အပူဒဏ္၊ ခရမ္းလြန္ေရာင္ျခည္ကို ဘယ္လိုကာကြယ္မလဲ

ခရမ္းလြန္ေရာင္ျခည္ကာကြယ္ေရး

၂၀၁၉ ခုႏွစ္ ေႏြရာသီက ပူျပင္းလြန္းတယ္။ အပူဒဏ္ခံရတဲ့အျပင္ ခရမ္းလြန္ေရာင္ျခည္ အမွတ္(၁၂)ထိ ရွိလာတယ္။ ျမန္မာႏုိင္ငံတ၀န္း အပူခ်ိန္စံခ်ိန္တင္ ျမင့္မားလာတယ္။ ေန႔အပူခ်ိန္ ၄၂ ဒီဂရီစင္တီဂရိတ္ (သုိ႔) ၁၀၇.၆ ဒီဂရီဖာရင္ဟုိက္၊ ခရမ္းလြန္ေရာင္ျခည္ညႊန္းကိန္း ၁၂ မွာ က်န္းမာေရးနဲ႔အညီ ေနထုိင္မွသာ အပူရွပ္ျခင္း (Heatstroke) နဲ႔ ခရမ္းလြန္ေရာင္ျခည္သင့္ျခင္းမွ ကာကြယ္ႏုိင္မည္။

ကမာၻေျမျပင္ေပၚ ခရမ္းလြန္ေရာင္ျခည္တုိက္႐ုိက္က်ေရာက္တယ္။ ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အေရျပားညိဳမည္းစြဲျခင္း၊ အေရျပားအင္ျပင္ထျခင္း၊ အေရျပားကင္ဆာျဖစ္ျခင္း၊ သက္ႀကီးေရတိမ္စြဲျခင္းတို႔ ျဖစ္ေစတယ္။ ခရမ္းလြန္ေရာင္ျခည္ဒဏ္မွ ကင္းေ၀းဖုိ႔ ေနလယ္ ၁၁ နာရီမွ ညေန ၄ နာရီထိ ေနပူထဲထြက္ျခင္း ေရွာင္ရမယ္။ မလႊဲသာလုိ႔ထြက္ဖို႔လုိရင္လည္း မ်က္စိကုိ ခရမ္းလြန္ေရာင္ျခည္ ၉၉ ရာခုိင္ႏႈန္း ကာကြယ္ေပးႏုိင္ တဲ့ ေနကာမ်က္မွန္တပ္ရမယ္။ ေနေရာင္ခံခရင္ (Sunscreen) လိမ္းထားသင့္တယ္။ ၂ နာရီၾကာၿပီးတုိင္း ၁ ႀကိမ္ လိမ္းေပးရမယ္။ သုိ႔မဟုတ္ သနပ္ခါးလိမ္းေပးႏုိင္တယ္။ အပူဒဏ္ကုိလည္း ကာကြယ္ႏုိင္ပါတယ္။

ဓါတ္ပံု- ေရႊဖီး

အပူဒဏ္ကာကြယ္ႏုိင္ဖုိ႔ ခ်ည္ထည္အေရာင္ေဖ်ာ့ေဖ်ာ့၊ ပြပြ ၀တ္ဆင္သင့္တယ္။ က်ပ္က်ပ္တည္းတည္း မ၀တ္ဆင္သင့္ပါဘူး။ ဦးထုပ္၊ ထီး၊ အေဆာင္းအကာပါမွ သြားသင့္တယ္။ အေၾကာင္းတစံုတရာမရွိဘဲ အျပင္ထြက္ျခင္း ေရွာင္ၾကဥ္သင့္ပါတယ္။ မလႊဲသာလို႔ထြက္ရရင္လည္း လံုၿခံဳတဲ့အေဆာင္းအကာနဲ႔သြားရမယ္။

ေႏြကာလ အရက္၊ ဘီယာေသာက္ျခင္း ေရွာင္ရမယ္။ အရက္၊ ဘီယာဟာ ခႏၶာကုိယ္ရွိေရဓာတ္ကုိ အလြယ္တကူ ေလ်ာ့ပါးသြားေစလို႔ ေရမ်ားမ်ားေသာက္ေပးဖုိ႔လိုတယ္။ ဆီး မၾကာမၾကာသြားေပးရမယ္။ ေရဆာရင္ေရပဲေသာက္သင့္ၿပီး ေရခဲေရ၊ အခ်ဳိရည္၊ အရက္၊ ဘီယာ မေသာက္သင့္ပါဘူး။ ေရဓာတ္၊ ဆားဓာတ္ ဆံုး႐ႈံးမႈမွကာကြယ္ဖုိ႔ ဓာတ္ဆားရည္ေသာက္ဖုိ႔ လုိအပ္ပါတယ္။ ဓာတ္ဆားတထုပ္ ေရတလီတာတပုလင္းနဲ႔ ၂၄ နာရီအတြင္းေဖ်ာ္ထားကာ ေသာက္သံုးေပးႏုိင္ပါတယ္။ အပူဒဏ္ေၾကာင့္ မလုိလားအပ္တဲ့အက်ဳိးဆက္မျဖစ္ေစ ဖုိ႔

(၁) နံနက္ ၁၁ နာရီမွ ညေန ၄ နာရီအတြင္း ျမစ္ကမ္းနား၊ ေရဆိပ္တုိ႔မွာ ေရခ်ဳိးျခင္းမွ ေရွာင္ၾကဥ္ကာ အရိပ္ရ ေအးျမတဲ့ေနရာမွာ၊ အမိုးအကာေအာက္မွာ ေနသင့္ပါတယ္။

(၂) ေနပူထဲမွာ ျပင္းထန္တဲ့ကိုယ္လက္လႈပ္ရွားမႈ မလုပ္သင့္ပါဘူး။ အရက္၊ ဘီယာေသာက္ျခင္းဟာ အပူဒဏ္အႏၱရာယ္ကုိ ျဖစ္လြယ္ေစျခင္း၊ ခႏၶာကုိယ္အတြင္း က ေရဓာတ္ညစ္ႏြမ္းေစျခင္းတုိ႔ရွိလို႔ မေသာက္သင့္ပါဘူး။

(၃) ေနခင္းအျပင္ထြက္တဲ့အခါတုိင္း အရိပ္လံုေလာက္စြာရရွိမယ့္ ဦးထုပ္၊ ထီး အေဆာင္းအကာရွိသင့္တယ္။

ဓါတ္ပံု- ေရႊဖီး

(၄) အလင္းေရာင္ျပန္တဲ့ အျဖဴေရာင္ (သုိ႔) အေရာင္ေဖ်ာ့ေဖ်ာ့ခ်ည္ထည္အ၀တ္အစားမ်ဳိး ၀တ္ဆင္သင့္ပါတယ္။

(၅) ေခၽြးထြက္လြန္ပါက ခႏၶာကုိယ္ တြင္းရွိ ေရဓာတ္ဆံုး႐ႈံးမႈကို ျပန္လည္ျဖည့္သြင္းဖုိ႔ ဓာတ္ဆားေရေသာက္သင့္ပါတယ္။

(၆) ကုိယ္တြင္းအပူခ်ိန္ တက္လာပါက ေရေအးပက္တိုက္ႏုိင္တယ္။ ေလေအးစက္တပ္အခန္းမွာ ထားသင့္တယ္။

(၇) ဆီးခ်ဳိေရာဂါ၊ ႏွလံုးေရာဂါ၊ ေသြးတုိးေရာဂါအခံရွိသူေတြ၊ ကေလးသူငယ္နဲ႔ သက္ႀကီးရြယ္အိုေတြ ေန႔လယ္ေန႔ခင္းမွာ အရိပ္ရ ၿပီး ေလ၀င္ေလထြက္ေကာင္းတဲ့ ေနရာမ်ဳိးမွာ နားသင့္တယ္။

(၈) မိတ္ဖု၊ ယားနာထြက္ျခင္း၊ ေနေရာင္ေၾကာင့္ အဖုအပိန္႔္ထြက္ပါက ေရေအးပတ္တင္ျခင္း၊ သနပ္ခါးလိမ္းျခင္း၊ ကန္နႏြိဳင္း ေဆးရည္လိမ္းေပးျခင္း တို႔ ျပဳလုပ္ေပးႏုိင္သည္။

(၉) အပူဒဏ္ေၾကာင့္ ပင္ပန္းႏြမ္းနယ္ျခင္း၊ ကုိယ္အပူခ်ိန္တက္ျခင္း၊ သတိလစ္ျခင္းမျဖစ္ရေအာင္ အရိပ္ထဲေနရမယ္။

(၁၀) အပူဒဏ္ေၾကာင့္ ပင္ပန္းႏြမ္းနယ္ျခင္း၊ ကုိယ္အပူခ်ိန္ တက္ျခင္း၊ သတိလစ္ျခင္း၊ အတက္ေရာဂါ လကၡဏာမ်ားေတြ႕ရင္ ေဆး႐ံုေဆးခန္း အျမန္ျပသရမယ္။

ေဒါက္တာလြင္သန္႔
ဓါတ္ပံု- ေရႊဖီး


#Unicode Version

၂၀၁၉ ခုနှစ် နွေရာသီက ပူပြင်းလွန်းတယ်။ အပူဒဏ်ခံရတဲ့အပြင် ခရမ်းလွန်ရောင်ခြည် အမှတ်(၁၂)ထိ ရှိလာတယ်။ မြန်မာနိုင်ငံတဝန်း အပူချိန်စံချိန်တင် မြင့်မားလာတယ်။ နေ့အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ် (သို့) ၁၀၇.၆ ဒီဂရီဖာရင်ဟိုက်၊ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း ၁၂ မှာ ကျန်းမာရေးနဲ့အညီ နေထိုင်မှသာ အပူရှပ်ခြင်း (Heatstroke) နဲ့ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းမှ ကာကွယ်နိုင်မည်။

ကမ္ဘာမြေပြင်ပေါ် ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်ကျရောက်တယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားညိုမည်းစွဲခြင်း၊ အရေပြားအင်ပြင်ထခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း၊ သက်ကြီးရေတိမ်စွဲခြင်းတို့ ဖြစ်စေတယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကင်းဝေးဖို့ နေလယ် ၁၁ နာရီမှ ညနေ ၄ နာရီထိ နေပူထဲထွက်ခြင်း ရှောင်ရမယ်။ မလွှဲသာလို့ထွက်ဖို့လိုရင်လည်း မျက်စိကို ခရမ်းလွန်ရောင်ခြည် ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင် တဲ့ နေကာမျက်မှန်တပ်ရမယ်။ နေရောင်ခံခရင် (Sunscreen) လိမ်းထားသင့်တယ်။ ၂ နာရီကြာပြီးတိုင်း ၁ ကြိမ် လိမ်းပေးရမယ်။ သို့မဟုတ် သနပ်ခါးလိမ်းပေးနိုင်တယ်။ အပူဒဏ်ကိုလည်း ကာကွယ်နိုင်ပါတယ်။

အပူဒဏ်ကာကွယ်နိုင်ဖို့ ချည်ထည်အရောင်ဖျော့ဖျော့၊ ပွပွ ဝတ်ဆင်သင့်တယ်။ ကျပ်ကျပ်တည်းတည်း မဝတ်ဆင်သင့်ပါဘူး။ ဦးထုပ်၊ ထီး၊ အဆောင်းအကာပါမှ သွားသင့်တယ်။ အကြောင်းတစုံတရာမရှိဘဲ အပြင်ထွက်ခြင်း ရှောင်ကြဉ်သင့်ပါတယ်။ မလွှဲသာလို့ထွက်ရရင်လည်း လုံခြုံတဲ့အဆောင်းအကာနဲ့သွားရမယ်။

နွေကာလ အရက်၊ ဘီယာသောက်ခြင်း ရှောင်ရမယ်။ အရက်၊ ဘီယာဟာ ခန္ဓာကိုယ်ရှိရေဓာတ်ကို အလွယ်တကူ လျော့ပါးသွားစေလို့ ရေများများသောက်ပေးဖို့လိုတယ်။ ဆီး မကြာမကြာသွားပေးရမယ်။ ရေဆာရင်ရေပဲသောက်သင့်ပြီး ရေခဲရေ၊ အချိုရည်၊ အရက်၊ ဘီယာ မသောက်သင့်ပါဘူး။ ရေဓာတ်၊ ဆားဓာတ် ဆုံးရှုံးမှုမှကာကွယ်ဖို့ ဓာတ်ဆားရည်သောက်ဖို့ လိုအပ်ပါတယ်။ ဓာတ်ဆားတထုပ် ရေတလီတာတပုလင်းနဲ့ ၂၄ နာရီအတွင်းဖျော်ထားကာ သောက်သုံးပေးနိုင်ပါတယ်။ အပူဒဏ်ကြောင့် မလိုလားအပ်တဲ့အကျိုးဆက်မဖြစ်စေ ဖို့ (၁) နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း မြစ်ကမ်းနား၊ ရေဆိပ်တို့မှာ ရေချိုးခြင်းမှ ရှောင်ကြဉ်ကာ အရိပ်ရ အေးမြတဲ့နေရာမှာ၊ အမိုးအကာအောက်မှာ နေသင့်ပါတယ်။ (၂) နေပူထဲမှာ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှု မလုပ်သင့်ပါဘူး။ အရက်၊ ဘီယာသောက်ခြင်းဟာ အပူဒဏ်အန္တရာယ်ကို ဖြစ်လွယ်စေခြင်း၊ ခန္ဓာကိုယ်အတွင်း က ရေဓာတ်ညစ်နွမ်းစေခြင်းတို့ရှိလို့ မသောက်သင့်ပါဘူး။ (၃) နေခင်းအပြင်ထွက်တဲ့အခါတိုင်း အရိပ်လုံလောက်စွာရရှိမယ့် ဦးထုပ်၊ ထီး အဆောင်းအကာရှိသင့်တယ်။ (၄) အလင်းရောင်ပြန်တဲ့ အဖြူရောင် (သို့) အရောင်ဖျော့ဖျော့ချည်ထည်အဝတ်အစားမျိုး ဝတ်ဆင်သင့်ပါတယ်။ (၅) ချွေးထွက်လွန်ပါက ခန္ဓာကိုယ် တွင်းရှိ ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်သွင်းဖို့ ဓာတ်ဆားရေသောက်သင့်ပါတယ်။ (၆) ကိုယ်တွင်းအပူချိန် တက်လာပါက ရေအေးပက်တိုက်နိုင်တယ်။ လေအေးစက်တပ်အခန်းမှာ ထားသင့်တယ်။ (၇) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူတွေ၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ နေ့လယ်နေ့ခင်းမှာ အရိပ်ရ ပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ နားသင့်တယ်။ (၈) မိတ်ဖု၊ ယားနာထွက်ခြင်း၊ နေရောင်ကြောင့် အဖုအပိန့်ထွက်ပါက ရေအေးပတ်တင်ခြင်း၊ သနပ်ခါးလိမ်းခြင်း၊ ကန်နနွိုင်း ဆေးရည်လိမ်းပေးခြင်း တို့ ပြုလုပ်ပေးနိုင်သည်။ (၉) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းမဖြစ်ရအောင် အရိပ်ထဲနေရမယ်။ (၁၀) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်း၊ အတက်ရောဂါ လက္ခဏာများတွေ့ရင် ဆေးရုံဆေးခန်း အမြန်ပြသရမယ်။

ဒေါက်တာလွင်သန့်
ဓါတ်ပုံ- ရွှေဖီး