အမ်ိဳးသားေတြ ထိပ္ေျပာင္ျခင္းကို ကာကြယ္ေပးမယ့္ အစားအစာ ၅ မ်ိဳး

ထိပ္ေျပာင္ျခင္းဟာ အမ်ိဳးသားေတြ အသက္အ႐ြယ္ ရလာတာနဲ႕ ႀကဳံေတြ႕ရေလ့ရွိတဲ့ ျပႆနာ တခုပါ

ထိပ္ေျပာင္ျခင္းဟာ အမ်ိဳးသားေတြ အသက္အ႐ြယ္ ရလာတာနဲ႕အမွ် ႀကဳံေတြ႕ရေလ့ရွိတဲ့ ျပႆနာတခု ျဖစ္ၿပီး မ်ိဳးရိုးလိုက္ျခင္းေၾကာင့္ ထိပ္ေျပာင္တာ မဟုတ္ရင္ေတာ့ အခုေဖာ္ျပေပးမယ့္ အစားအစာေတြကို စားသုံးေပးျခင္း အားျဖင့္ ကာကြယ္နိုင္မွာ ျဖစ္ပါတယ္။

(၁) ဟင္းႏုႏြယ္

ဟင္းႏုႏြယ္ဟာ သံဓာတ္ ျပည့္ဝတဲ့ အစားအစာတမ်ိဳးျဖစ္ၿပီး မဂၢနီဆီယမ္ဓာတ္ ႂကြယ္ဝတဲ့ အစားအစာတမ်ိဳးလည္း ျဖစ္တာေၾကာင့္ ဦးေရျပားက်န္းမာေရး ျပႆနာေတြကို ေလ်ာ့နည္းေစၿပီး ထိပ္ေျပာင္ျခင္းကို ကာကြယ္ေပးနိုင္ပါတယ္။ စားသုံးတဲ့ အစားအစာေတြထဲမွာ အမွ်င္ဓာတ္ပါဝင္မႈ နည္းပါးျခင္းဟာလည္း ဦးေရျပား က်န္းမာေရး ျပႆနာေတြကို ျဖစ္ေပၚေစနိုင္ၿပီး ဟင္းႏုႏြယ္မွာေတာ့ အမွ်င္ဓာတ္ ၆၈ ရာခိုင္ႏႈန္းခန႔္ ပါဝင္ပါတယ္။

(၂) နာနတ္သီး

နာနတ္သီးဟာ Antioxidant နဲ႕ ဗီတာမင္စီ ႂကြယ္ဝတာေၾကာင့္ ဦးေရျပား အားနည္းျခင္း၊ ဆံပင္ကြၽတ္ျခင္းနဲ႕ ဆံသား အရင္းအားနည္းျခင္းေၾကာင့္ ဆံပင္မေပါက္ျခင္းတို႔ကို ကာကြယ္ေပးနိုင္ပါတယ္။

(၃) ပန္းသီး

ပန္းသီးမွာ ဆံေကသာနဲ႕ ဦးေရျပား က်န္းမာေရး ျပႆနာေတြကို ကာကြယ္ေပးနိုင္တဲ့ ဗီတာမင္ေအ၊ ဗီတာမင္စီနဲ႕ Procyanidin B2 ဓာတ္ ပါဝင္တာေၾကာင့္ ဆံသားျပန္မေပါက္ျခင္းနဲ႕ ထိပ္ေျပာင္ျခင္းတို႔ကို ကာကြယ္ေပးနိုင္ပါတယ္။

(၄) အေစ့အဆန္မ်ား

အေစ့အဆန္ေတြဟာ ပရိုတင္းဓာတ္ ႂကြယ္ဝတဲ့ အစားအစေတြ ျဖစ္တာေၾကာင့္ ဆံသားက်န္းမာေရးနဲ႕ ဦးေရျပား ျပႆနာေတြအတြက္ သင္မထင္မွတ္ထားေလာက္ေအာင္ ေကာင္းက်ိဳးေတြ ေပးနိုင္တဲ့ အစားအစာတမ်ိဳးျဖစ္ပါတယ္။

(၅) ကန္စြန္းဥ

ဆံသားအရွည္ ျမန္ဖို႔နဲ႕ ဆံပင္ျပန္ေပါက္ဖို႔အတြက္ အလိုအပ္ဆုံး ဓာတ္တမ်ိဳး ျဖစ္တဲ့ ဗီတာမင္ေအ ဓာတ္ဟာ ကန္စြန္းဥမွာ ပါဝင္တာေၾကာင့္ ထိပ္ေျပာင္ျခင္းကို ကာကြယ္ဖို႔ စားေပးသင့္တဲ့ အစားအစာတမ်ိဳး ျဖစ္ပါတယ္။

Ref. www.cheatsheet.com
Source: The Irrawaddy


#Unicode Version

ထိပ်ပြောင်ခြင်းဟာ အမျိုးသားတွေ အသက်အရွယ် ရလာတာနဲ့အမျှ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတခု ဖြစ်ပြီး မျိုးရိုးလိုက်ခြင်းကြောင့် ထိပ်ပြောင်တာ မဟုတ်ရင်တော့ အခုဖော်ပြပေးမယ့် အစားအစာတွေကို စားသုံးပေးခြင်း အားဖြင့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၁) ဟင်းနုနွယ်

ဟင်းနုနွယ်ဟာ သံဓာတ် ပြည့်ဝတဲ့ အစားအစာတမျိုးဖြစ်ပြီး မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတမျိုးလည်း ဖြစ်တာကြောင့် ဦးရေပြားကျန်းမာရေး ပြဿနာတွေကို လျော့နည်းစေပြီး ထိပ်ပြောင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ စားသုံးတဲ့ အစားအစာတွေထဲမှာ အမျှင်ဓာတ်ပါဝင်မှု နည်းပါးခြင်းဟာလည်း ဦးရေပြား ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပြီး ဟင်းနုနွယ်မှာတော့ အမျှင်ဓာတ် ၆၈ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

(၂) နာနတ်သီး

နာနတ်သီးဟာ Antioxidant နဲ့ ဗီတာမင်စီ ကြွယ်ဝတာကြောင့် ဦးရေပြား အားနည်းခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ ဆံသား အရင်းအားနည်းခြင်းကြောင့် ဆံပင်မပေါက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) ပန်းသီး

ပန်းသီးမှာ ဆံကေသာနဲ့ ဦးရေပြား ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ Procyanidin B2 ဓာတ် ပါဝင်တာကြောင့် ဆံသားပြန်မပေါက်ခြင်းနဲ့ ထိပ်ပြောင်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) အစေ့အဆန်များ

အစေ့အဆန်တွေဟာ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစတွေ ဖြစ်တာကြောင့် ဆံသားကျန်းမာရေးနဲ့ ဦးရေပြား ပြဿနာတွေအတွက် သင်မထင်မှတ်ထားလောက်အောင် ကောင်းကျိုးတွေ ပေးနိုင်တဲ့ အစားအစာတမျိုးဖြစ်ပါတယ်။

(၅) ကန်စွန်းဥ

ဆံသားအရှည် မြန်ဖို့နဲ့ ဆံပင်ပြန်ပေါက်ဖို့အတွက် အလိုအပ်ဆုံး ဓာတ်တမျိုး ဖြစ်တဲ့ ဗီတာမင်အေ ဓာတ်ဟာ ကန်စွန်းဥမှာ ပါဝင်တာကြောင့် ထိပ်ပြောင်ခြင်းကို ကာကွယ်ဖို့ စားပေးသင့်တဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။

Ref. www.cheatsheet.com
Source: The Irrawaddy