Sponsored

အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းမှ ယနေ့နံနက်ပိုင်းက ဖတ်ကြားထုတ်လွှင့်သွားသော သတင်းထုတ်ပြန်ချက်တစ်ခုတွင် ယူကရိန်းလေကြောင်းလိုင်းမှ လေယာဉ်ကို အီရန်တို့က ရည်ရွယ်ချက်မရှိပဲ ပစ်ချခဲ့မိခြင်းဖြစ်သည်ဟု ကြေညာခဲ့ကြောင်း ကနဦးသတင်းအဖြစ် သိရသည်။

လူ့အမှား(human error)ကြောင့် ရည်ရွယ်ချက်မရှိပဲ ထိုသိုပစ်ချမိခြင်းဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

Getty Images

အီရန်အစိုးရကလည်း သေဆုံးသူတို့၏ ကျန်ရစ်သော မိသားစုုများကို အနူးအညွတ်တောင်းပန်ထားသည်။

Sponsored

ယူကရိန်း နိုင်ငံတကာလေကြောင်းလိုင်းမှ ဘိုးအင်း 737 အမျိုးအစား ခရီးစဉ်အမှတ် PS752 လေယာဉ်သည် ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက တီဟီရန်မြို့ရှိ အီမန်ခိုမေနီ လေဆိပ်မှ ပျံတက်ပြီးမကြာမီမှာပင်ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် ပါဝင်သူ ၁၇၆ ဦးစလုံးသေဆုံးခဲ့ကြသည်။

Getty Images

အီရန်ဟာ အစောပိုင်းတုံးကတော့ လေယာဉ်ပျက်ကျရာမြို့တော်အနီးမှာ သူ့ရဲ့မစ်ဆိုင်းဒုံးတစ်ခု ဖြုတ်ချခဲ့တာရှိပေမယ့် ယူကရိန်းလေယာဉ်ပျက်ကျမှုဟာ သူတို့နဲ့မသက်ဆိုင်ဘူးလို့ ငြင်းဆိုနေခဲ့တာဖြစ်ပါတယ်။

ယင်းလေယာဉ်ဖြင့် လိုက်ပါစီးနင်းခဲ့ကြသော ခရီးသည် ၁၆၇ ဦးတွင် အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦးနှင့် ယူကရိန်းနိုင်ငံသား ၁၁ ဦးတို့ပါဝင်သည်။

Source: Reuters/nc, Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *