Sponsored

ဘုရားပန်းကို အညှိူးမခံပါနဲ့။ သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့ …။ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင် ရွတ်နေစရာမလိုပါဘူး …။ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်။

သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင် အိမ်တွင်းရေး အေးချမ်းပါတယ် …။အိမ်မှာအမြဲနေရတဲ့သူတွေဆိုရင်မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီးကပ်နိုင်ရင် ပိုကောင်းပါတယ် …။အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူး ဆိုရင်တောင်မှမနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါတစ်နေ့ သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ် …။

“မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်” လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ် …။

ငါအလုပ်များတယ် အိမ်မှာလည်းနေရတာ နည်းတယ်ဆိုပြီး သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့ …။ဘယ်နေရာမှာမဆိုမိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင်ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး “မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်” လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ် …။ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး …။

Sponsored

ဒါဟာ ငွေမကုန်ပဲ အလိုလိုရနေတဲ့ ကုသိုလ်ပါပဲ …။သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ပါဘူး …။ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါတယ် …။(နေ့၁၂နာရီမကျော်သေးရင်)မစားခင် သရဏဂုံ သုံးကြိမ် ရွတ်ပါတယ် …။သရဏဂုံရွတ်နေတဲ့အချိန်ကိုမြတ်စွာဘုရား ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားလိုက်ပါတယ် …။ရွတ်ပြီးသွားပြီဆိုတော့မှ “အရှင်ဘုရား ဘုဉ်းပေးပြီးပြီဖြစ်လို့ တပည့်တော်ကို ဆေးအဖြစ်စွန့်တော်မူပါဘုရား” လို့စွန့်ပြီး စားပါတယ် …။ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာပါတယ်..။

တစ်ချို့လူတွေက ဆွမ်းတော်စွန့်တာစားရင် ဘုန်းနိမ့်တယ် …။

တစ်ချို့လူတွေက ဆွမ်းတော်စွန့်တာစားရင် ဘုန်းနိမ့်တယ် …။ဉာဏ်ထိုင်းတယ်ဆိုပြီး မစားကြပါဘူး …။တစ်ကယ်တော့ ဒီစကားဟာ သထုံဘုရင် မနုဟာမင်းကို အကြောင်းပြုပြီး ပေါ်လာတဲ့ စကားသာ ဖြစ်ပါတယ် …။မနုဟာမင်းဟာ စကားပြောရင် အာခံတွင်းက အရောင်ဝင်းဝင်း တောက်တဲ့အထိ ဘုန်းတန်ခိုးကြီးမားတဲ့ ဘုရင်တစ်ပါး ဖြစ်ပါတယ် …။သူဟာ လောကီအစီအရင်များနဲ့ စီမံထားတဲ့ ဆွမ်းတော်ကျကို စားမိသည့်အတွက် အာခံတွင်းမှအရောင်များ ပျောက်ကွယ်သွားပါတယ် …။ဒီလိုဖြစ်ရတာဟာ ဆွမ်းတော်ကျစားခြင်းကြောင့် မဟုတ်ပါ …။

လောကီအစီအမံကြောင့် သော်လည်း ကောင်းထည့်ကျွေးသည့်မနောလင်ပန်း မသန့်ရှင်းသောကြောင့်လည်းကောင်း ပျောက်ကွယ်ခဲ့ရခြင်းသာ ဖြစ်ပါတယ် …။နောက်တစ်ခုက မသိနားမလည်ကြတဲ့ ကလေးတွေ ဘုရားရှင်အတွက်ကပ်လှူထားတာတွေကို ယူစားမှာ စိုးတဲ့အတွက်ကြောင့်လူကြီးမိဘတွေက မစားဝံ့အောင် ခြောက်လှန် တားမြစ်ထားခြင်းကြောင့် ဆွမ်းစွန့်ပြီးလည်းမစားဝံ့ မစားရဲဖြစ်သွားကြတာပါ …။ရှေးကဆရာတော်ကြီးများဆိုရင် ဆွမ်းခံကြွပြန်လာပြီးရင်သပိတ်အတိုင်းဘုရားရှင်ကို ဆပ်ကပ်ပြီးမှသပိတ်ကိုစွန့်ပြီး ဘုဉ်းပေးလေ့ရှိပါတယ်တဲ့ …ဆွမ်းတော်စွန့်တာစားရင် ဉာဏ်ထိုင်းတယ်ဘုန်းနိမ့်တယ်လို့ကျမ်းဂန်များထဲမှာ မိန့်တော်မမူခဲ့ပါဘူး..လို့ ဆရာတော်များ၏တရားများ စာအုပ်များမှာနာဖူး ဖတ်ဖူးပါတယ် …။

ဒီလောက်ဆို အတုမရှိမြတ်ဗုဒ္ဓကို အာရုံပြုကပ်လှူပြီးမှစွန့်ပြီးစားတာဟာကောင်းမကောင်း သင့်မသင့် ဆိုတာကိုမိမိတို့၏ဦးနှောက် အသိဉာဏ်က ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ် …။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *