Sponsored

၁၉-၁-၂၀၂၀ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် ဇင်ကိုကို ၂၆ နှစ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ် (ဟိုတယ် မန်နေဂျာ)သည် ၎င်းဟိုတယ်တွင် လာရောက်တည်းခိုသည့် ထိုင်းနိုင်ငံသား Mr.WANNACHAI PROMME၊ (ဗီဇာသက်တမ်းရှိ)နှင့်အတူ ၎င်းပိုင် ၁၁ယ/××××× Honda Wave-125 အဖြူရောင်ဆိုင်ကယ်နှင့် သွားရောက်စျေးဝယ်ပြီး

လမ်း ၃၀ အတိုင်း တည်းခိုရာ ဟိုတယ်သို့ ပြန်လာစဉ် ၆၈x၇၀ လမ်းကြား၊ ဗဟိုအမျိုးသမီး ဆေးရုံနားအရောက် လူငယ် ၄ ဦး စီးလာသော Scoopyi အဖြူရောင် ဆိုင်ကယ် ၁ စီးမှအနီး သို့ကပ်လာပြီး ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသူ တစ်ဦး မှ ဇင်ကိုကို အား ခါးပတ်ဖြင့်ရိုက်သဖြင့် ဇင်ကိုကိုမှ ဆိုင်ကယ်အား ရပ်တန့်လိုက်စဉ် ၎င်းတို့မှ ထပ်မံ၍ ဝိုင်းဝန်း ရိုက်နှက်ရာ

Mandalay Police

ဇင်ကိုကိုနှင့် ထိုင်းနိုင်ငံသားတို့မှာ ဆိုင်ကယ်အား ထားရစ်ခဲ့ပြီး ဗဟိုအမျိုး သမီးဆေးရုံဝန်းအတွင်းသို့ ဝင်ရောက်ထွက်ပြေးခဲ့ကြောင်း၊ အမည်မသိ လူ (၄)ဦးမှ ဇင်ကို အား ခါးပတ်နှင့် ရိုက်နှက်ခြင်းကြောင့် နောက်ကျောတွင်နာကျင်ဒဏ်ရာ၊ ထိုင်း နိုင်ငံသား Mr.WANNACHAI PROMME ၏ နောက်ကျောတွင် နာကျင် ဒဏ်ရာတို့ရရှိခဲ့သဖြင့် အရေးယူပေးပါရန် တိုင်တန်း၍ အမှတ်(၃)နယ်မြေရဲစခန်း (ပ)၃၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ပါသည်။

Sponsored
Mandalay Police

၂။ ဖြစ်စဉ်မှ တရားခံများအား ဖမ်းဆီးရမိရေး လှည့်ကင်းတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ဖမ်းဆီး ဆောင်ရွက်ခဲ့ရာ နံနက် ၄ နာရီ ၄၀ အချိန် (၃၂ × ၆၈)လမ်းထောင့်တွင် ဆိုင်ကယ် (၂)စီးနှင့် လူ(၄)ယောက်အား မသင်္ကာ၍ စစ်ဆေးစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ချမ်းအေးသာစံမြို့နယ်၊ ၂၇×၆၄ လမ်းထောင့်တွင် ဝေဖြိုး ၂၃ နှစ်၊ အောင်မြေသာစံမြို့နယ်၊ ထွန်းထွန်းကျော် (ခ)ထွန်းကျော် ၂၃ နှစ်၊ စိတ္တရမဟီရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊

Mandalay Police

နေထက်လင်း(ခ) တရုတ်နီ ၂၆ နှစ်၊ မဟာမုနိဘုရားကြီးအရှေ့ဘက်မုခ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ကျော်ထက် ၂၅ နှစ်၊ မဟာမုနိဘုရားကြီးအရှေ့ဘက်မုခ်၊ ချမ်းမြသာစည်မြို့နယ်နေသူတို့ ၄ ဦးအား လုယူသွားသော Honda Wave-125 အဖြူရောင်ဆိုင်ကယ် ဆိုင်ကယ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Mandalay Police

Ref; Mandalay Police

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *