ဟိုတယ္တြင္ အဓမၼျပဳက်င့္သည္ဆိုကာ သံဃာတစ္ပါးအမႈဖြင့္ခံရ

မွတ္ပံုတင္အတုျဖင့္ ဘဏ္အေကာင့္ကိုဟက္၍ က်ပ္သိန္းႏွစ္ရာခန္႔ ခုိးထုတ္

လြန္ခဲ့သည့္ ၂ ႏွစ္က ဗဟန္းၿမိဳ႕နယ္ရွိ ဟိုတယ္တစ္ခု တြင္ အဓမၼျပဳက်င့္ခံရသည္ဟုဆို ကာ အမ်ိဳးသမီးတစ္ဦးက ဗဟန္း ၿမိဳ႕နယ္ရွိ ေက်ာင္းထုိင္ဆရာေတာ္ တစ္ပါးကို ၾသဂုတ္ ၂၂ ရက္၌ရဲစခန္းတြင္ အမႈဖြင့္ထားသည္။

အသက္(၄၁)ႏွစ္အရြယ္ အ မ်ိဳးသမီးက ၎သည္ မေလးရွား ႏုိင္ငံတြင္ ေနထုိင္သူျဖစ္ၿပီး အိမ္ေထာင္ရွိကာ ဗုဒၶဘာသာဝင္တစ္ ဦးျဖစ္ေၾကာင္း၊ လြန္ခဲ့သည့္ ၂ ႏွစ္(၂၀၁၆) က ျမန္မာႏုိင္ငံသို႔ အလုပ္ကိစၥျဖင့္ ျပန္လာစဥ္ ဟိုတယ္၌ အဓမၼျပဳက်င့္ခံရျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

စြပ္စြဲခံရသူ သံဃာ၏ သကၤန္းကိုပါ ယူ၍ ရဲစခန္းသို႔ တုိင္ၾကားေသာ္လည္း ထိုစဥ္က အဓမၼျပဳက်င့္ခံရၿပီးေနာက္ သာသနာေရးကိစၥျဖစ္သျဖင့္ သာသနာေရးဦးစီးဌာန၌သာ ေျဖရွင္းခိုင္းေၾကာင္း ၎က ဆိုသည္။ ထို႔ေနာက္ စြပ္စြဲခံရသူသံဃာက ဗဟန္းၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ အတြင္းေရး မွဴးဆရာေတာ္ႏွင့္ ေတြ႕ဆံုေပး သည္ဟုဆိုသည္။

‘အစ္မက ဒီကိစၥျဖစ္တာ ရဲ စခန္းသြားရမယ္ပဲသိတာ။ လုပ္ ထံုးလုပ္နည္းေတြ မသိဘူး’’ ဟု တိုင္တန္းသူအမ်ိဳးသမီးက ေျပာသည္။

ဗဟန္းၿမိဳ႕နယ္သံဃနာယ က အတြင္းေရးမွဴး ဆရာေတာ္ ေရွ႕တြင္ စြပ္စြဲခံရသည့္ သံဃာ သည္ အျပစ္ကို ဝန္ခံသျဖင့္ ထုိဆရာေတာ္အပါအဝင္ ရဲတပ္ၾကပ္ တစ္ဦး၊ စြပ္စြဲခံရေသာ သံဃာ၏ တပည့္သံဃာတစ္ပါးႏွင့္ နစ္နာ သူ အမ်ိဳးသမီးတို႔ေရွ႕တြင္ အဆိုပါ သံဃာကို လူဝတ္လဲေစ၍ သာသ နာ့ေဘာင္မွ ထြက္ေစခဲ့ေၾကာင္း တိုင္တန္းသူက ေျပာသည္။

သို႔ေသာ္ ယင္းျဖစ္စဥ္ျဖစ္ၿပီး ၂ ႏွစ္အၾကာ ယခု ၂၀၁၈ တြင္ စြပ္စြဲခံရသည့္ သံဃာသည္ ယခင္အတုိင္း သာသနာ့ေဘာင္တြင္ ေက်ာင္းထုိင္ဆရာေတာ္အျဖစ္ ရွိေနသည္ကို ျမင္ရသျဖင့္ ရန္ကုန္တုိင္းသာသနာေရးဦးစီးဌာနအပါ အဝင္  ႏုိင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္႐ံုး၊ သမၼတ႐ံုး စသည္ျဖင့္ ဌာနအသီးသီးထံ အဆိုပါသံဃာ ၏က်ဴးလြန္မႈမ်ားကို တိုင္တန္းခဲ့ သည္ဟုဆိုသည္။ သို႔ေသာ္ တစ္လၾကာသည္အထိ အေၾကာင္း တစ္စံုတစ္ရာ  ျပန္ၾကားျခင္းမရွိသျဖင့္ ရဲစခန္းတြင္ အမႈဖြင့္ရျခင္းျဖစ္ေၾကာင္း တိုင္တန္းသူအမ်ိဳးသမီးက ရွင္းျပသည္။ အဆိုပါ စြပ္စြဲခံရသည့္ သံဃာကို အဓမၼက်င့္မႈပုဒ္မ ၃၇၆ ႏွင့္ လူတစ္စားကိုးကြယ္သည့္ ဘာသာသာသနာကို ျဖစ္ေစ၊ ဘာသာသာသနာေရးယံုၾကည္မႈကိုျဖစ္ ေစ ေစာ္ကားျခင္းျဖင့္ ထိုလူတစ္စား၏ကိုးကြယ္ရာ ဘာသာေရး စိတ္ဓာတ္ကို နာၾကည္းေစရန္ ႀကံရြယ္၍ မသမာစိတ္ျဖင့္ တမင္ က်ဴးလြန္ေသာ ျပဳလုပ္မႈမ်ားပုဒ္မ ၂၉၅-က ျဖင့္ အမႈဖြင့္ထား ေၾကာင္း တိုင္တန္းသူက ေျပာ သည္။

‘‘ပံုမွန္လူတန္းစားရဲ႕အဓမၼ ဟုတ္ဘူး။ ဘာသာသာသနာကို ငဲ့ပါတယ္။ ဒီၾကားထဲမွာ ဒီေလာက္ၾကာသြားတဲ့အေၾကာင္းရင္းက အဲ ဒါပဲ။ မတိုင္ႏိုင္ေအာင္ ဖိအားေတြ ေပးၾကတယ္’’ဟု တိုင္တန္းသူ အမ်ိဳးသမီးက ၂ ႏွစ္ၾကာၿပီးမွ အမႈ ဖြင့္ရသည့္အေၾကာင္းရင္းကို ရွင္းျပသည္။

ထို႔အျပင္ စြပ္စြဲခံရသည့္သံ ဃာကို လူဝတ္လဲေစၿပီးမွ ေက်ာင္း ထုိင္အျဖစ္ သကၤန္းဆီးခြင့္ျပဳထား သည့္ ဗဟန္းၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ အတြင္းေရးမွဴး ဆရာေတာ္တြင္လည္း တာဝန္ရွိေၾကာင္း တုိင္တန္းသူကထပ္မံ ေျပာၾကားသည္။

ၿပီးခဲ့သည့္ ဇူလိုင္က ေဖ့စ္ ဘြတ္ခ္လူမႈကြန္ရက္တြင္ သံဃာတစ္ပါး ဟိုတယ္ခန္းအတြင္းသို႔ ဝင္ၿပီးေနာက္ ဟိုတယ္သံုးအဝတ္ ျဖဴမ်ားျဖင့္ ကိုယ္ကို ပတ္၍ ျပန္ထြက္လာသည့္ ေစာင့္ၾကည့္ကင္ မရာ၏ဗီဒီယိုဖိုင္မ်ား ပ်ံ႕ႏွံ႔ခဲ့သည္။ ယခု စြပ္စြဲခံရသည့္ သံဃာ ႏွင့္အတူ ဟိုတယ္တြင္ ရွိေနသည့္ အေၾကာင္းရင္းကို 7Day Daily သတင္းစာက ေမးျမန္းေသာ္လည္း မေျဖၾကား ႏုိင္ေသးေၾကာင္းႏွင့္ တရားခြင္၌ အျဖစ္မွန္ေပၚလာမည္ ျဖစ္ေၾကာင္း တိုင္ၾကားသူအမ်ိဳး သမီးက ေျပာသည္။

‘‘အမႈမွန္က တရား႐ံုးမွာ ရင္ ဆိုင္ရင္ ေပၚလာမွာပဲ။ အခုခ်ိန္မွာ သူ႔ကိုလည္း ဆဲမယ့္သူရွိတယ္။ အစ္မကိုလည္း ဆဲမယ့္သူရွိတယ္။အစ္မကေတာ့ သာသနာသန္႔ တယ္ပဲ ေျပာတယ္’’ဟု တိုင္တန္း သူ အမ်ိဳးသမီးက ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ ရန္ကုန္တိုင္း သာသနာေရးဦးစီး ဌာနမွ တာဝန္ရွိသူတစ္ဦးထံ ေမးျမန္းရာ လြန္ခဲ့သည့္ တစ္လခန္႔ ကပင္ ဗဟန္းၿမိဳ႕နယ္ ဘုန္းႀကီး ေက်ာင္းတစ္ေက်ာင္းမွ ဆရာေတာ္တစ္ပါး၏ အဓမၼျပဳက်င့္မႈ ခံရေၾကာင္း အမ်ိဳးသမီးတစ္ဦး၏ တိုင္စာေရာက္ရွိသည္ဟု အတည္ျပဳေျပာဆိုသည္။ ျဖစ္စဥ္မွာ လြန္ခဲ့သည့္ တစ္ႏွစ္ေက်ာ္၊ ၂ ႏွစ္ခန္႔က က်ဴးလြန္မႈျဖစ္ေၾကာင္း ၎က ေျပာဆိုသည္။

‘‘တရားေရးအတိုင္း သြား တယ္ဆိုရင္ သာသနာေရးက ဝင္ စြက္ဖက္ဖို႔မရွိပါဘူး’’ဟု အဆိုပါ တာဝန္ရွိသူက ဆက္လက္ေျပာ ၾကားသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ စြပ္စြဲခံရေသာ သံဃာ၏ေက်ာင္း တိုက္သို႔ ၾသဂုတ္ ၂၆ ရက္တြင္ သြားေရာက္ေမးျမန္းရာ အဆိုပါ ေက်ာင္းတိုက္ရွိ သံဃာေတာ္တစ္ ပါးက ‘‘ဆရာေတာ္ ခရီးထြက္သြား တယ္’’ဟုသာ မိန္႔သည္။ ယင္းအ မႈကို ေျဖရွင္းေပးခဲ့သည့္ ဗဟန္းၿမိဳ႕ နယ္သံဃနာယကအဖြဲ႕၏ အတြင္းေရးမွဴး ဆရာေတာ္ ေက်ာင္း ထုိင္ရာ ကံဖ်ားေက်ာင္းတုိက္သို႔ သြားေရာက္ ေလွ်ာက္ထားေမး ျမန္းရာတြင္လည္း ဆရာေတာ္ ခရီးထြက္ေနေၾကာင္း သံဃာတစ္ ပါးက မိန္႔ၾကားသည္။

ဗဟန္းၿမိဳ႕နယ္ သံဃနာယ ကအဖြဲ႕ဥကၠ႒ဆရာေတာ္က လြန္ ခဲ့သည့္တစ္လခန္႔ကပင္ နစ္နာသူ အမ်ိဳးသမီး၏တုိင္ၾကားစာရရွိ၍ တိုင္ၾကားသူႏွင့္ စြပ္စြဲခံရေသာ သံဃာကို ေတြ႕ဆံုခဲ့ေၾကာင္း မိန္႔ ၾကားသည္။ ေတြ႕ဆံုေျဖရွင္းရာ တြင္ အဓမၼျပဳက်င့္မႈျဖစ္၍ ရဲစခန္း သို႔ သြားေရာက္ေျဖရွင္းရန္ လမ္း ၫႊန္ခဲ့ေၾကာင္း မိန္႔သည္။ ဆရာ ေတာ္အေနျဖင့္ တိုင္စာရရွိမွသာ ယင္းအမႈအေၾကာင္းသိရွိရသည္ ဟု မိန္႔ၾကားသည္။

‘‘ဘယ္သူမွန္တယ္လို႔ ေျပာ လို႔မရဘူး။ ဒါက မ်က္ကြယ္မွာ ျဖစ္တာ။ မုဒိမ္းမႈဆိုတာမ်ိဳးက လည္း တို႔သာသနာေရးအေနနဲ႔ သိကၡာခ်ၿပီးမွ ဖမ္းစရာမလိုေတာ့ ဘူး။ ဒီအျပစ္လုပ္ရင္ သကၤန္းဝတ္ ထားလည္း ဘုန္းႀကီးလို႔ မဆိုႏုိင္ ေတာ့ဘူး’’ဟု ဥကၠ႒ဆရာေတာ္က ဆက္လက္မိန္႔ၾကားသည္။

စြပ္စြဲခံရသူ ဆရာေတာ္ကို ေရွာင္မေျပးရန္ မွာၾကားခဲ့ေသာ္ လည္း ဆရာေတာ္သည္ ယခု မေလးရွားသို႔ ခရီးထြက္သြား ေၾကာင္း ၾကားသိရသည္ဟု ဥကၠ႒ဆရာေတာ္က မိန္႔ၾကားသည္။

‘သူမွန္ရင္ မေရွာင္ဘဲ ေနရ မွာေပါ့။ သူဘယ္ေလာက္ေနႏိုင္ မလဲ။ ဝါတြင္းႀကီး၊ ခုနစ္ရက္အ ျပင္ ပိုေနလို႔ မရဘူး။ ပိုေနရင္ သူ ဝါက်ိဳးမွာ။ ဘုန္းႀကီးအစစ္မဟုတ္ ေတာ့ဘူး’’ဟု ဆရာေတာ္က မိန္႔ သည္။

ယုဇနဟိုတယ္တြင္ သံဃာ တစ္ပါး၏ အဓမၼျပဳက်င့္ခံရ ေၾကာင္း တိုင္တန္းကာ အမႈဖြင့္မႈ ရွိေၾကာင္း ဗဟန္းၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္တစ္ဦးက အတည္ျပဳေျပာဆိုသည္။ အေသးစိတ္ကိုမူ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕၏ သတင္းျပန္ ၾကားေရးထံ ေမးျမန္းရန္လည္း ေျပာဆိုသည္။ တုိင္းရဲတပ္ဖြဲ႕ သတင္းျပန္ၾကားေရးသို႔ ၾသဂုတ္ ၂၄ ရက္က သြားေရာက္ေမးျမန္း ေသာ္လည္း ႐ံုးပိတ္ရက္ျဖစ္သျဖင့္ ေျဖၾကားႏုိင္ျခင္းမရွိေၾကာင္း တာ ဝန္ရွိသူတစ္ဦးက ေျပာသည္။

‘‘အခုအခ်ိန္မွာ သူလူဝတ္လဲ ၿပီးရင္ေတာင္ မရေတာ့ဘူး။ လြန္ သြားၿပီ။ အစ္မကို ၿခိမ္းေျခာက္ တယ္(စြပ္စြဲခံရသူမွ)။ အစ္မအမ်ိဳး သားဆီပါ စာေတြပို႔တယ္’’ ဟု ထိုအမ်ိဳးသမီးက ဆိုသည္။

Via: 7daydaily


#Unicode Version

လွန်ခဲ့သည့် ၂ နှစ်က ဗဟန်းမြို့နယ်ရှိ ဟိုတယ်တစ်ခု တွင် အဓမ္မပြုကျင့်ခံရသည်ဟုဆို ကာ အမျိုးသမီးတစ်ဦးက ဗဟန်း မြို့နယ်ရှိ ကျောင်းထိုင်ဆရာတော် တစ်ပါးကို သြဂုတ် ၂၂ ရက်၌ရဲစခန်းတွင် အမှုဖွင့်ထားသည်။

အသက်(၄၁)နှစ်အရွယ် အ မျိုးသမီးက ၎င်းသည် မလေးရှား နိုင်ငံတွင် နေထိုင်သူဖြစ်ပြီး အိမ်ထောင်ရှိကာ ဗုဒ္ဓဘာသာဝင်တစ် ဦးဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်(၂၀၁၆) က မြန်မာနိုင်ငံသို့ အလုပ်ကိစ္စဖြင့် ပြန်လာစဉ် ဟိုတယ်၌ အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စွပ်စွဲခံရသူ သံဃာ၏ သင်္ကန်းကိုပါ ယူ၍ ရဲစခန်းသို့ တိုင်ကြားသော်လည်း ထိုစဉ်က အဓမ္မပြုကျင့်ခံရပြီးနောက် သာသနာရေးကိစ္စဖြစ်သဖြင့် သာသနာရေးဦးစီးဌာန၌သာ ဖြေရှင်းခိုင်းကြောင်း ၎င်းက ဆိုသည်။ ထို့နောက် စွပ်စွဲခံရသူသံဃာက ဗဟန်းမြို့နယ် သံဃနာယကအဖွဲ့ အတွင်းရေး မှူးဆရာတော်နှင့် တွေ့ဆုံပေး သည်ဟုဆိုသည်။

‘အစ်မက ဒီကိစ္စဖြစ်တာ ရဲ စခန်းသွားရမယ်ပဲသိတာ။ လုပ် ထုံးလုပ်နည်းတွေ မသိဘူး’’ ဟု တိုင်တန်းသူအမျိုးသမီးက ပြောသည်။

ဗဟန်းမြို့နယ်သံဃနာယ က အတွင်းရေးမှူး ဆရာတော် ရှေ့တွင် စွပ်စွဲခံရသည့် သံဃာ သည် အပြစ်ကို ဝန်ခံသဖြင့် ထိုဆရာတော်အပါအဝင် ရဲတပ်ကြပ် တစ်ဦး၊ စွပ်စွဲခံရသော သံဃာ၏ တပည့်သံဃာတစ်ပါးနှင့် နစ်နာ သူ အမျိုးသမီးတို့ရှေ့တွင် အဆိုပါ သံဃာကို လူဝတ်လဲစေ၍ သာသ နာ့ဘောင်မှ ထွက်စေခဲ့ကြောင်း တိုင်တန်းသူက ပြောသည်။

သို့သော် ယင်းဖြစ်စဉ်ဖြစ်ပြီး ၂ နှစ်အကြာ ယခု ၂၀၁၈ တွင် စွပ်စွဲခံရသည့် သံဃာသည် ယခင်အတိုင်း သာသနာ့ဘောင်တွင် ကျောင်းထိုင်ဆရာတော်အဖြစ် ရှိနေသည်ကို မြင်ရသဖြင့် ရန်ကုန်တိုင်းသာသနာရေးဦးစီးဌာနအပါ အဝင်  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ သမ္မတရုံး စသည်ဖြင့် ဌာနအသီးသီးထံ အဆိုပါသံဃာ ၏ကျူးလွန်မှုများကို တိုင်တန်းခဲ့ သည်ဟုဆိုသည်။ သို့သော် တစ်လကြာသည်အထိ အကြောင်း တစ်စုံတစ်ရာ  ပြန်ကြားခြင်းမရှိသဖြင့် ရဲစခန်းတွင် အမှုဖွင့်ရခြင်းဖြစ်ကြောင်း တိုင်တန်းသူအမျိုးသမီးက ရှင်းပြသည်။ အဆိုပါ စွပ်စွဲခံရသည့် သံဃာကို အဓမ္မကျင့်မှုပုဒ်မ ၃၇၆ နှင့် လူတစ်စားကိုးကွယ်သည့် ဘာသာသာသနာကို ဖြစ်စေ၊ ဘာသာသာသနာရေးယုံကြည်မှုကိုဖြစ် စေ စော်ကားခြင်းဖြင့် ထိုလူတစ်စား၏ကိုးကွယ်ရာ ဘာသာရေး စိတ်ဓာတ်ကို နာကြည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင် ကျူးလွန်သော ပြုလုပ်မှုများပုဒ်မ ၂၉၅-က ဖြင့် အမှုဖွင့်ထား ကြောင်း တိုင်တန်းသူက ပြော သည်။

‘‘ပုံမှန်လူတန်းစားရဲ့အဓမ္မ ဟုတ်ဘူး။ ဘာသာသာသနာကို ငဲ့ပါတယ်။ ဒီကြားထဲမှာ ဒီလောက်ကြာသွားတဲ့အကြောင်းရင်းက အဲ ဒါပဲ။ မတိုင်နိုင်အောင် ဖိအားတွေ ပေးကြတယ်’’ဟု တိုင်တန်းသူ အမျိုးသမီးက ၂ နှစ်ကြာပြီးမှ အမှု ဖွင့်ရသည့်အကြောင်းရင်းကို ရှင်းပြသည်။

ထို့အပြင် စွပ်စွဲခံရသည့်သံ ဃာကို လူဝတ်လဲစေပြီးမှ ကျောင်း ထိုင်အဖြစ် သင်္ကန်းဆီးခွင့်ပြုထား သည့် ဗဟန်းမြို့နယ် သံဃနာယကအဖွဲ့ အတွင်းရေးမှူး ဆရာတော်တွင်လည်း တာဝန်ရှိကြောင်း တိုင်တန်းသူကထပ်မံ ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်က ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်တွင် သံဃာတစ်ပါး ဟိုတယ်ခန်းအတွင်းသို့ ဝင်ပြီးနောက် ဟိုတယ်သုံးအဝတ် ဖြူများဖြင့် ကိုယ်ကို ပတ်၍ ပြန်ထွက်လာသည့် စောင့်ကြည့်ကင် မရာ၏ဗီဒီယိုဖိုင်များ ပျံ့နှံ့ခဲ့သည်။ ယခု စွပ်စွဲခံရသည့် သံဃာ နှင့်အတူ ဟိုတယ်တွင် ရှိနေသည့် အကြောင်းရင်းကို 7Day Daily သတင်းစာက မေးမြန်းသော်လည်း မဖြေကြား နိုင်သေးကြောင်းနှင့် တရားခွင်၌ အဖြစ်မှန်ပေါ်လာမည် ဖြစ်ကြောင်း တိုင်ကြားသူအမျိုး သမီးက ပြောသည်။

‘‘အမှုမှန်က တရားရုံးမှာ ရင် ဆိုင်ရင် ပေါ်လာမှာပဲ။ အခုချိန်မှာ သူ့ကိုလည်း ဆဲမယ့်သူရှိတယ်။ အစ်မကိုလည်း ဆဲမယ့်သူရှိတယ်။အစ်မကတော့ သာသနာသန့် တယ်ပဲ ပြောတယ်’’ဟု တိုင်တန်း သူ အမျိုးသမီးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်း သာသနာရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးထံ မေးမြန်းရာ လွန်ခဲ့သည့် တစ်လခန့် ကပင် ဗဟန်းမြို့နယ် ဘုန်းကြီး ကျောင်းတစ်ကျောင်းမှ ဆရာတော်တစ်ပါး၏ အဓမ္မပြုကျင့်မှု ခံရကြောင်း အမျိုးသမီးတစ်ဦး၏ တိုင်စာရောက်ရှိသည်ဟု အတည်ပြုပြောဆိုသည်။ ဖြစ်စဉ်မှာ လွန်ခဲ့သည့် တစ်နှစ်ကျော်၊ ၂ နှစ်ခန့်က ကျူးလွန်မှုဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

‘‘တရားရေးအတိုင်း သွား တယ်ဆိုရင် သာသနာရေးက ဝင် စွက်ဖက်ဖို့မရှိပါဘူး’’ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြော ကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စွပ်စွဲခံရသော သံဃာ၏ကျောင်း တိုက်သို့ သြဂုတ် ၂၆ ရက်တွင် သွားရောက်မေးမြန်းရာ အဆိုပါ ကျောင်းတိုက်ရှိ သံဃာတော်တစ် ပါးက ‘‘ဆရာတော် ခရီးထွက်သွား တယ်’’ဟုသာ မိန့်သည်။ ယင်းအ မှုကို ဖြေရှင်းပေးခဲ့သည့် ဗဟန်းမြို့ နယ်သံဃနာယကအဖွဲ့၏ အတွင်းရေးမှူး ဆရာတော် ကျောင်း ထိုင်ရာ ကံဖျားကျောင်းတိုက်သို့ သွားရောက် လျှောက်ထားမေး မြန်းရာတွင်လည်း ဆရာတော် ခရီးထွက်နေကြောင်း သံဃာတစ် ပါးက မိန့်ကြားသည်။

ဗဟန်းမြို့နယ် သံဃနာယ ကအဖွဲ့ဥက္ကဋ္ဌဆရာတော်က လွန် ခဲ့သည့်တစ်လခန့်ကပင် နစ်နာသူ အမျိုးသမီး၏တိုင်ကြားစာရရှိ၍ တိုင်ကြားသူနှင့် စွပ်စွဲခံရသော သံဃာကို တွေ့ဆုံခဲ့ကြောင်း မိန့် ကြားသည်။ တွေ့ဆုံဖြေရှင်းရာ တွင် အဓမ္မပြုကျင့်မှုဖြစ်၍ ရဲစခန်း သို့ သွားရောက်ဖြေရှင်းရန် လမ်း ညွှန်ခဲ့ကြောင်း မိန့်သည်။ ဆရာ တော်အနေဖြင့် တိုင်စာရရှိမှသာ ယင်းအမှုအကြောင်းသိရှိရသည် ဟု မိန့်ကြားသည်။

‘‘ဘယ်သူမှန်တယ်လို့ ပြော လို့မရဘူး။ ဒါက မျက်ကွယ်မှာ ဖြစ်တာ။ မုဒိမ်းမှုဆိုတာမျိုးက လည်း တို့သာသနာရေးအနေနဲ့ သိက္ခာချပြီးမှ ဖမ်းစရာမလိုတော့ ဘူး။ ဒီအပြစ်လုပ်ရင် သင်္ကန်းဝတ် ထားလည်း ဘုန်းကြီးလို့ မဆိုနိုင် တော့ဘူး’’ဟု ဥက္ကဋ္ဌဆရာတော်က ဆက်လက်မိန့်ကြားသည်။

စွပ်စွဲခံရသူ ဆရာတော်ကို ရှောင်မပြေးရန် မှာကြားခဲ့သော် လည်း ဆရာတော်သည် ယခု မလေးရှားသို့ ခရီးထွက်သွား ကြောင်း ကြားသိရသည်ဟု ဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။

‘သူမှန်ရင် မရှောင်ဘဲ နေရ မှာပေါ့။ သူဘယ်လောက်နေနိုင် မလဲ။ ဝါတွင်းကြီး၊ ခုနစ်ရက်အ ပြင် ပိုနေလို့ မရဘူး။ ပိုနေရင် သူ ဝါကျိုးမှာ။ ဘုန်းကြီးအစစ်မဟုတ် တော့ဘူး’’ဟု ဆရာတော်က မိန့် သည်။

ယုဇနဟိုတယ်တွင် သံဃာ တစ်ပါး၏ အဓမ္မပြုကျင့်ခံရ ကြောင်း တိုင်တန်းကာ အမှုဖွင့်မှု ရှိကြောင်း ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။ အသေးစိတ်ကိုမူ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းပြန် ကြားရေးထံ မေးမြန်းရန်လည်း ပြောဆိုသည်။ တိုင်းရဲတပ်ဖွဲ့ သတင်းပြန်ကြားရေးသို့ သြဂုတ် ၂၄ ရက်က သွားရောက်မေးမြန်း သော်လည်း ရုံးပိတ်ရက်ဖြစ်သဖြင့် ဖြေကြားနိုင်ခြင်းမရှိကြောင်း တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အခုအချိန်မှာ သူလူဝတ်လဲ ပြီးရင်တောင် မရတော့ဘူး။ လွန် သွားပြီ။ အစ်မကို ခြိမ်းခြောက် တယ်(စွပ်စွဲခံရသူမှ)။ အစ်မအမျိုး သားဆီပါ စာတွေပို့တယ်’’ ဟု ထိုအမျိုးသမီးက ဆိုသည်။

Via: 7daydaily