Sponsored

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှလုံးခုန်ရပ်တယ်ဆိုတဲ့ သတင်းဟာ ကောလဟလသာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဆေးသွင်းဖို့ရောက်နေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဟာ ၂၆ စက္ကန့်လောက် နှလုံးခုန်ရပ်တန့်သွားတယ်ဆိုပြီး Facebook လူမှုကွန်ရက်မှာ ရေးသားဖြန့်ဝေနေတာတွေ ရှိနေပါတယ်။

မန္တလေး NLD ပါတီ

အဲ့ဒီလိုသတင်းပြန့်တာနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ လုပ်ဆောင်နေပြီး အခုလက်ရှိမှာ ဆေးရုံကနေ ဆင်းပြီး ငှားထားတဲ့ တိုက်ခန်းမှာ ပြန်ရောက်နေပြီလို့ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

Sponsored

နေကောင်းနေပါပြီ။ ဆေးရုံကနေ ဒီနေ့ ဆင်းပါတယ်။ ခေတ္တတည်းခိုတဲ့ တိုက်ခန်းမှာ နားနေပါတယ်။ ဆေးဝါးကုသမှု ခံယူနေရသော်လည်း ကျန်းမာရေး အခြေအနေမှာ တိုးတက် ကောင်းမွန်လျှက် ရှိပါတယ်။ ဆေးကုသမှုကတော့ ဆက်လက် ခံယူရအုံးမှာပါ။ မကြာမီ ကျန်းမာစွာဖြင့် ပြန်လာပါမယ်”ဟု ဦးတင်ထွဋ်ဦးက ပြောကြားသည်။

‌ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အသည်းကင်ဆာရောဂါကြောင့် အောက်တိုဘာ ၂၄ ရက်‌နောက်ပိုင်းကစပြီး ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေရတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိလာပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃၁ ရက်နေ့ညက New Year ကြိုဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီနောက် ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းက မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို တက်ရောက်ကုသမှု ခံယူခဲ့ရပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နဲ့ ဇနီးက လာရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။

ဒီနောက် ဇန်နဝါရီ ပထမပတ်ထဲမှာပဲ ဆေးကုသမှု ဆက်လက်ခံယူဖို့ ထိုင်းနိုင်ငံကို ဒုတိယအကြိမ် ထွက်ခွာသွားတာလည်း ဖြစ်ပါတယ်။

ထိန်ထိန်လင်း

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *