Sponsored

သန်းနဲ့ချီတဲ့ အိန္ဒိယပြည်သူတွေဟာ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေမှုကြောင့် မတ် ၂၁ ရက်က မြို့ကြီးတွေကနေ ကျေးလက်နေအိမ်တွေဆီကို ပြန်နေကြပါတယ်။

မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ လူတွေချင်း ခပ်ခွာခွာနေကြဖို့ နိုင်ငံ့အာဏာပိုင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကြံပြုထားပေမယ့် ဘူတာရုံတွေမှာ လူတွေ ကြပ်ညပ်နေတာကိုလည်း မြင်ရပါတယ်။

@Getty image   

လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ပျံ့နေတဲ့ ဝါဒဖြန့်သတင်းမှားတွေ ကောလာဟလတွေရဲ့ အန္တရာယ်ကို တိုက်ဖျက်ဖို့ အိန္ဒိယအစိုးရက ကြိုးစားနေပါတယ်။

Sponsored

ဝါဒဖြန့်သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေကြောင့် လူတွေဟာ ဇာတိမြေကို အလုအယက် ပြန်ကြတာနဲ့ အခြေခံ မရှိမဖြစ်ပစ္စည်းတွေကို သိုလှောင်တာတွေကြောင့် ဈေးကွက်မတည်မငြိမ်ဖြစ်ပြီး ကုန်စည်ပြတ်လပ်မှုတွေ ကြုံနေရပါတယ်။

@Getty image

ဒီအရေးတွေကို လျစ်လျူရှုထားရင် လူ့အဖွဲ့အစည်းအတွင်း ကူးစက်မှုကြောင့် အိန္ဒိယ ဆေးဘက်အခြေခံအဆောက်အဦတွေက ကျယ်ကျယ်ပြန့်ပြန့် စောင့်ရှောက်ဖြေရှင်းဖို့ မနိုင်မှာ စိုးရိမ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဝန်ကြီးချုပ် နရင်ဒြာမိုဒီကတော့ ပြည်သူတွေ စေတနာ့ဝန်ထမ်း နေဝင်မီးငြိမ်း နေပေးကြဖို့ မနက် ၇ နာရီကနေ ည ၉ နာရီကြားမှာ အရေးပေါ်ကိစ္စမရှိဘဲ အိမ်ပြင် မထွက်ကြဖို့ မတ်လ ၂၂ ရက်မှာ နိုင်ငံကို ပြောတဲ့ မိန့်ခွန်းအတွင်း အကြံပြုခဲ့ပါတယ်။

@Getty image

မတ်လ ၂၂ ရက် မွန်းလွဲပိုင်းအထိ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၃၃၂ ယောက်ရှိပြီး ၅ ယောက် သေဆုံးခဲ့ပြီးပါပြီ။

ဒီအချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၈ နိုင်ငံက လူအယောက် ၃၀၈၅၉၄ ဦး ကူးစက်ခံထားရပြီး ၁၃၀၆၉ ဦး သေဆုံးခဲ့ပြီးပါပြီ။

နိုင်ငံ လူဦးရေနဲ့ ကူးစက်ခံ လူဦးရေ အချိုးအစားအရ ကူးစက်ခံရာခိုင်နှုန်း အမြင့်ဆုံး ၅ နိုင်ငံကတော့ ဆန်မာရီနို၊ အိုက်စလန်၊ လူဇင်ဘတ်၊ အီတလီနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ ဖြစ်ပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *