Sponsored

ကျနော့်ရဲ့ယာဥ်ဝင်တိုက်ခံရမှု(၄.၂.၂၀၁၉) ကျုံကကျေးရွာတံတားနားယာဥ်တိုက်မှုနဲ့ပတ်သက်ပီးအပုံနဲ့တကွတင်ပေးလိုက်ပါတယ်။

မတိုက်ခင်ကပုံ ပထမဆုံးပုံနဲ့ နောက်ဆုံးပုံလက်ရှိပုံ၊ ပထမအကြိမ်မှ တတိယအကြိမ်အထိခွဲစိတ်ပြီးပုံ၊ အဆင့်ဆင့်ကိုတစ်ပုံချင်းအောက်မှရေးပြထားပေးပါတယ်။ ရေးပြထားပေးပါတယ်။

ဆိုင်ကယ်မတိုက်ခင်က Seminar ဖတ်တုန်းကပုံ

ဒီလိုဆေးရုံကြီးကသေမယ်ပြောထားပီးကုသမှုငွေပေါင်းသိန်းရာချီကုန်ဆုံးမှု ရုံးပစ္စည်းများပျောက်ဆုံးပျက်စီးလို့ပြန်လည်ပေးလျော်ရမှု၊ နစ်နာမှုပေါင်းများစွာဖြစ်တာတောင်တရားခံထောင်၆လဘဲတဲ့လေ။

Sponsored
ဖြစ်ဖြစ်ချင်းမော်လမြိုင်ဆေးရုံကြီးမှာသတိလစ်နေချိန်
ထိုင်းနိုင်ငံမှာရိုက်ထားတဲ့CT မျက်နှာအတွင်းပိုင်းထက်ခြမ်းကွဲနေပုံ
ထိုင်းဆေးရုံရောက်ပီးမသေတော့ဘူးဟုပြောပီးမခွဲစိတ်ရခင်ပုံ

အခုလက်ရှိလည်းမျက်နှာတစ်ခုလုံးစတီးတွေအစားထိုးထားရလို့ အေးတဲ့အချိန်ဆိုအရမ်းနာကျင်ကိုက်ခဲပီးညဘက်အိပ်လို့မရတဲ့အထိဖြစ်ရပါတယ်။ ပြန်လည်ခွဲစိတ်မှုလည်း၃လပိုင်းပြန်ထပ်လုပ်ရပါဦးမယ်။

မခွဲစိတ်ခင်
ပထမအကြိမ်ခွဲစိတ်အပြီးပုံ

ပထမအ​ကြိမ်မခွဲစိတ်ခင်ဒုရဲအုပ်ကိုဆေးဖိုးဝိုင်းကူညီပေးဖို့ပြောပေးဖို့အကူအညီတောင်းတော့အဲ့လူပြောတာကတရားခံကအုတ်ဖိုလုပ်သား တစ်နေ့လုပ်တစ်နေ့စားရွေ့ပြောင်းလုပ်သား ဆွေမရှိမျိုးမရှိတစ်ကောင်ကြွက်
တရားရုံးလာဖို့တောင်သူကtaxiခပေးပေးနေရတယ်ဟုပြောခဲ့တာပါ။

ပထမအကြိမ်ခွဲစိတ်ပီးချုပ်ရိုးဖြည်ပုံ
တတိယအကြိမ်ခွဲစိတ်ပြီးပုံ

နောက်ပိုင်းစုံစမ်းကြည့်တော့တရားခံကအပေါင်ဥတ္တံားအတွင်းရွာ မွန်စုရပ်ကွက်မှာနေထိုင်ပီး ဆွေမျိုးမောင်နှမစုံလင်စွာရှိပီးငွေကြေးရှိသူဖြစ်ပါတယ်။

အမိန့်ချပီးတာကိုတောင်လွှတ်တော်ကိုယ်စားလှယ်ကကူညီပေးလို့သိရတာပါ။

ယခုလက်ရှိပုံ

ကျေးဇူးပြုပီးShareပေးကြပါခင်ဗျာ

Source: Harry Harry

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *