Sponsored

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ဓာတ်ခွဲအတည်ပြုလူနာအသစ် ၂ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက် ည ၁၀ နာရီခွဲအချိန်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ Case-09 ကတော့ ထိုင်းနိုင်ငံကနေ မြဝတီမြို့ကတဆင့် ပြန်လည်ဝင်ရောက်လာပြီး ရန်ကုန် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်နေအိမ်ကို မတ် ၂၆ ရက်မှာ ပြန်ရောက်လာတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။

ထိုင်းမှ ပြန်ဝင်လာသူ ၁ ဦးနှင့် မင်္ဂလာတောင်ညွှန့်မှ လူနာနှင့် ထိတွေ့ခဲ့သူတွင် ဗိုင်းရပ်စ်တွေ့ရှိ

သူပြန်ရောက်တဲ့နေ့မှာပဲ ဖျားတာ၊ ချောင်းဆိုးတာကြောင့် ပုလဲမြို့သစ် ပြည်သူ့ဆေးရုံမှာ သီးသန့်စောင့်ကြည့်ထားရာကနေ ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအတည်ပြုလိုက်တာပါ။

Sponsored

ဓာတ်ခွဲအတည်ပြုလူနာ Case-10 ကတော့ မင်္ဂလာတောင်ညွန့်နေ (Case-05) လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့ပြီး ဝေဘာဂီဆေးရုံမှာ hospital quarantine ထားရှိစစ်ဆေးရာကနေ ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအတည်ပြုတာပါ။

သူကတော့ နိုင်ငံခြားခရီးသွားထားခြင်း မရှိဘဲ ပြည်တွင်းမှာ တဆင့်ကူးစက်ခံရတာ ဖြစ်ပါတယ်။

ထိုင်းကပြန်ဝင်လာသူများအား တွေ့ရစဉ်

အခုဆိုရင် မြန်မာနိုင်ငံမှာ မတ်လကုန် ၂၉ ရက်နေ့ ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ဦး၊ စောင့်ကြည်/သံသယလူနာပေါင်း ၄၇၅ ဦး ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ တွေ့ရှိလာတာကြောင့် အဆိုပါလူနာတွေနဲ့ အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူတွေကို ရှာဖွေဖော်ထုတ်ပြီး အသွားအလာတားမြစ်ပိတ်ပင်ကာ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်တွေကို တိကျစွာလိုက်နာ ဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *