သင်္ဘောသီးတွေ ပက်ပက်စက်စက် သီး‌အောင် စိုက်ပျိုးနည်း

သင်္ဘောသီးတွေ ပက်ပက်စက်စက် သီး‌အောင် စိုက်ပျိုးနည်း

ဓာတုပစ္စည်း၊ ဓာတ်မြေသြဇာ မပါဘဲနဲ့ အသားထူထူ၊ အစေ့နဲနဲ ပြွတ်ခဲနေအောင် သီးစေချင်ရင် ဒါတွေ လုပ်ရမယ်။

အစေ့ကို တစ်ရက် နေလှန်းပြီးမှ ပျိုးပင်ဖောက်ပါ။ အဲ့ဒီပျိုးပင်လေး (၇-ရက်)ပြည့်တဲ့အခါ ခွဲစိုက်မယ့် နေရာကို

(၁) တွင်းဝ တစ်ပေ၊ အနက်တစ်ပေခွဲတူးပြီး တွင်းထဲကို သစ်ရွက်ခြောက်ဖြစ်စေ ကောက်ရိုးခြောက်ဖြစ်စေ ထည့်ပြီးမီးရှို့ပါ။ နှစ်ကြိမ်ပြုလုပ်ရန် လိုအပ်ပါသည်။ ပြာကျပြီးတာနဲ့ တွင်းထဲကို ရေအပြည့်လောင်းပြီး တစ်ညထားပါ။

(၂) အပင်စိုက်မယ့် တွင်းအောက်ခြေမှာ ထုံးမှုန့်ငါးဆယ်သားခန့် ဖြူးပြီး ထုံးပေါ်မှာ မြေဆွေး လက်ငါးသစ်ခန့် ထည့်ပါ။

သင်္ဘောသီးတွေ ပက်ပက်စက်စက် သီး‌အောင် စိုက်ပျိုးနည်း

(၃) လ္ဘက်ရည်ဆိုင်တွေမှာ စွန့်ပစ် စုပုံထားကြတဲ့ နှပ်ပြီးသား အချိုခြောက် အဖတ်တွေကိုယူ နွားချေးခြောက်နှင့် ဆတူ ရောသမမွှေပြီး တစ်နေလှန်းပါ။ ပြီးလျှင် တွင်းထဲသို့ တစ်ထွာခန့် ထပ်ဖြည့်ပါ။ ၎င်းအပေါ်မှ ထပ်မံ၍ မြေဆွေးအပြည့် ထည့်လိုက်ပြီး ပျိုးပင်ကို စိုက်ပျိုးပါ။

(၄) ပျိုးပင်(၂-ပေ)ခန့် ကြီးလာတဲ့အခါ အပင်ရင်းပတ်လည်ကို မီးဖိုကရတဲ့ ပြာမှုန့်၊ မီးသွေးမှုန့်တွေကို အုံထားပေးပါ။ နံနက်စောစောနှင့် နေဝင်ပြီးချိန်၌ တစ်နေ့နှစ်ကြိမ် ရေမှန်မှန် လောင်းရပါမယ်။

သင်္ဘောသီးတွေ ပက်ပက်စက်စက် သီး‌အောင် စိုက်ပျိုးနည်း

မှတ်ချက်

အဝါရောင်အသားရှိတဲ့ သင်္ဘောသီးကို အနီရောင်ဖြစ်စေချင်ရင်တော့ အောက်ခြေမှာ ဖြူးထားတဲ့ ထုံးမှုန့်ကို မီးသွေးအမှုန့်နဲ့ ဆတူရောစပ်ပြီး စိုက်ပါ။ ပက်ပက်စက်စက် သီးပါသတဲ့။

Source : Thai Agriculture Magazine