponsored

အီရတ်မှာရှိတဲ့ အမေရိကန် အခြေစိုက် စခန်းနှစ်ခု ဇန်နဝါရီ ၈ ရက် ဗုဒ္ဓဟူး မနက်အစောပိုင်းမှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရပြီးနောက် အီရန်က လျှော့သွားပုံရတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုမှာ အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ အသေအပျောက်မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။ ဒါ့အပြင် စခန်းတွေလည်း အပျက်အစီး အနည်းဆုံး အခြေအနေမှာပဲ ရှိတယ်လို့ ပြောပါတယ်။ အီရတ်တွေလည်း အသေအပျောက်မရှိဘူးလို့ သူက ပြောပါတယ်။

အဲဘယ် နဲ့ အာအဆက် လေတပ်စခန်း ၂ခုလုံးမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ပင်တဂွန်က ထုတ်ပြန်

ကျနော်တို့အနေနဲ့ အီရန်ပြည်သူတွေ၊ အီရန်ခေါင်းဆောင်တွေကိုထိုက်တန်တဲ့ အနာဂတ်ကောင်းရှိစေချင်ပါတယ်။ ကြွယ်ဝချမ်းသာပြီး ကမ္ဘာ့နိုင်ငံအားလုံးနဲ့ လိုက်လျှောညီထွေ ဖြစ်စေချင်ပါတယ်။ ဒီလို ငြိမ်းချမ်းရေးလိုလားတယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ” ဟု အမေရိကန်သမ္မတ ထရမ့်က ပြောဆိုသည်။

Sponsored

အီရန်က အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်မှုအတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် စီးပွားရေးပိတ်ဆို့မှုအသစ်ထပ်မံချမှတ်လိုက်ပြီး ယင်းပြင်းထန်သော ပိတ်ဆို့မှုများသည် အီရန်အနေဖြင့် ပြောင်းလဲမှု တစ်စုံတစ်ရာ မလုပ်ဆောင်သမျှ ကာလပတ်လုံး ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သမ္မတထရမ့်က ပြောဆိုသည်။

အဲဒီလိုတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်၊ အသက်ဆုံးရှုံးမှုရှိမရှိကတော့ မသေချာသေးပါဘူး။

ယနေ့ နံနက်ပိုင်းအီရန်၏ အမေရိကန် စစ်စခန်းများကို တိုက်ခိုက်မှုတွင် အမေရိကန်တစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း၊ အနည်းငယ်သော ပျက်စီးမှု တချို့ရှိခဲ့ကြောင်း ၊ အီရန်နိုင်ငံအနေဖြင့်လည်း လျှော့သွားသည့်အခြေအနေရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာပေါ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်သော နံပါတ်တစ်နိုင်ငံဖြစ်ပြီး စွမ်းအင်လုံလုံလောက်လောက် ရှိကြောင်း၊ အရှေ့အလယ်ပိုင်း ရေနံကို မလိုအပ်ကြောင်း၊ အမေရိကန်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး စစ်ရေးပိုင်ဆိုင်ထားသော်လည်း စစ်မဖြစ်ပွားစေရန် ဟန့်တားရာတွင် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သမ္မတထရမ့်က ပြောဆိုသည်။

အီရန်ဗိုလ်ချုပ်ကြီး Soleimani ကို အမေရိကန်က လုပ်ကြံသတ်ဖြတ်မှုနှင့်ပတ်သက်၍လည်း သမ္မတထရမ့်က ကာကွယ်ပြောဆိုသွားသည်။

နိုင်ငံတကာသတင်းဌာနများက သမ္မတထရမ့်၏ ၁၀ မိနစ်ကြာ နိုင်ငံတော်သို့ ပြောကြားသော မိန့်ခွန်းသည် အပြုသဘောဆောင်ပြီး အီရန်နှင့် အမေရိကန်အကြား စစ်ပွဲဖြစ်ပွားလာမည့် အလားအလာကို လျော့ကျ စေကြောင်း ၊ အမေရိကန်အနေဖြင့် အီရန်၏ တိုက်ခိုက်မှုအတွက် စစ်ရေးအရ တုံ့ပြန်ရန် မရှိဟု သုံးသပ်နေကြသည်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *