Sponsored

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာရှိ နေအိမ် ၂၉ လုံးကနေ လက်နက်၊ ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ရှာဖွေဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁၁ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လွယ်ခမ်ကျေးရွာရှိ အိမ်ခြေ ၃၃၃ လုံးအနက် နေအိမ် ၂၆၆ လုံးကို ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ် ၂၉ လုံးမှာ လက်နက်၊ ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။

Sponsored

ကွတ်ခိုင်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၁၂ ရက်အထိ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၃၁၃၀၃၀၀၀ ပြား၊ ဘိန်းဖြူ ၂၅၈ ဒသမ ၇ ကီလို ၊ ICE ၄၄၀ ဒသမ ၅ ကီလို စတာတွေအပါအဝင် ခန့်မှန်း ငွေကျပ် ၂၈၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၁၉၃ မျိုး ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံကျော်ဖိုး စုစုပေါင်းငွေကျပ် ၂၈၈ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိထားတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဓာတ်ပုံ- CINCDS

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *