အမြန်လမ်းမှာအကူအညီလိုရင် ဒီဖုန်းနံပါတ်လေးသာ ဆက်လိုက်ပါ

@Facebook

” SAVE…SAVE..SAVE ” 09 420 8888 10

အမြန်လမ်းမကြီး ခရီးသွား ရင် ဒီဖုန်းနံပါတ် မဖြစ်မနေ လေး Save ထားပါ ။ ဘယ်လို အခက်အခဲ ဖြစ်ဖြစ် လာရောက် ကူညီပေး တဲ့ အမြန်လမ်း ရဲ တပ်ဖွဲ့ ဖုန်း ပါ။ မနေ့ က (၁၀-၁၀-၂၀၁၉) မန္တလေး ဘက် မှ ရန်ကုန် ဘက်သို့ ကားမောင်း လာရင်း ၊ မိုင်တိုင် ၅၅ မိုင် ၁ ဖာလုံ မှာ စက်ထိုးရပ် သွား ပါတယ်။ ဘာမှလည်း မလုပ်တတ်တော့ ဘူး ၊ စက်နိုှးလို့ လည်း မရတော့ လမ်းဘေးချရပ်ရင်း ချိတ်ဆက်ဖို့ စဉ်စားရပါတယ်။ ဟိုရှာ ၊ ဒီ ချိတ် နဲ့ အမြန်လမ်း ရဲ့ Hot Line ဖုန်း နံပါတ် ရလာ ပါတယ်။

@Facebook

ဆက်ကြည့်လိုက်ပြီး ” ကားပျက်နေကြောင်း မိုင်တိုင် ၅၅ မိုင် ၁ဖာလုံ မှာ အခက်အခဲ ဖြစ်နေကြောင်း သတင်းပို့ လိုက်ပါတယ် ” အမြန်လမ်းရဲ တပ်ဖွဲ့ Hot Line ဖုန်း မှ ချက်ချင်း သက် ဆိုင်နယ်မြေ ပိုင် ရဲစခန်း ကို ညွှန်းကြားချက်ပေးတယ်။

ကျွန်တော့် ကိုလည်း “ရဲတပ်ဖွဲ့ က ရောက်လာပါမယ်။ ဖြစ်နေတဲ့ အခက်အခဲ ပြောလိုက်ပါ ။ ပေါင်းစပ် ကူညီပါမယ်တဲ့ ။” ၅ မီနစ်ကြာလောက် မှာ ရဲတပ်ကြပ် တစ်ယောက် ရောက်လာတယ်။ ကားပျက်တာ ကြည့်ပြီး ” ဝပ်ရှော့ ဆရာ ခေါ်ချင်လား ?” ” ကား ကို ဆွဲ မလား ?” အကုန် ချိတ်ဆက်ပေး လို့ရတယ် ပြော တယ်။ (ကားပြင်ဆင်စရိတ် ကိုယ့်ပါသာ တိုက်ရိုက်ပြောပါ )

@Facebook

ပြီးတော့ ကားပြင်နေစဉ် အတွင်း သူရှိနေမဲ့ အကြောင်း နဲ့ ဒီနား မှာ လုံခြုံ တဲ့ အကြောင်း ပြောပါတယ်။ သူ ကိုယ်တိုင် ရှိနေမှာပါ တဲ့။ ကားဝပ်ရှော့ ဆရာ ခေါ် ပေးပါပြောတော့ ချက်ချင်း ဘုရာကြီး က ကိုဝတုတ် ဆိုတဲ့ ကျွမ်းကျင် ဆရာ တစ်ယောက် ကို ဖုန်းဆက်ခေါ် ပါတယ်။ လာရောက်ပြင်တဲ့ ကိုဝတုတ် ဟာ ပညာပိုင်း ကျွမ်းကျင်တဲ့ အပြင် စေတနာ ပါတာတွေ့ ရတယ်။

ရဲတပ်ကြပ် ဟာ သူ့ရဲကင်း မှ နောက်တစ်ယောက် ကို စက် နဲ့ လှမ်းခေါ်ပြီး … အတူလာရောက် ပူပေါင်းပြီး တော့ ဝိုင်းကူ နေကြတယ်။ သူ့ တပည့် ရဲ ဒုတပ်ကြပ် ကို ရေသန့် သွားဝယ်လိုက် ခရီးသွား တွေ ရေပျက်နေမှာတဲ့။ စိတ်ထဲ မှာ ရဲတပ်ကြပ် ကို လေးစားသွား သလို ချက်ချင်း သွားဝယ်ရှာ တဲ့ ရဲတပ်သား ကို လည်း လေးစား မိပါတယ်။

@Facebook

ကားပြင်ဆင်ပြီး လို့ နှုတ်ဆက် ခဲ့ ချိန် မှာ တော့ ” သူတို့ တွေရဲ့ တာဝန် အရ တာဝန်ထမ်းဆောင် မှု နဲ့ အတူ နွေးထွေးစွာ ကူညီပေး ချင်တဲ့ စေတနာ တွေ ကို ပါ မှတ်တမ်းတင်မိလိုက်ပါ တယ် ။” ရဲတပ်ကြပ်မောင်စော က အခုလို ပြောရှာသေး – ” 09420888801 ကနေ 09420888870 အထိ ကြိုက်တဲ့ နံပါတ်ဆက် ကျွန်တော် တို့ တတွေ ၂၄ နာရီ တာဝန်ထမ်းဆောင် လျှက်ပါတဲ့ ။ ”

လေးစားပြီလေ … ရဲတပ်ဖွဲ့ဝင် များ မိတ်ဆွေ ၊ သူငယ်ချင်း ၊ ရောင်းရင်း များ မိမိ ဖုန်းထဲ မှာ ဒီဖုန်းနံပါတ် တွေ Save ထားလိုက်ပါ ဗျာ ။ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့. ၊ မအူတန်း ရဲကင်း မှ တပ်ကြပ်မောင်စော နဲ့ ရဲတပ်ဖွဲ့ဝင် တို့အား ကျေးဇူး တင်ရှိရင်း မှတ်တမ်းတင်အပ်ပါသည်။

@Facebook

*** ဖုန်းနံပါတ်တွေ များများ Share ကြပေး ပါ ဦး ***

Aung Aung