Sponsored

ကမ္ဘာကျော်ဘောလုံးသမားစီရော်နယ်ဒိုဟာ သူ့ပိုင်ဆိုင်တဲ့ဟိုတယ်တွေကို ကိုရိုနာဗိုင်းရပ်စ် ကူး စက်ခံရသူတွေအတွက်ဆေးရုံ အဖြစ်ပြောင်းလဲဖွင့်လှစ်သွားမှာဖြစ်သလို ကိုရိုနာဗိုင်းရပ်စ်ကူး စက် ခံရသူတွေအတွက် ဆေးဝါးကုသပေးသွားမယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူတွေကို ကုသပေးမယ့် ဆရာဝန်၊ သူနာပြုတွေအတွက်လစာကိုလည်း စီရော်နယ်ဒိုက ကုန် ကျခံပေးသွားမှာဖြစ်ကြောင်း မာကာ သတင်းဌာနကဆိုပါတယ်။ စီရော်နယ်ဒိုပိုင်ဆိုင်တဲ့ PestanaCR7 ဟိုတယ်ကိုလာမယ့်သီတင်းပတ်မှာ Covid 19 လို့အမည် ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေအတွက် ဆေးရုံအဖြစ်ပြောင်းလဲ သွားဖွယ်ရှိနေ ပါတယ်။

Sponsored
@Twitter

စီရော်နယ်ဒိုဟာ ဆေးရုံမှာလာကုသသူတွေကို အခကြေးငွေမယူဘဲ အခမဲ့ကုသပေး မယ်လို့ သိ ရပါတယ်။ စီရော်နယ်ဒိုက “ ပေါ်တူဂီနိုင်ငံရှိ ကျွန်တော်ပိုင်ဆိုင်တဲ့ဟိုတယ်တွေကိုကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူတွေအတွက် ဆေးရုံအဖြစ်ပြောင်းလဲသွားမယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံမှုကနေ ပြန် ကောင်းမွန်ဖို့ ကြိုးပမ်းနေသူတွေကို ကူညီပေးသွားမှာပါ။ ဆေးကုသစရိတ် ပေးစရာမလိုဘဲ ကျွန်တော်က ဆရာဝန်တွေ အတွက်ကုန်ကျစရိတ်တွေ ပေးသွားမှာပါ၊ “ လို့ တွစ်တာ ကတဆင့် သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ လေဖြတ်နေတဲ့ မိခင်ဖြစ်သူရှိတဲ့ ပေါ်တူဂီ နိုင်ငံကိုရောက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိစောင့်ကြည့်ခံနေရပါတယ်။

Writer_Zeko(Sportsreader)

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *