အုပ္စုေခါင္းေဆာင္နဲ႔ အမ်ဳိးသားေခါင္းေဆာင္

အုပ္စုေခါင္းေဆာင္နဲ႔ အမ်ဳိးသားေခါင္းေဆာင္ ( ဓာတ္ပံု - သီဟဆန္းသစ္ )

ၾကားရ ၾကားရ နားဝမွာ မခ်မ္းသာဆိုသလို ႏိုင္ငံအႏွံ႔ ေပၚထြက္ေနေသာသတင္းမ်ားကား စိတ္ခ်မ္းသာ စရာနည္းပါး၍ စိတ္ေမာစရာသတင္းေတြမ်ားေလသည္။ ဆိုးတဲ့သတင္းမွသတင္းျဖစ္ၿပီး သတင္း ေကာင္းတို႔ေပၚမလာတတ္ေသာ သဘာဝေပလားဟုပင္ ထင္ျမင္မိပါသည္။ ရဲတပ္ဖြဲ႕ဝင္ေလးဦးက အရက္မူးေနေသာ အရပ္သားလူငယ္တဦးကို႐ိုက္ႏွက္ဖမ္းဆီးရာမွ ဒဏ္ရာျပင္းထန္ၿပီး ရန္ကုန္ေဆး႐ံုတြင္ ေသဆံုးသြားေသာသတင္းကို ဖတ္ရသည္။ ရဲအေၾကာင္းကို သီးသန္႔ေဆာင္းပါးေရးဦးမည္ျဖစ္သျဖင့္ သိပ္မေျပာခ်င္ေတာ့။ မျဖစ္သင့္တာေတြျဖစ္ေနတာကေတာ့ အမွန္ပင္။ အသက္ ၂ ႏွစ္ပင္မျပည့္ေသးေသာ ကေလးမေလးကို ကိုရင္ႀကီးတပါးက မဖြယ္မရာျပဳက်င့္ေသာသတင္း၊ ေနျပည္ေတာ္တြင္ မူႀကိဳေက်ာင္း၌ ၂ ႏွစ္ ေက်ာ္အရြယ္ မိန္းကေလးကိုမဖြယ္မရာျပဳက်င့္ႀကံၿပီးေနာက္ တလၾကာသည့္တိုင္ တရားခံေဖာ္မရေသးသည့္ သတင္းတို႔က ရင္ေမာဖြယ္သတင္းမ်ားျဖစ္သည္။ စာေရးသူ၏အယူအဆကို ေျပာရလွ်င္ လူဆိုသည္မွာ ဖိထားလွ်င္ၾကြခ်င္သည္။ အေမွာင္ခ်ထားလွ်င္ ပို၍ၾကည့္ခ်င္သည္။ မစမ္းသပ္ရဆိုလွ်င္ ပို၍စမ္းခ်င္သည္။ ျမန္မာျပည္မွာ မုဒိမ္းမႈေတြ၊ သက္ငယ္မုဒိမ္းမႈေတြ ယခင္ကထက္ ပိုမိုျဖစ္ပြားလာမႈတြင္ အဓိကတရားခံသည္ WY ေဆးျပားမ်ားႏွင့္ ဟန္းဖုန္းမ်ားေၾကာင့္လည္းပါသည္။

သူမ်ားႏိုင္ငံမွာလည္း ဟန္းဖုန္းေတြရွိသည္။ သို႔ေသာ္ သူတို႔ဆီတြင္ စိတ္ထြက္ေပါက္ေတြေပးထားသည္။ စင္ကာပူတြင္ ျပည့္တန္ဆာခန္းေတြကို တရားဝင္ေဆာင္ရြက္ခြင့္ျပဳထားသည္။ ဂ်ပန္ေခတ္က ရန္ကုန္တြင္ ေဆာင္ၾကာၿမိဳင္ေတြတရားဝင္ဖြင့္လွစ္ထားသည္။ မုဒိမ္းမႈျဖစ္သည္ဟု သိပ္မၾကားရ။ လိင္ကိစၥအတြက္ လိုအပ္လာပါလွ်င္ ကေလးေတြကိုလက္တည့္စမ္းစရာမလို၊ မုဒိမ္းမႈေတြက်ဴးလြန္စရာမလုိ။ ျမန္မာျပည္မွာေတာ့ ယဥ္ေက်းမႈဆိုေသာ ေထာင္ေခ်ာက္ထဲမွာ ေရွး႐ိုးစဥ္လာထံုးစံေတြႏွင့္ ပိတ္မိေနသည္။ ဘာကိုပဲဆံုးျဖတ္ဆံုးျဖတ္ ေရွး႐ိုးစြဲအျမင္ေတြႏွင့္ ၾကည့္ၾကတာထံုးစံျဖစ္ေနသည္။ လႊတ္ေတာ္ထဲတြင္ အမ်ဳိးသမီးလႊတ္ေတာ္ အမတ္တဦးက ျပည့္တန္ဆာလုပ္ငန္းကို တရားဝင္ခြင့္ျပဳေပးဖို႔ အဆိုတင္သည္။ သူ႕အဆိုက ရည္ရြယ္ခ်က္ ေကာင္းသည္။ ျပည့္တန္ဆာေတြ၏ဘဝကိုဥပေဒျဖင့္ ကာကြယ္ႏိုင္မည္။ ေရာဂါကူးစက္တာေတြကို ထိန္းခ်ဳပ္ႏိုင္မည္။ မုဒိမ္းမႈေတြေလ်ာ့က်သြားႏိုင္သည္။ သို႔ေသာ္အားလံုးက ဝိုင္းဆဲၾကသည္။ ထိုအမ်ဳိးသမီး အမတ္၏ အဆိုလည္းရပ္တန္႔သြားသည္။ တိုင္းျပည္က ပညာရည္နိမ့္က်ကာ ဆင္းရဲရသည့္ အထဲ ျပႆနာကေပါင္းစံုသည္။ ဤသို႔ေသာ္ႏိုင္ငံတြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ေခါင္းေဆာင္လာျဖစ္ရသည္။

သူမကိုထိုးႏွက္တိုက္ခိုက္သူမ်ားက ႏိုင္ငံေရးျဖင့္တိုက္ခိုက္၍မရေသာအခါ ပုဂၢိဳလ္ေရးျဖင့္တိုက္ခုိက္ၾကသည္။ ေအာက္စက္ေတာ္ရာရွိ အမ်ိဳးသမီးမဝင္ရ အခန္းထဲသို႔ဝင္ေရာက္ကာ ဖူးေျမာ္ပူေဇာ္သည္ဟု ကမၻာပ်က္ခမန္း ေအာ္ဟစ္ၾကသည္။ ျမန္မာျပည္တြင္ အခ်ဳိ႕ဘုရားမ်ားသည္ က်ားမမေရြး ဖူးေျမာ္ခြင့္ရွိသည္။ အခ်ဳိ႕ဘုရားမ်ား သည္ မိန္းမ မဝင္ရဟု ကန္႔သတ္ထားသည္။ ဘယ္သူက ကန္႔သတ္ထားသနည္း၊ ဝင္ရ၊ မဝင္ရကို မည္သူက ဆံုးျဖတ္ခ်က္ခ်သနည္းဟူမူ ဘုရားေဂါပကေတြက ဆံုးျဖတ္ခ်က္ခ်ျခင္းျဖစ္သည္။ ေဂါတမဗုဒၶက ဆံုးျဖတ္ခ်က္ခ် ျခင္းမဟုတ္။ ရွင္အာနႏၵာက ဆံုးျဖတ္ျခင္းမဟုတ္၊ ရွင္ေမာဂၢလာန္၊ ရွင္သာရိပုတၲရာ၊ ရွင္မဟာကႆပတို႔က ဆံုးျဖတ္ျခင္း မဟုတ္။ ကြမ္းတပ်စ္ပ်စ္ဝါး၊ မယားႏွင့္အိပ္၊ ကာမဂုဏ္ငါးပါးခံစားကာ ေတာေျပာ ေတာင္ေျပာ ေျပာတတ္ေသာ ေဂါပကဆိုသူမ်ား၏ ႏႈတ္ထြက္စကားမ်ားမွတဆင့္ စည္းကမ္းလိုလို၊ ႐ိုးရာလိုလို၊ ပညတ္ခ်က္လိုလိုျဖစ္ ေပၚလာရျခင္းျဖစ္သည္။

ပိဋကတ္သံုးပံုတြင္ မိန္းမ မဝင္ရဟု ေဟာၾကားထားေသာ တရားေတာ္တလံုး တပါဒမွ်ပင္ မရွိေခ်။ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးသေဘာကေတာ့ ရွင္းသည္။ လူတေယာက္၏ တန္ဖိုးကို ေယာက္်ား ျဖစ္ျခင္း၊ မိန္းမျဖစ္ျခင္းႏွင့္ မတိုင္းတာ။ သူ၏သီလ၊ သမာ ဓိ၊ ပညာႏွင့္သာတိုင္းတာသည္။ သက္ေတာ္ထင္ရွား ျမတ္စြာဘုရား လက္ထက္ကပင္ အမ်ိဳးသမီးမာတုဂါမမ်ားကို လက္ခံေတြ႕ဆံု၍ တရား ေရေအးအၿမိဳက္ေဆး ေဟာၾကားခဲ့ေၾကာင္း သက္ေသထင္ရွားရွိသည္။ ယေသာ္ဓရာကို တရားေဟာခဲ့သည္။ မိေထြးေတာ္ေဂါတမီကို တရား ေဟာခဲ့သည္။ ပဋာစာရီကို တရားေဟာခဲ့သည္။ ဗုဒၶသာသနာတြင္ ဧတဒဂ္ရ အမ်ဳိးသမီးရဟန္းမိန္းမ ၁၃ ပါးရွိသည္။ ဧတဒဂ္ဘြဲ႕ရ လူမိန္းမ ၁ဝ ေယာက္ရွိသည္။ ျမတ္စြာဘုရားသည္ သီလရွိေသာ အမ်ဳိးသမီးမ်ား ကို ခ်ီးေျမႇာက္သည္သာျဖစ္၏။ အမ်ဳိးသမီး မဝင္ရဟုဆိုကာ အေဝးမွေဟာ ၾကားခဲ့ျခင္းမဟုတ္ပါေခ်။ အမ်ဳိးသမီးမ်ား ဘုရားအနား မကပ္ရဆိုသည္မွာ ေနာင္တေခတ္တြင္မွ ေဂါပကတို႔ထြင္လာခဲ့ၿပီး ႐ိုးရာအစဥ္အလာလိုလို ျဖစ္ေနခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံတႏိုင္ငံတြင္ အုပ္စုေခါင္းေဆာင္ႏွင့္ အမ်ဳိးသားေခါင္းေဆာင္ဟူ၍ ရွိသည္။ အုပ္စုေခါင္းေဆာင္ဆိုသည္မွာ မိမိတို႔ပါတီ၊ မိမိ တို႔အုပ္စုအက်ဳိးကိုသာ ဦးထိပ္ပန္ဆင္အဓိကထားကာ ေဆာင္ရြက္ တတ္သူ၊ စဥ္းစားတတ္ သူျဖစ္သည္။ ႏိုင္ငံတႏိုင္ငံလံုး၏ အက်ဳိးစီးပြားထက္ မိမိေဆြမ်ဳိး၊ မိမိဇာတိရပ္ရြာ၊ မိမိအုပ္စုတစုဘဝကို တိုးတက္ေစဖို႔ ေဆာင္ရြက္တတ္သူမ်ားျဖစ္သည္။ စစ္အစိုးရလက္ထက္တြင္ ဗိုလ္ခ်ဳပ္ေတြ အာဏာရသည္ႏွင့္ ပထမဆံုးေဆာင္ရြက္သည္မွာ မိမိဇာတိရပ္ရြာကိုဘက္ေပါင္းစံုမွ ျမႇင့္တင္ေပးၾကျခင္းျဖစ္သည္။ ဗိုလ္ခ်ဳပ္ခင္ၫြန္႔ အာဏာရသည္ႏွင့္ သန္လ်င္ႏွင့္ေက်ာက္တန္းကိုလည္းေကာင္း၊ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊ အာဏာရသည္ႏွင့္ ေက်ာက္ဆည္ၿမိဳ႕တဝိုက္ကိုလည္းေကာင္း၊ ဦးေအာင္ေသာင္းအာဏာရေသာအခါ ေတာင္သာၿမိဳ႕တဝိုက္ကို လည္းေကာင္းဖိ၍ ဖြံ႕ၿဖိဳးေရးေတြလုပ္ေတာ့သည္။ အျခား စစ္ဗိုလ္ခ်ဳပ္မ်ားကလည္း မိမိေဒသတဝိုက္တြင္ တကယ္လိုအပ္သည္ျဖစ္ေစ၊ မလိုအပ္သည္ျဖစ္ေစ တံတားေဆာက္ျခင္း၊ လမ္းေဖာက္ျခင္း၊ ဆည္ေျမာင္းေဆာက္ျခင္း၊ တကၠသိုလ္မ်ားတည္ေဆာက္ျခင္း၊ ဓာတ္အားေပးစက္႐ံုခြဲမ်ား ဖြင့္လွစ္ျခင္းမ်ားကို အၿပဳိင္အဆိုင္ျပဳၾကသည္။ မိမိပါတီဝင္မ်ား၊ မိမိကိုေထာက္ခံသူမ်ား၊ မိမိ၏အမာခံနယ္ေျမမ်ားကို အဓိကထား၍ ကူညီပံ့ပိုးၾကသည္။ မိမိတို႔အဖြဲ႕ကိုဆန္႕က်င္သူမ်ား ေနထိုင္ရာေဒသကိုေတာ့ လ်စ္လ်ဴ႐ႈထားေလ့ရွိသည္။ ထို႔ေၾကာင့္ပင္ ေနျပည္ေတာ္သို႔ ၿမိဳ႕ေတာ္ေျပာင္းေရႊ႕သြားၿပီးေနာက္ ရန္ကုန္ၿမိဳ႕ႀကီးသည္ ဘက္ေပါင္းစံုမွ ျပဳျပင္ထိန္းသိမ္းမႈကင္းမဲ့ေနသည္မွာ ၂ဝ၁၅ အထိျဖစ္သည္။ ဤသည္မွာ အုပ္စုေခါင္းေဆာင္တို႔၏ စိတ္ဓာတ္ျဖစ္သည္။

အမ်ိဳးသားေခါင္းေဆာင္ဆိုသည္ကား ဤသို႔မဟုတ္။ မိမိ မိသားစုေဆြမ်ဳိး၊ မိမိ၏ေမြးရပ္ဇာတိ၊ မိမိပါတီ၊ မိမိကိုေထာက္ခံသူ၊ မိမိအုပ္စုအက်ဳိးမဟုတ္ေစကာမူ တႏိုင္ငံလံုးႏွင့္ဆိုင္ေသာ အက်ဳိးေက်းဇူးမ်ားမည့္ ကိစၥမ်ဳိးကို ေဆာင္ရြက္ေလ့ရွိၾကသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း သည္ အမ်ဳိးသားေခါင္းေဆာင္ျဖစ္၏။ သူသည္ မိမိပါတီအက်ဳိးကိုသာေဆာင္ရြက္သြားျခင္း မရွိ၊ မိမိေနရာယူထားေသာ ေက်ာင္းသားသမဂၢ အက်ဳိးသက္သက္၊ တို႔ဗမာအစည္းအ႐ံုးအက်ဳိးသက္သက္၊ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (B.I.A) အက်ဳိးသက္သက္၊ ဖဆပလ အဖြဲ႕ခ်ဳပ္အက်ဳိးသက္သက္၊ ဘုရင္ခံ၏အမႈေဆာင္ေကာင္စီ အစိုးရအဖြဲ႕ အက်ဳိးသက္သက္၊ ဗမာလူမ်ဳိးအက်ဳိးသက္သက္ကိုသာ ေဆာင္ရြက္သြားျခင္းမဟုတ္ဘဲ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ားအား လံုးအက်ဳိးအတြက္ စြမ္းစြမ္းတမံေဆာင္ရြက္သြားခဲ့သည္ကို အားလံုးအသိအမွတ္ျပဳပါ၏။ သူႏွင့္ေခတ္ၿပိဳင္မ်ားျဖစ္ေသာ သခင္စိုး၊ သခင္သန္းထြန္း၊ ဦးႏု၊ ဦးေက်ာ္ၿငိမ္း၊ ဦးဗေဆြ၊ ဦးေနဝင္းတို႔သည္ ေခါင္းေဆာင္မ်ား ျဖစ္ၾကေသာ္လည္း အမ်ဳိးသားေခါင္းေဆာင္အဆင့္အထိ ေရာက္မလာၾကေပ။ အုပ္စုေခါင္းေဆာင္အဆင့္မွာပင္ ေက်နပ္ၾကရသည္။ အဓိကကြာျခားခ်က္မွာ အုပ္စုစြဲ ဂိုဏ္းဂဏစြဲကို လြန္ေျမာက္ႏိုင္ျခင္း ျဖစ္သည္။ ကြန္ျမဴနစ္ပါတီကို စတင္တည္ေထာင္သူထဲတြင္ တဦးအပါအဝင္ျဖစ္ေသာ သခင္ေအာင္ဆန္းသည္ ေနာင္တခ်ိန္၌ လြတ္လပ္ေရးႀကိဳးပမ္းမႈတြင္ ကြန္ျမဴနစ္ပါတီက အဟန္႔အတား အေႏွာင့္အယွက္သဖြယ္ျဖစ္လာေသာအခါ ကြန္ျမဴနစ္ပါတီကို သူကိုယ္တိုင္ ဖဆပလအဖြဲ႕ခ်ဳပ္ႀကီးမွ ထုတ္ပယ္ခဲ့သည္။ ဘုရင္ခံ၏အမႈေဆာင္ေကာင္စီတြင္ ဒုတိယသဘာပတိအျဖစ္ အစိုးရအဖြဲ႕တြင္ သူေခါင္းေဆာင္ျဖစ္လာေသာအခါတြင္လည္း ဇာတိျဖစ္သည့္ နတ္ေမာက္ၿမိဳ႕ကြက္ကြက္ေကာင္းစား ေရးကို တခုမွလုပ္မသြားဘဲ ျမန္မာတျပည္လံုးလြတ္လပ္ေရးကိစၥကိုသာ အားသြန္ခြန္စိုက္ ေဆာင္ရြက္သြားခဲ့ျခင္းက သက္ေသျဖစ္သည္။ ေခါင္းေဆာင္ေကာင္းဆိုသည္မွာ လူမ်ဳိးစြဲ၊ ဇာတိစြဲ၊ အတၲစြဲ ကင္းရသည္။ ထိုသို႔စိတ္ သေဘာထားျပည့္ဝသူကိုမွ တိုင္းသူျပည္သားမ်ားက အမ်ဳိးသားေခါင္းေဆာင္အျဖစ္ ေလးေလးစားစား အသိအမွတ္ျပဳမည္ျဖစ္သည္။ အာဏာရေနစဥ္ မိမိကုိယ္က်ိဳး မိမိအဖြဲ႕အက်ဳိးကိုသာ ေဆာင္ရြက္ခဲ့သူမ်ားသည္ မည္သို႔ပင္ ဓားမိုး၍ ၿခိမ္းေျခာက္သည္ျဖစ္ေစ အမ်ဳိးသားေခါင္းေဆာင္ဟု မည္သူကမွ သတ္မွတ္မည္မဟုတ္ေခ်။

ေဒၚေအာင္ဆန္းစုၾကည္သည္ အုပ္စုေခါင္းေဆာင္လား၊ အမ်ဳိး သားေခါင္းေဆာင္လားဟု ေမးစရာရွိသည္။ လိုလားသူမ်ားက အမ်ဳိးသားေခါင္းေဆာင္ဟု ေျပာၾကၿပီး မလိုလားသူမ်ားက အုပ္စုေခါင္းေဆာင္ ဟုသာ ေျပာၾကမည္ျဖစ္သည္။ သူ႕အျမင္ႏွင့္သူ ျဖစ္သည္။ သို႔ေသာ္ အမွန္တရားဆိုသည္မွာ ခ်စ္ျခင္း၊ မုန္းျခင္းျဖင့္ ၾကည့္ေနေျပာေန႐ံုႏွင့္ မၿပီး ခိုင္မာေသာအခ်က္အလက္ကို အေျခခံ၍ ဆံုးျဖတ္မွမွန္ေပမည္။ ေဒၚေအာင္ဆန္း စုၾကည္ အာဏာရလာေသာအခါ အုပ္စုစြဲ ရွိ၊ မရွိ၊ အုပ္စုအက်ဳိးကိုသာၾကည့္၊ မၾကည့္ေလ့လာရမည္။ အရင္ဆံုး ျမင္သာ ထင္သာရွိမႈမွာ ႀကံ့ခိုင္ေရးပါတီ အစိုးရလက္ထက္ကတည္းက ဦးသိန္းစိန္အသံုးျပဳခဲ့ေသာ သမၼတ႐ံုးေျပာခြင့္ဆိုခြင့္ရွိသူ ဦးေဇာ္ေဌး(မွဴးေဇာ္)ကို ေျပာေရးဆိုခြင့္ရွိသူအျဖစ္ ဆက္လက္ခန္႔ထားသျဖင့္ အားလံုးက အံ့ၾသသြားၾကသည္။ ေဒၚေအာင္ဆန္းစုၾကည္သည္ ေျမြေပြးခါးပိုက္ ပိုက္သလိုရွိေတာ့မည္ (ယခင္အစိုးရ၏ လူယံုေတာ္ကို ကိုယ့္အနီးတြင္ထားျခင္းသည္ အႏၱရာယ္ရွိႏိုင္သည္)ဟူေသာ အျမင္မ်ားျဖင့္ ကြၽန္ေတာ္ အပါအဝင္အားလံုးက ေဝဖန္ၾကသည္။ ကြၽန္ေတာ္တို႔သည္ အုပ္စုေခါင္း ေဆာင္ အျမင္ျဖင့္ ေဝဖန္ၾကျခင္းျဖစ္သည္။ ေဒၚေအာင္ဆန္းစုၾကည္သည္ အုပ္စုတစု၏ေခါင္းေဆာင္စိတ္ဓာတ္မွ်သာမကဘဲ အမ်ဳိးသားေခါင္း ေဆာင္စိတ္ဓာတ္ရွိေၾကာင္း ထင္ထင္ရွားရွားစတင္ေတြ႕ရသည္။ ႀကံ့ခိုင္ ေရးပါတီမွလူမ်ားကို ဝန္ႀကီးရာထူးမ်ားပင္ ေပးလိုက္ေသးသည္။ သူရဦးေအာင္ကိုအား သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီး အျဖစ္လည္းေကာင္း၊ ဦးသိန္းေဆြကို အလုပ္သမား၊ လူဝန္မႈႀကီး ၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီး ဌာနဝန္ႀကီးအျဖစ္ လည္းေကာင္း၊ ဦးေရႊမန္းကို အထူးဥပေဒမ်ားေလ့လာ ဆန္းစစ္ေရး ေကာ္မရွင္ဥကၠ႒ အျဖစ္လည္းေကာင္း၊ ဦးတီခြန္ျမတ္ကို ျပည္သူ႕လႊတ္ေတာ္ဒုတိယဥကၠ႒ အျဖစ္လည္းေကာင္း ရာထူးမ်ား ေပးခဲ့ျခင္းက ေဒၚေအာင္ဆန္းစုၾကည္တြင္ အုပ္စုစြဲမရွိေၾကာင္း ထင္ရွားေလသည္။ ဦးသိန္းစိန္၏ ျပည္ခိုင္ၿဖိဳးပါတီ အစိုးရလက္ထက္တြင္ ေဒၚေအာင္ဆန္းစုၾကည္ကို လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္း စံုစမ္းစစ္ေဆး ေရးေကာ္မရွင္ ဥကၠ႒ရာထူးေပးဖူးသည္မွတပါး (ထိုရာထူးမွာလည္း မုန့္ေဝေတာ့မပါ၊ တုတ္ေဝေတာ့ မွပါဆိုေသာ အဆံုးအျဖတ္မွားလွ်င္ ႏိုင္ငံေရးေသ သြားႏိုင္ေသာ ေခ်ာက္ထဲထိုးခ်သည့္ ရာထူးျဖစ္သည္)။ အတိုက္အခံပါတီျဖစ္ေသာ NLD မွ လူမ်ားကို အဆင့္ ျမင့္ရာထူးမေျပာႏွင့္ အနိမ့္စားရာထူးမ်ားပင္ခြဲေဝ မေပးႏိုင္ခဲ့သည္အထိ အုပ္စုစြဲစိတ္ဓာတ္ျပင္းထန္ခဲ့သည္။ ဗိုလ္သန္းေရႊ၊ ဗိုလ္ခင္ၫြန္႔တို႔၏ နဝတ၊ နအဖ စစ္အစိုးရလက္ထက္တြင္မူကား စစ္အစိုးရသည္ NLD ကို အာဏာဖဲ့ေပးဖို႔ေနေနသာသာ ရပ္ကြက္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရး (ရဝတ) ရာထူးမွာပင္ မထားေပ။

ျပည္ၿမိဳ႕တြင္ ကြၽန္ေတာ့္သူငယ္ခ်င္း စိုးလြင္သည္ ၿမိဳ႕နယ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕ (မဝတ)႐ံုးတြင္ စာေရးႀကီး ျဖစ္သည္။ သူသည္ မည္သည့္ပါတီဝင္မွ မဟုတ္။ သို႔ေသာ္ သူ၏အစ္ကိုျဖစ္သူသည္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ ဝင္ျဖစ္သည္။ ႏိုင္ငံေရးတက္ၾကြလႈပ္ရွားသူျဖစ္သည္။ စိုးလြင္အစ္ကိုကိုစစ္အစိုးရက ႏိုင္ငံေရးအၿငႇိဳးအေတး ျဖင့္ (အျခားအေၾကာင္းျပကာ) ဖမ္းဆီးသည္။ ထိုအခါ မဆီမဆိုင္သူ႕ဘာသာ အလုပ္လုပ္ေနေသာစိုးလြင္ကိုပါ မည္သည့္အေၾကာင္းျပခ်က္မွမေပး၊ မည္သည့္ နစ္နာေၾကးမွမေပးဘဲ အလုပ္မွ တဖက္သတ္ရပ္စဲလိုက္ေလသည္။ အၿငႇိဳးအေတးမ်ားကား ေၾကာက္ဖြယ္ရာ တိတိ။ စိတ္ဓာတ္ေသးသိမ္မႈမ်ားကား ၾသခ်ရေလသည္။

လူတေယာက္ကို တိုင္းသူျပည္သားမ်ားက ဘာေၾကာင့္ ၾကည္ညိဳေလးစားသည္ဆိုျခင္းသည္ ကာယကံရွင္၏ ကာယကံ၊ ဝစီကံ၊ မေနာကံ ကံသံုးပါးကိုတည္မီွ၍ျဖစ္ေပၚလာသည္။ တေလာက မိတ္ေဆြ တဦးပို႔ေပးသျဖင့္ ေဒၚေအာင္ဆန္းစုၾကည္၏ မိန္႔ခြန္းအတိုေလးတခုကို နားေထာင္လုိက္ရသည္။ႏိုင္ငံျခား ေရာက္ ျမန္မာမ်ားကိုေျပာေသာ မိန္႔ခြန္းျဖစ္ပံုရသည္။ ယခင္မဲဆြယ္စည္း႐ံုးပြဲေတြမွာလို အားႏွင့္မာန္ႏွင့္ မေျပာႏိုင္ေတာ့။ အသက္ရလာသျဖင့္ ေလေအးေလး ႏွင့္ သူ႕ဘဝ၊ သူ႕ခံယူခ်က္ကို ေျပာေနျခင္းျဖစ္သည္။ ကြၽန္ေတာ္ၾကားရသည္မွာ ေအာက္ပါအတုိင္းျဖစ္သည္။ နားေထာင္ၾကည့္ၾကပါစို႔။

”ႏိုင္ငံျခားမွာ အလုပ္လုပ္ဖို႔လာတဲ့သူေတြက ေျပာတာဆိုလို႔ရွိရင္ ျမန္မာဆိုရင္ႏွိမ္ခ်င္တယ္၊ အထင္ ေသးခ်င္တယ္ စသည္ျဖင့္ ေျပာတာေတြၾကားရတယ္။ ၾကားရတဲ့အခါက်ေတာ့ ကြၽန္မစိတ္မေကာင္းဘူးေပါ့ ေနာ္။ ဒါေပမဲ့လည္း ဒီဟာဟာ မျပဳျပင္ႏိုင္တဲ့ကိစၥ မဟုတ္ပါဘူး။ ကမၻာႀကီးဆိုတာ တခ်ိန္လံုးပဲေျပာင္းလဲေန တာပဲ။ တန္ဖိုးထားေတြဆိုတာလည္း တခ်ိန္လံုးပဲ ေျပာင္းလဲေနတာပဲ။ ကိုယ့္ကိုတန္ဖိုးထားေအာင္ လို႔ဆိုေတာ့ ကိုယ္ကိုယ္တိုင္ကလည္း တန္ဖိုးထားေအာင္ လုပ္ယူရမယ္။ ကိုယ့္ႏိုင္ငံကိုပဲ အျပစ္ဖို႔ေန လို႔မရဘူး။ ငါတို႔ႏိုင္ငံက မ်က္ႏွာငယ္လို႔ ငါတို႔မ်က္ႏွာ ငယ္တယ္ဆိုတဲ့စိတ္ ထားမယ့္အစား၊ ငါတို႔ႏိုင္ငံ မ်က္ႏွာမငယ္ေအာင္လို႔ ငါတုိ႔လုပ္မယ္ဆိုတဲ့စိတ္ဓာတ္ ေတြေတာ့ ေမြးျမဴဖို႔ လိုပါတယ္။ ဒီလိုလုပ္ဖို႔ ကြၽန္မတို႔ ဟာ အခြင့္အလမ္း ေတြစၿပီးေတာ့ ရလာပါၿပီ။ ျပည့္စံုတဲ့အခြင့္အလမ္းေတြလည္း မဟုတ္ေသးပါဘူး။ ဒါေပမဲ့လည္း ကြၽန္မတို႔ တေယာက္ခ်င္းတေယာက္ခ်င္းဟာ ဘယ္ေလာက္အထိေပးမလဲ၊ ဘယ္ေလာက္အထိ ကြၽန္မတို႔ႏိုင္ငံအတြက္ ေပးဆပ္မလဲဆိုတာ ကိုယ့္ဘာသာဆံုးျဖတ္ရမွာျဖစ္ပါတယ္။ ဒါမ်ဳိးဆိုတာ အတင္းလုပ္ခိုင္းလုိ႔ မရပါဘူး။ ေမတၲာေစတနာဆိုတာကေတာ့ အတင္းရွိရမယ္လို႔ ေျပာလို႔မရဘူး။ အတြင္းကပြားမွရမယ္။ ဘယ္လိုပဲ အေယာင္ေဆာင္လုပ္လို႔ေတာ့ ရတာေပါ့ေနာ္။ ဒါေပမဲ့ အေယာင္ေဆာင္တာနဲ႔ တကယ္စိတ္ထဲမွာ ရွိတာနဲ႔မတူဘူးဆိုတာ လူတိုင္းသိပါလိမ့္မယ္။

ကိုယ့္ဘာကိုယ္ဆံုးျဖတ္ရမယ္။ ဘဝဆိုတာ ဘာအတြက္လဲ။ ကိုယ့္ဘဝဆုိတာ ဘာအတြက္လဲ။ ကိုယ္ဒီေလာကႀကီးထဲေရာက္လာတာ ဘာအတြက္လဲဆိုတာ ကိုယ့္ဘာသာဆံုးျဖတ္ရမယ့္ကိစၥ။ တျခား လူေတြေျပာလို႔လည္း မရဘူး။ တျခားလူေတြလုပ္ေပးလို႔လည္း မရဘူး။ ကိုယ့္ဘာသာေမးရမယ္။ အဲေတာ့ ေနာက္ဆံုးက်ေတာ့ ကြၽန္မတို႔ဒီေလာက ႀကီးထဲေရာက္လာတာဟာ ယူဖို႔သက္သက္လား၊ ေပးဖို႔လား၊ အေပးအယူမွ်ဖို႔လားဆိုတာ အဲဒါကိုဆံုးျဖတ္ရမွာျဖစ္ပါတယ္။ ကြၽန္မတို႔ဟာ လူသားေတြဆိုေတာ့ အမ်ားအားျဖင့္ ေပးဖို႔သက္သက္ဆိုတာ၊ အဲလိုလုပ္ ႏိုင္မယ့္လူကေတာ့ လူနည္းစုပါပဲ။ အေပးအယူမွ် တယ္ဆိုတာ ေကာင္းပါတယ္။ မွ်မွ်တတ ကိုယ္ကလည္းေပးမယ္၊ ကိုယ္ကလည္းယူမယ္။ ကိုယ္လည္း ရယူခ်င္တယ္ဆိုတာ ဒါလည္း အင္မတန္မွသဘာဝက်ပါတယ္။ ဒါဟာ ပုထုဇဥ္လူသားေတြဆိုတာ ဒီလိုပဲရွိရမွာပဲ။ အဲဒီေတာ့ ကြၽန္မတို႔အေနနဲ႔ေပးပဲေပးပါလို႔ ေတာင္းဆိုပိုင္ခြင့္မရွိပါဘူး။ ဒါေပမဲ့ အေပးအယူ ဆိုတာမွ်ရမွာ ျဖစ္ပါတယ္။ ကိုယ္ကပိုၿပီးေတာ့ရခ်င္တယ္ဆိုတဲ့ စိတ္ဓာတ္ဟာဆိုရင္ေတာ့ ကိုယ့္အတြက္ လည္းမေကာင္း၊ ကိုယ့္ပတ္ဝန္းက်င္အတြက္လည္း မေကာင္းဘူး။ ကိုယ္က ကိုယ္ယူသေလာက္ေတာ့ ေပးမယ္ဆိုတဲ့မာနေလးေတာ့ အားလံုးမွာရွိေစခ်င္တယ္။ ဒါတန္ဖိုးရွိတဲ့လူသားဆိုတာ ဒါပဲ။ အနည္းဆံုးေတာ့ ကိုယ္ယူသေလာက္ျပန္ေပးရမယ္။ ကိုယ္ယူတာထက္ နည္းနည္းပိုၿပီးျပန္ေပးႏိုင္ရင္ေတာ့ ပိုၿပီးေတာ့တန္ဖိုး ရွိပါတယ္လို႔ ကြၽန္မေျပာပါရေစ။

ကြၽန္မ ႏိုင္ငံျခားကိုသြားတဲ့အခါက်လို႔ရွိရင္ အင္မတန္မွတိုးတက္တဲ့ ခ်မ္းသာတဲ့ႏိုင္ငံေတြ ကြၽန္မၾကည့္တယ္၊ ၾကည့္ၿပီးေတာ့ ကြၽန္မစိတ္ထဲမွာ ဘယ္လိုခံစားခ်က္ရွိလဲဆိုေတာ့ ကိုယ့္ကိုယ္ကိုယ္ျပန္ၿပီးေတာ့ သံုးသပ္တာေပါ့ေနာ္။ ဒီခ်မ္းသာမႈေတြ၊ ႐ုပ္ပိုင္းဆိုင္ရာ ခ်မ္းသာမႈေတြကိုအားက်သလား၊ မက္ေမာသလား၊ ကြၽန္မတို႔ အဲဒီလိုေနရာမွာေနရရင္ ေကာင္းမလားဆို တဲ့စိတ္ေတြျဖစ္သလားဆိုတာကို ကိုယ့္ကိုယ္ကိုယ္ ကြၽန္မက သံုးသပ္မိပါတယ္။ အထူးသျဖင့္ေပါ့ေနာ္ ကြၽန္မက ဟာဝိုင္ယီသြားတုန္းက ေသေသခ်ာခ်ာ စဥ္းစားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဟာဝိုင္ယီက အင္မတန္မွလွပတယ္။ ဒီပထဝီအားျဖင့္လည္း အင္မတန္မွလွပတယ္။ ေနာက္ၿပီးေတာ့ လူမႈအသိုင္းအဝိုင္း အားျဖင့္လည္း အင္မတန္မွစိတ္ခ်မ္းသာစရာ ေကာင္းတယ္။ ကြၽန္မေရာက္ဖူးတဲ့ႏိုင္ငံေတြ၊ အဲသူက ႏိုင္ငံရယ္လို႔ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ အေမရိကန္ျပည္ ေထာင္စုရဲ႕တစိတ္တပိုင္း ဒါေပမဲ့လည္း ကြၽန္မေရာက္ဖူးတဲ့ေနရာေတြထဲမွာဆိုလို႔ရွိရင္ ဒီလူမ်ဳိးအခ်င္းခ်င္း ျခားနားမႈမထားတာ၊ တေယာက္အေပၚ တေယာက္စာနာတာ၊ ခ်စ္ခင္တာ၊ ေဖာ္ေရြတာ အဲဒါေတြကေတာ့ အင္မတန္မွမ်ားပါတယ္ ဟာဝိုင္ယီမွာ။ ၿပီးေတာ့ ပထဝီအားျဖင့္ အင္မတန္လွပတယ္။ ခ်မ္းလည္း ခ်မ္းသာၾကတယ္။ အခုစင္ကာပူဆိုလို႔ရွိရင္လည္း အေရွ႕တိုင္းမွာ ခ်မ္းသာတယ္၊ တိုးတက္တယ္၊ သန္႔ရွင္းတယ္ေပါ့ေနာ္။ အဲဒါေတြရွိတယ္။ ဒါေပမဲ့ ကြၽန္မစဥ္းစားတယ္၊ ဟာဝိုင္ယီတုန္းက ဟာဝိုင္ယီကမ္းေျခ မွာေပါ့ေနာ္ ထိုင္ၿပီးေတာ့ ဒီပစိဖိတ္သမုဒၵရာႀကီးကို ၾကည့္လိုက္တဲ့အခါက်ေတာ့ ကြၽန္မက ဒီလိုေနရာမ်ဳိး မွာေနခ်င္သလား၊ ဒီလိုေနရာမ်ဳိးမွာေနလို႔ရွိရင္ စိတ္ခ်မ္းသာမလားဆိုၿပီးေတာ့ စဥ္းစားၾကည့္ၿပီးေတာ့ အမွန္ေျပာရင္ ကြၽန္မစိတ္ခ်မ္းသာမွာမဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္မ၊ ကြၽန္မတို႔ ျမန္မာႏိုင္ငံမွာတူတူပဲ ျပည္သူေတြနဲ႔အတူတူ လႈပ္ရွားရတာ၊ ႐ုန္းကန္ရတာ၊ တူတူဆင္းရဲမယ္ဆိုလည္း တူတူဆင္းရဲတာ ပိုၿပီးေက်နပ္မႈရွိတယ္လို႔ ကြၽန္မဒီလိုခံစားရတယ္။ ေက်နပ္မႈရွိတယ္ဆိုတာ ဆင္းရဲတာကို ေက်နပ္တာမဟုတ္ ဘူး။ ဘယ္သူမွဆင္းရဲတာကို ေက်နပ္စရာမလိုဘူး။ ဒါေပမဲ့တူတူ ဒီဆင္းရဲတဲ့အေျခ အေနကေနၿပီးေတာ့ ေဖာက္ထြက္ေအာင္လို႔လုပ္မယ္၊ လုပ္ႏိုင္တယ္၊ လုပ္လည္းလုပ္ခ်င္တယ္ဆိုတဲ့ အဲဒီ စိတ္ဓာတ္ေၾကာင့္မို႔လို႔ ကြၽန္မကပိုၿပီးေတာ့အဆင္ ေျပတဲ့ေနရာ၊ ပိုၿပီးေတာ့ခ်မ္းသာတဲ့ေနရာ၊ ပိုၿပီးေတာ့ သက္သာတဲ့ေနရာမွာ ေနခ်င္တဲ့စိတ္မရွိတာပါ

အရင္က အနစ္နာခံခဲ့တာေတြ၊ ဘယ္လိုေပးဆပ္ခဲ့တာေတြ၊ သူမ၏လုပ္ေဆာင္ခ်က္ေတြ၊ ႀကိဳက္ တာေတြ၊ မႀကိဳက္တာေတြထားလိုက္ဦး။ ဤမိန္႔ ခြန္းတခုႏွင့္ပင္ ေဒၚေအာင္ဆန္းစုၾကည္သည္ အုပ္စုေခါင္းေဆာင္ (Group Leader) အဆင့္မွ အမ်ဳိးသားေခါင္းေဆာင္ (National Leader) ျဖစ္သြားၿပီျဖစ္သည္။ သူ႕မိန္႔ခြန္းတြင္ NLD ဆိုတာလည္း တခြန္းမွမပါ။ မဲေပးၾကပါဟုဆြယ္တာလည္း တခြန္းမွမပါ၊ အတိတ္ကစစ္ဗိုလ္ခ်ဳပ္ေတြ မေကာင္းေၾကာင္းလည္း တခြန္းတပါဒမွမပါ၊ ဗမာလူမ်ဳိးအတြက္သာဟူေသာ စကားလည္း တခြန္းမွမပါ။ နတ္ေမာက္ၿမိဳ႕အတြက္သက္သက္၊ တကၠသိုလ္ရိပ္သာလမ္းအတြက္ သက္သက္၊ ေကာ့မွဴးမဲဆႏၵနယ္အတြက္ သက္သက္ဆို ေသာစကားလည္းတခြန္းမွမပါ။ ၅၄ သန္းေသာ ျပည္သူလူထုအတြက္ သူေျပာသြားသည္။ ၁၃၅ မ်ဳိးေသာ တိုင္းရင္းသားအားလံုးအတြက္ ေျပာသြားသည္။ ႏိုင္ငံ့ေကာင္းစားေရးအတြက္ ေျပာသြားသည္။ လူတေယာက္မွာ ထားသင့္ေသာစိတ္ဓာတ္အေၾကာင္းကိုေျပာသြားသည္။ ဒါသည္ပင္ အမ်ဳိးသားေခါင္း ေဆာင္ျဖစ္ထိုက္ေသာ အရည္အေသြးျဖစ္သည္။

ကြၽန္ေတာ္တို႔သမိုင္းမွာ ႏိုင္ငံေတာ္၏အာဏာကိုရယူခဲ့သူေခါင္းေဆာင္ေတြ မ်ားစြာရွိသည္။ ကြၽန္ေတာ့္သက္တမ္းတြင္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ ေခတ္၊ နဝတစစ္အစိုးရေခတ္၊ နအဖစစ္အစိုးရေခတ္၊ ဦးသိန္းစိန္အစိုးရေခတ္၊ NLD ႏွင့္ ေဒၚေအာင္ဆန္း စုၾကည္ေခတ္ကိုမီခဲ့သည္။ ေခါင္းေဆာင္ဆိုသူမ်ား စြာကိုေတြ႕ဖူးသည္။ ထိုေခါင္းေဆာင္ေတာ္ေတာ္မ်ားမ်ားသည္ အုပ္စုတခု၏ေခါင္းေဆာင္အဆင့္ကေနပဲ နိဂံုးခ်ဳပ္သြားခဲ့သည္။ အမ်ဳိးသားေခါင္းေဆာင္အဆင့္သို႔ တက္လွမ္းႏိုင္သူရွားသည္။ စိတ္ဓာတ္နိမ့္က်ေသာ ေခါင္းေဆာင္ေတြေအာက္မွာ ကြၽန္ေတာ္တို႔ေနခဲ့ရတာၾကာၿပီ။ အုပ္စုေခါင္းေဆာင္လား၊ အမ်ဳိးသားေခါင္း ေဆာင္လားဆိုတာ တစုတဖြဲ႕က သတ္မွတ္လို႔ မရ။ ထိုေခါင္းေဆာင္၏ လုပ္ရပ္ႏွင့္ခံယူခ်က္အေပၚမူတည္၍ တိုင္းသူျပည္သားအမ်ားစုက သတ္မွတ္ေပးလိမ့္မည္။ သမိုင္းက ဆံုးျဖတ္လိမ့္မည္။ ႏိုင္ငံသည္ ယခုအခ်ိန္အထိ အခက္အခဲေပါင္းစံုႏွင့္ရင္ဆိုင္ေနရဆဲ ျဖစ္တာေသခ်ာ၏။ ျပႆနာမ်ားကို ေဆးႀကိမ္လံုးႏွင့္ တို႔လိုက္သလို ခ်က္ခ်င္းမေျဖရွင္းႏိုင္တာလည္း ရွိႏိုင္သည္။ လတ္တေလာေျဖရွင္းႏိုင္တာလည္း ရွိမည္။ ေကာင္းေသာ ေခါင္းေဆာင္မႈေအာက္မွာရွိေနတာကိုေတာ့ တန္ဖိုးသိသိျဖင့္ အေျခအေနတိုးတက္လာေအာင္ အားလံုးဝိုင္းဝန္းႀကိဳးစားဖို႔ေတာ့ လိုမည္ျဖစ္ပါေၾကာင္း။

သရဝဏ္(ျပည္)
Source: News Watch


#Unicode version

ကြားရ ကြားရ နားဝမှာ မချမ်းသာဆိုသလို နိုင်ငံအနှံ့ ပေါ်ထွက်နေသောသတင်းများကား စိတ်ချမ်းသာ စရာနည်းပါး၍ စိတ်မောစရာသတင်းတွေများလေသည်။ ဆိုးတဲ့သတင်းမှသတင်းဖြစ်ပြီး သတင်း ကောင်းတို့ပေါ်မလာတတ်သော သဘာဝပေလားဟုပင် ထင်မြင်မိပါသည်။ ရဲတပ်ဖွဲ့ဝင်လေးဦးက အရက်မူးနေသော အရပ်သားလူငယ်တဦးကိုရိုက်နှက်ဖမ်းဆီးရာမှ ဒဏ်ရာပြင်းထန်ပြီး ရန်ကုန်ဆေးရုံတွင် သေဆုံးသွားသောသတင်းကို ဖတ်ရသည်။ ရဲအကြောင်းကို သီးသန့်ဆောင်းပါးရေးဦးမည်ဖြစ်သဖြင့် သိပ်မပြောချင်တော့။ မဖြစ်သင့်တာတွေဖြစ်နေတာကတော့ အမှန်ပင်။ အသက် ၂ နှစ်ပင်မပြည့်သေးသော ကလေးမလေးကို ကိုရင်ကြီးတပါးက မဖွယ်မရာပြုကျင့်သောသတင်း၊ နေပြည်တော်တွင် မူကြိုကျောင်း၌ ၂ နှစ် ကျော်အရွယ် မိန်းကလေးကိုမဖွယ်မရာပြုကျင့်ကြံပြီးနောက် တလကြာသည့်တိုင် တရားခံဖော်မရသေးသည့် သတင်းတို့က ရင်မောဖွယ်သတင်းများဖြစ်သည်။ စာရေးသူ၏အယူအဆကို ပြောရလျှင် လူဆိုသည်မှာ ဖိထားလျှင်ကြွချင်သည်။ အမှောင်ချထားလျှင် ပို၍ကြည့်ချင်သည်။ မစမ်းသပ်ရဆိုလျှင် ပို၍စမ်းချင်သည်။ မြန်မာပြည်မှာ မုဒိမ်းမှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေ ယခင်ကထက် ပိုမိုဖြစ်ပွားလာမှုတွင် အဓိကတရားခံသည် WY ဆေးပြားများနှင့် ဟန်းဖုန်းများကြောင့်လည်းပါသည်။

သူများနိုင်ငံမှာလည်း ဟန်းဖုန်းတွေရှိသည်။ သို့သော် သူတို့ဆီတွင် စိတ်ထွက်ပေါက်တွေပေးထားသည်။ စင်ကာပူတွင် ပြည့်တန်ဆာခန်းတွေကို တရားဝင်ဆောင်ရွက်ခွင့်ပြုထားသည်။ ဂျပန်ခေတ်က ရန်ကုန်တွင် ဆောင်ကြာမြိုင်တွေတရားဝင်ဖွင့်လှစ်ထားသည်။ မုဒိမ်းမှုဖြစ်သည်ဟု သိပ်မကြားရ။ လိင်ကိစ္စအတွက် လိုအပ်လာပါလျှင် ကလေးတွေကိုလက်တည့်စမ်းစရာမလို၊ မုဒိမ်းမှုတွေကျူးလွန်စရာမလို။ မြန်မာပြည်မှာတော့ ယဉ်ကျေးမှုဆိုသော ထောင်ချောက်ထဲမှာ ရှေးရိုးစဉ်လာထုံးစံတွေနှင့် ပိတ်မိနေသည်။ ဘာကိုပဲဆုံးဖြတ်ဆုံးဖြတ် ရှေးရိုးစွဲအမြင်တွေနှင့် ကြည့်ကြတာထုံးစံဖြစ်နေသည်။ လွှတ်တော်ထဲတွင် အမျိုးသမီးလွှတ်တော် အမတ်တဦးက ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုပေးဖို့ အဆိုတင်သည်။ သူ့အဆိုက ရည်ရွယ်ချက် ကောင်းသည်။ ပြည့်တန်ဆာတွေ၏ဘဝကိုဥပဒေဖြင့် ကာကွယ်နိုင်မည်။ ရောဂါကူးစက်တာတွေကို ထိန်းချုပ်နိုင်မည်။ မုဒိမ်းမှုတွေလျော့ကျသွားနိုင်သည်။ သို့သော်အားလုံးက ဝိုင်းဆဲကြသည်။ ထိုအမျိုးသမီး အမတ်၏ အဆိုလည်းရပ်တန့်သွားသည်။ တိုင်းပြည်က ပညာရည်နိမ့်ကျကာ ဆင်းရဲရသည့် အထဲ ပြဿနာကပေါင်းစုံသည်။ ဤသို့သော်နိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်သည် ခေါင်းဆောင်လာဖြစ်ရသည်။

သူမကိုထိုးနှက်တိုက်ခိုက်သူများက နိုင်ငံရေးဖြင့်တိုက်ခိုက်၍မရသောအခါ ပုဂ္ဂိုလ်ရေးဖြင့်တိုက်ခိုက်ကြသည်။ အောက်စက်တော်ရာရှိ အမျိုးသမီးမဝင်ရ အခန်းထဲသို့ဝင်ရောက်ကာ ဖူးမြော်ပူဇော်သည်ဟု ကမ္ဘာပျက်ခမန်း အော်ဟစ်ကြသည်။ မြန်မာပြည်တွင် အချို့ဘုရားများသည် ကျားမမရွေး ဖူးမြော်ခွင့်ရှိသည်။ အချို့ဘုရားများ သည် မိန်းမ မဝင်ရဟု ကန့်သတ်ထားသည်။ ဘယ်သူက ကန့်သတ်ထားသနည်း၊ ဝင်ရ၊ မဝင်ရကို မည်သူက ဆုံးဖြတ်ချက်ချသနည်းဟူမူ ဘုရားဂေါပကတွေက ဆုံးဖြတ်ချက်ချခြင်းဖြစ်သည်။ ဂေါတမဗုဒ္ဓက ဆုံးဖြတ်ချက်ချ ခြင်းမဟုတ်။ ရှင်အာနန္ဒာက ဆုံးဖြတ်ခြင်းမဟုတ်၊ ရှင်မောဂ္ဂလာန်၊ ရှင်သာရိပုတ္တရာ၊ ရှင်မဟာကဿပတို့က ဆုံးဖြတ်ခြင်း မဟုတ်။ ကွမ်းတပျစ်ပျစ်ဝါး၊ မယားနှင့်အိပ်၊ ကာမဂုဏ်ငါးပါးခံစားကာ တောပြော တောင်ပြော ပြောတတ်သော ဂေါပကဆိုသူများ၏ နှုတ်ထွက်စကားများမှတဆင့် စည်းကမ်းလိုလို၊ ရိုးရာလိုလို၊ ပညတ်ချက်လိုလိုဖြစ် ပေါ်လာရခြင်းဖြစ်သည်။

ပိဋကတ်သုံးပုံတွင် မိန်းမ မဝင်ရဟု ဟောကြားထားသော တရားတော်တလုံး တပါဒမျှပင် မရှိချေ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသဘောကတော့ ရှင်းသည်။ လူတယောက်၏ တန်ဖိုးကို ယောက်ျား ဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းနှင့် မတိုင်းတာ။ သူ၏သီလ၊ သမာ ဓိ၊ ပညာနှင့်သာတိုင်းတာသည်။ သက်တော်ထင်ရှား မြတ်စွာဘုရား လက်ထက်ကပင် အမျိုးသမီးမာတုဂါမများကို လက်ခံတွေ့ဆုံ၍ တရား ရေအေးအမြိုက်ဆေး ဟောကြားခဲ့ကြောင်း သက်သေထင်ရှားရှိသည်။ ယသော်ဓရာကို တရားဟောခဲ့သည်။ မိထွေးတော်ဂေါတမီကို တရား ဟောခဲ့သည်။ ပဋာစာရီကို တရားဟောခဲ့သည်။ ဗုဒ္ဓသာသနာတွင် ဧတဒဂ်ရ အမျိုးသမီးရဟန်းမိန်းမ ၁၃ ပါးရှိသည်။ ဧတဒဂ်ဘွဲ့ရ လူမိန်းမ ၁ဝ ယောက်ရှိသည်။ မြတ်စွာဘုရားသည် သီလရှိသော အမျိုးသမီးများ ကို ချီးမြှောက်သည်သာဖြစ်၏။ အမျိုးသမီး မဝင်ရဟုဆိုကာ အဝေးမှဟော ကြားခဲ့ခြင်းမဟုတ်ပါချေ။ အမျိုးသမီးများ ဘုရားအနား မကပ်ရဆိုသည်မှာ နောင်တခေတ်တွင်မှ ဂေါပကတို့ထွင်လာခဲ့ပြီး ရိုးရာအစဉ်အလာလိုလို ဖြစ်နေခဲ့ခြင်းဖြစ်သည်။

နိုင်ငံတနိုင်ငံတွင် အုပ်စုခေါင်းဆောင်နှင့် အမျိုးသားခေါင်းဆောင်ဟူ၍ ရှိသည်။ အုပ်စုခေါင်းဆောင်ဆိုသည်မှာ မိမိတို့ပါတီ၊ မိမိ တို့အုပ်စုအကျိုးကိုသာ ဦးထိပ်ပန်ဆင်အဓိကထားကာ ဆောင်ရွက် တတ်သူ၊ စဉ်းစားတတ် သူဖြစ်သည်။ နိုင်ငံတနိုင်ငံလုံး၏ အကျိုးစီးပွားထက် မိမိဆွေမျိုး၊ မိမိဇာတိရပ်ရွာ၊ မိမိအုပ်စုတစုဘဝကို တိုးတက်စေဖို့ ဆောင်ရွက်တတ်သူများဖြစ်သည်။ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်တွေ အာဏာရသည်နှင့် ပထမဆုံးဆောင်ရွက်သည်မှာ မိမိဇာတိရပ်ရွာကိုဘက်ပေါင်းစုံမှ မြှင့်တင်ပေးကြခြင်းဖြစ်သည်။ ဗိုလ်ချုပ်ခင်ညွန့် အာဏာရသည်နှင့် သန်လျင်နှင့်ကျောက်တန်းကိုလည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရသည်နှင့် ကျောက်ဆည်မြို့တဝိုက်ကိုလည်းကောင်း၊ ဦးအောင်သောင်းအာဏာရသောအခါ တောင်သာမြို့တဝိုက်ကို လည်းကောင်းဖိ၍ ဖွံ့ဖြိုးရေးတွေလုပ်တော့သည်။ အခြား စစ်ဗိုလ်ချုပ်များကလည်း မိမိဒေသတဝိုက်တွင် တကယ်လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ တံတားဆောက်ခြင်း၊ လမ်းဖောက်ခြင်း၊ ဆည်မြောင်းဆောက်ခြင်း၊ တက္ကသိုလ်များတည်ဆောက်ခြင်း၊ ဓာတ်အားပေးစက်ရုံခွဲများ ဖွင့်လှစ်ခြင်းများကို အပြိုင်အဆိုင်ပြုကြသည်။ မိမိပါတီဝင်များ၊ မိမိကိုထောက်ခံသူများ၊ မိမိ၏အမာခံနယ်မြေများကို အဓိကထား၍ ကူညီပံ့ပိုးကြသည်။ မိမိတို့အဖွဲ့ကိုဆန့်ကျင်သူများ နေထိုင်ရာဒေသကိုတော့ လျစ်လျူရှုထားလေ့ရှိသည်။ ထို့ကြောင့်ပင် နေပြည်တော်သို့ မြို့တော်ပြောင်းရွှေ့သွားပြီးနောက် ရန်ကုန်မြို့ကြီးသည် ဘက်ပေါင်းစုံမှ ပြုပြင်ထိန်းသိမ်းမှုကင်းမဲ့နေသည်မှာ ၂ဝ၁၅ အထိဖြစ်သည်။ ဤသည်မှာ အုပ်စုခေါင်းဆောင်တို့၏ စိတ်ဓာတ်ဖြစ်သည်။

အမျိုးသားခေါင်းဆောင်ဆိုသည်ကား ဤသို့မဟုတ်။ မိမိ မိသားစုဆွေမျိုး၊ မိမိ၏မွေးရပ်ဇာတိ၊ မိမိပါတီ၊ မိမိကိုထောက်ခံသူ၊ မိမိအုပ်စုအကျိုးမဟုတ်စေကာမူ တနိုင်ငံလုံးနှင့်ဆိုင်သော အကျိုးကျေးဇူးများမည့် ကိစ္စမျိုးကို ဆောင်ရွက်လေ့ရှိကြသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် အမျိုးသားခေါင်းဆောင်ဖြစ်၏။ သူသည် မိမိပါတီအကျိုးကိုသာဆောင်ရွက်သွားခြင်း မရှိ၊ မိမိနေရာယူထားသော ကျောင်းသားသမဂ္ဂ အကျိုးသက်သက်၊ တို့ဗမာအစည်းအရုံးအကျိုးသက်သက်၊ ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) အကျိုးသက်သက်၊ ဖဆပလ အဖွဲ့ချုပ်အကျိုးသက်သက်၊ ဘုရင်ခံ၏အမှုဆောင်ကောင်စီ အစိုးရအဖွဲ့ အကျိုးသက်သက်၊ ဗမာလူမျိုးအကျိုးသက်သက်ကိုသာ ဆောင်ရွက်သွားခြင်းမဟုတ်ဘဲ ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအား လုံးအကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်သွားခဲ့သည်ကို အားလုံးအသိအမှတ်ပြုပါ၏။ သူနှင့်ခေတ်ပြိုင်များဖြစ်သော သခင်စိုး၊ သခင်သန်းထွန်း၊ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဦးနေဝင်းတို့သည် ခေါင်းဆောင်များ ဖြစ်ကြသော်လည်း အမျိုးသားခေါင်းဆောင်အဆင့်အထိ ရောက်မလာကြပေ။ အုပ်စုခေါင်းဆောင်အဆင့်မှာပင် ကျေနပ်ကြရသည်။ အဓိကကွာခြားချက်မှာ အုပ်စုစွဲ ဂိုဏ်းဂဏစွဲကို လွန်မြောက်နိုင်ခြင်း ဖြစ်သည်။ ကွန်မြူနစ်ပါတီကို စတင်တည်ထောင်သူထဲတွင် တဦးအပါအဝင်ဖြစ်သော သခင်အောင်ဆန်းသည် နောင်တချိန်၌ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ကွန်မြူနစ်ပါတီက အဟန့်အတား အနှောင့်အယှက်သဖွယ်ဖြစ်လာသောအခါ ကွန်မြူနစ်ပါတီကို သူကိုယ်တိုင် ဖဆပလအဖွဲ့ချုပ်ကြီးမှ ထုတ်ပယ်ခဲ့သည်။ ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင် ဒုတိယသဘာပတိအဖြစ် အစိုးရအဖွဲ့တွင် သူခေါင်းဆောင်ဖြစ်လာသောအခါတွင်လည်း ဇာတိဖြစ်သည့် နတ်မောက်မြို့ကွက်ကွက်ကောင်းစား ရေးကို တခုမှလုပ်မသွားဘဲ မြန်မာတပြည်လုံးလွတ်လပ်ရေးကိစ္စကိုသာ အားသွန်ခွန်စိုက် ဆောင်ရွက်သွားခဲ့ခြင်းက သက်သေဖြစ်သည်။ ခေါင်းဆောင်ကောင်းဆိုသည်မှာ လူမျိုးစွဲ၊ ဇာတိစွဲ၊ အတ္တစွဲ ကင်းရသည်။ ထိုသို့စိတ် သဘောထားပြည့်ဝသူကိုမှ တိုင်းသူပြည်သားများက အမျိုးသားခေါင်းဆောင်အဖြစ် လေးလေးစားစား အသိအမှတ်ပြုမည်ဖြစ်သည်။ အာဏာရနေစဉ် မိမိကိုယ်ကျိုး မိမိအဖွဲ့အကျိုးကိုသာ ဆောင်ရွက်ခဲ့သူများသည် မည်သို့ပင် ဓားမိုး၍ ခြိမ်းခြောက်သည်ဖြစ်စေ အမျိုးသားခေါင်းဆောင်ဟု မည်သူကမှ သတ်မှတ်မည်မဟုတ်ချေ။

ဒေါ်အောင်ဆန်းစုကြည်သည် အုပ်စုခေါင်းဆောင်လား၊ အမျိုး သားခေါင်းဆောင်လားဟု မေးစရာရှိသည်။ လိုလားသူများက အမျိုးသားခေါင်းဆောင်ဟု ပြောကြပြီး မလိုလားသူများက အုပ်စုခေါင်းဆောင် ဟုသာ ပြောကြမည်ဖြစ်သည်။ သူ့အမြင်နှင့်သူ ဖြစ်သည်။ သို့သော် အမှန်တရားဆိုသည်မှာ ချစ်ခြင်း၊ မုန်းခြင်းဖြင့် ကြည့်နေပြောနေရုံနှင့် မပြီး ခိုင်မာသောအချက်အလက်ကို အခြေခံ၍ ဆုံးဖြတ်မှမှန်ပေမည်။ ဒေါ်အောင်ဆန်း စုကြည် အာဏာရလာသောအခါ အုပ်စုစွဲ ရှိ၊ မရှိ၊ အုပ်စုအကျိုးကိုသာကြည့်၊ မကြည့်လေ့လာရမည်။ အရင်ဆုံး မြင်သာ ထင်သာရှိမှုမှာ ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်ကတည်းက ဦးသိန်းစိန်အသုံးပြုခဲ့သော သမ္မတရုံးပြောခွင့်ဆိုခွင့်ရှိသူ ဦးဇော်ဌေး(မှူးဇော်)ကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆက်လက်ခန့်ထားသဖြင့် အားလုံးက အံ့သြသွားကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြွေပွေးခါးပိုက် ပိုက်သလိုရှိတော့မည် (ယခင်အစိုးရ၏ လူယုံတော်ကို ကိုယ့်အနီးတွင်ထားခြင်းသည် အန္တရာယ်ရှိနိုင်သည်)ဟူသော အမြင်များဖြင့် ကျွန်တော် အပါအဝင်အားလုံးက ဝေဖန်ကြသည်။ ကျွန်တော်တို့သည် အုပ်စုခေါင်း ဆောင် အမြင်ဖြင့် ဝေဖန်ကြခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အုပ်စုတစု၏ခေါင်းဆောင်စိတ်ဓာတ်မျှသာမကဘဲ အမျိုးသားခေါင်း ဆောင်စိတ်ဓာတ်ရှိကြောင်း ထင်ထင်ရှားရှားစတင်တွေ့ရသည်။ ကြံ့ခိုင် ရေးပါတီမှလူများကို ဝန်ကြီးရာထူးများပင် ပေးလိုက်သေးသည်။ သူရဦးအောင်ကိုအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး အဖြစ်လည်းကောင်း၊ ဦးသိန်းဆွေကို အလုပ်သမား၊ လူဝန်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးရွှေမန်းကို အထူးဥပဒေများလေ့လာ ဆန်းစစ်ရေး ကော်မရှင်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ရာထူးများ ပေးခဲ့ခြင်းက ဒေါ်အောင်ဆန်းစုကြည်တွင် အုပ်စုစွဲမရှိကြောင်း ထင်ရှားလေသည်။ ဦးသိန်းစိန်၏ ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေး ရေးကော်မရှင် ဥက္ကဋ္ဌရာထူးပေးဖူးသည်မှတပါး (ထိုရာထူးမှာလည်း မုန့်ဝေတော့မပါ၊ တုတ်ဝေတော့ မှပါဆိုသော အဆုံးအဖြတ်မှားလျှင် နိုင်ငံရေးသေ သွားနိုင်သော ချောက်ထဲထိုးချသည့် ရာထူးဖြစ်သည်)။ အတိုက်အခံပါတီဖြစ်သော NLD မှ လူများကို အဆင့် မြင့်ရာထူးမပြောနှင့် အနိမ့်စားရာထူးများပင်ခွဲဝေ မပေးနိုင်ခဲ့သည်အထိ အုပ်စုစွဲစိတ်ဓာတ်ပြင်းထန်ခဲ့သည်။ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့၏ နဝတ၊ နအဖ စစ်အစိုးရလက်ထက်တွင်မူကား စစ်အစိုးရသည် NLD ကို အာဏာဖဲ့ပေးဖို့နေနေသာသာ ရပ်ကွက်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး (ရဝတ) ရာထူးမှာပင် မထားပေ။

ပြည်မြို့တွင် ကျွန်တော့်သူငယ်ချင်း စိုးလွင်သည် မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (မဝတ)ရုံးတွင် စာရေးကြီး ဖြစ်သည်။ သူသည် မည်သည့်ပါတီဝင်မှ မဟုတ်။ သို့သော် သူ၏အစ်ကိုဖြစ်သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝင်ဖြစ်သည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်သည်။ စိုးလွင်အစ်ကိုကိုစစ်အစိုးရက နိုင်ငံရေးအငြှိုးအတေး ဖြင့် (အခြားအကြောင်းပြကာ) ဖမ်းဆီးသည်။ ထိုအခါ မဆီမဆိုင်သူ့ဘာသာ အလုပ်လုပ်နေသောစိုးလွင်ကိုပါ မည်သည့်အကြောင်းပြချက်မှမပေး၊ မည်သည့် နစ်နာကြေးမှမပေးဘဲ အလုပ်မှ တဖက်သတ်ရပ်စဲလိုက်လေသည်။ အငြှိုးအတေးများကား ကြောက်ဖွယ်ရာ တိတိ။ စိတ်ဓာတ်သေးသိမ်မှုများကား သြချရလေသည်။

လူတယောက်ကို တိုင်းသူပြည်သားများက ဘာကြောင့် ကြည်ညိုလေးစားသည်ဆိုခြင်းသည် ကာယကံရှင်၏ ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးကိုတည်မှီ၍ဖြစ်ပေါ်လာသည်။ တလောက မိတ်ဆွေ တဦးပို့ပေးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအတိုလေးတခုကို နားထောင်လိုက်ရသည်။နိုင်ငံခြား ရောက် မြန်မာများကိုပြောသော မိန့်ခွန်းဖြစ်ပုံရသည်။ ယခင်မဲဆွယ်စည်းရုံးပွဲတွေမှာလို အားနှင့်မာန်နှင့် မပြောနိုင်တော့။ အသက်ရလာသဖြင့် လေအေးလေး နှင့် သူ့ဘဝ၊ သူ့ခံယူချက်ကို ပြောနေခြင်းဖြစ်သည်။ ကျွန်တော်ကြားရသည်မှာ အောက်ပါအတိုင်းဖြစ်သည်။ နားထောင်ကြည့်ကြပါစို့။

”နိုင်ငံခြားမှာ အလုပ်လုပ်ဖို့လာတဲ့သူတွေက ပြောတာဆိုလို့ရှိရင် မြန်မာဆိုရင်နှိမ်ချင်တယ်၊ အထင် သေးချင်တယ် စသည်ဖြင့် ပြောတာတွေကြားရတယ်။ ကြားရတဲ့အခါကျတော့ ကျွန်မစိတ်မကောင်းဘူးပေါ့ နော်။ ဒါပေမဲ့လည်း ဒီဟာဟာ မပြုပြင်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကမ္ဘာကြီးဆိုတာ တချိန်လုံးပဲပြောင်းလဲနေ တာပဲ။ တန်ဖိုးထားတွေဆိုတာလည်း တချိန်လုံးပဲ ပြောင်းလဲနေတာပဲ။ ကိုယ့်ကိုတန်ဖိုးထားအောင် လို့ဆိုတော့ ကိုယ်ကိုယ်တိုင်ကလည်း တန်ဖိုးထားအောင် လုပ်ယူရမယ်။ ကိုယ့်နိုင်ငံကိုပဲ အပြစ်ဖို့နေ လို့မရဘူး။ ငါတို့နိုင်ငံက မျက်နှာငယ်လို့ ငါတို့မျက်နှာ ငယ်တယ်ဆိုတဲ့စိတ် ထားမယ့်အစား၊ ငါတို့နိုင်ငံ မျက်နှာမငယ်အောင်လို့ ငါတို့လုပ်မယ်ဆိုတဲ့စိတ်ဓာတ် တွေတော့ မွေးမြူဖို့ လိုပါတယ်။ ဒီလိုလုပ်ဖို့ ကျွန်မတို့ ဟာ အခွင့်အလမ်း တွေစပြီးတော့ ရလာပါပြီ။ ပြည့်စုံတဲ့အခွင့်အလမ်းတွေလည်း မဟုတ်သေးပါဘူး။ ဒါပေမဲ့လည်း ကျွန်မတို့ တယောက်ချင်းတယောက်ချင်းဟာ ဘယ်လောက်အထိပေးမလဲ၊ ဘယ်လောက်အထိ ကျွန်မတို့နိုင်ငံအတွက် ပေးဆပ်မလဲဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါမျိုးဆိုတာ အတင်းလုပ်ခိုင်းလို့ မရပါဘူး။ မေတ္တာစေတနာဆိုတာကတော့ အတင်းရှိရမယ်လို့ ပြောလို့မရဘူး။ အတွင်းကပွားမှရမယ်။ ဘယ်လိုပဲ အယောင်ဆောင်လုပ်လို့တော့ ရတာပေါ့နော်။ ဒါပေမဲ့ အယောင်ဆောင်တာနဲ့ တကယ်စိတ်ထဲမှာ ရှိတာနဲ့မတူဘူးဆိုတာ လူတိုင်းသိပါလိမ့်မယ်။

ကိုယ့်ဘာကိုယ်ဆုံးဖြတ်ရမယ်။ ဘဝဆိုတာ ဘာအတွက်လဲ။ ကိုယ့်ဘဝဆိုတာ ဘာအတွက်လဲ။ ကိုယ်ဒီလောကကြီးထဲရောက်လာတာ ဘာအတွက်လဲဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ရမယ့်ကိစ္စ။ တခြား လူတွေပြောလို့လည်း မရဘူး။ တခြားလူတွေလုပ်ပေးလို့လည်း မရဘူး။ ကိုယ့်ဘာသာမေးရမယ်။ အဲတော့ နောက်ဆုံးကျတော့ ကျွန်မတို့ဒီလောက ကြီးထဲရောက်လာတာဟာ ယူဖို့သက်သက်လား၊ ပေးဖို့လား၊ အပေးအယူမျှဖို့လားဆိုတာ အဲဒါကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ဟာ လူသားတွေဆိုတော့ အများအားဖြင့် ပေးဖို့သက်သက်ဆိုတာ၊ အဲလိုလုပ် နိုင်မယ့်လူကတော့ လူနည်းစုပါပဲ။ အပေးအယူမျှ တယ်ဆိုတာ ကောင်းပါတယ်။ မျှမျှတတ ကိုယ်ကလည်းပေးမယ်၊ ကိုယ်ကလည်းယူမယ်။ ကိုယ်လည်း ရယူချင်တယ်ဆိုတာ ဒါလည်း အင်မတန်မှသဘာဝကျပါတယ်။ ဒါဟာ ပုထုဇဉ်လူသားတွေဆိုတာ ဒီလိုပဲရှိရမှာပဲ။ အဲဒီတော့ ကျွန်မတို့အနေနဲ့ပေးပဲပေးပါလို့ တောင်းဆိုပိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ အပေးအယူ ဆိုတာမျှရမှာ ဖြစ်ပါတယ်။ ကိုယ်ကပိုပြီးတော့ရချင်တယ်ဆိုတဲ့ စိတ်ဓာတ်ဟာဆိုရင်တော့ ကိုယ့်အတွက် လည်းမကောင်း၊ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။ ကိုယ်က ကိုယ်ယူသလောက်တော့ ပေးမယ်ဆိုတဲ့မာနလေးတော့ အားလုံးမှာရှိစေချင်တယ်။ ဒါတန်ဖိုးရှိတဲ့လူသားဆိုတာ ဒါပဲ။ အနည်းဆုံးတော့ ကိုယ်ယူသလောက်ပြန်ပေးရမယ်။ ကိုယ်ယူတာထက် နည်းနည်းပိုပြီးပြန်ပေးနိုင်ရင်တော့ ပိုပြီးတော့တန်ဖိုး ရှိပါတယ်လို့ ကျွန်မပြောပါရစေ။

ကျွန်မ နိုင်ငံခြားကိုသွားတဲ့အခါကျလို့ရှိရင် အင်မတန်မှတိုးတက်တဲ့ ချမ်းသာတဲ့နိုင်ငံတွေ ကျွန်မကြည့်တယ်၊ ကြည့်ပြီးတော့ ကျွန်မစိတ်ထဲမှာ ဘယ်လိုခံစားချက်ရှိလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတော့ သုံးသပ်တာပေါ့နော်။ ဒီချမ်းသာမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှုတွေကိုအားကျသလား၊ မက်မောသလား၊ ကျွန်မတို့ အဲဒီလိုနေရာမှာနေရရင် ကောင်းမလားဆို တဲ့စိတ်တွေဖြစ်သလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ကျွန်မက သုံးသပ်မိပါတယ်။ အထူးသဖြင့်ပေါ့နော် ကျွန်မက ဟာဝိုင်ယီသွားတုန်းက သေသေချာချာ စဉ်းစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟာဝိုင်ယီက အင်မတန်မှလှပတယ်။ ဒီပထဝီအားဖြင့်လည်း အင်မတန်မှလှပတယ်။ နောက်ပြီးတော့ လူမှုအသိုင်းအဝိုင်း အားဖြင့်လည်း အင်မတန်မှစိတ်ချမ်းသာစရာ ကောင်းတယ်။ ကျွန်မရောက်ဖူးတဲ့နိုင်ငံတွေ၊ အဲသူက နိုင်ငံရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ အမေရိကန်ပြည် ထောင်စုရဲ့တစိတ်တပိုင်း ဒါပေမဲ့လည်း ကျွန်မရောက်ဖူးတဲ့နေရာတွေထဲမှာဆိုလို့ရှိရင် ဒီလူမျိုးအချင်းချင်း ခြားနားမှုမထားတာ၊ တယောက်အပေါ် တယောက်စာနာတာ၊ ချစ်ခင်တာ၊ ဖော်ရွေတာ အဲဒါတွေကတော့ အင်မတန်မှများပါတယ် ဟာဝိုင်ယီမှာ။ ပြီးတော့ ပထဝီအားဖြင့် အင်မတန်လှပတယ်။ ချမ်းလည်း ချမ်းသာကြတယ်။ အခုစင်ကာပူဆိုလို့ရှိရင်လည်း အရှေ့တိုင်းမှာ ချမ်းသာတယ်၊ တိုးတက်တယ်၊ သန့်ရှင်းတယ်ပေါ့နော်။ အဲဒါတွေရှိတယ်။ ဒါပေမဲ့ ကျွန်မစဉ်းစားတယ်၊ ဟာဝိုင်ယီတုန်းက ဟာဝိုင်ယီကမ်းခြေ မှာပေါ့နော် ထိုင်ပြီးတော့ ဒီပစိဖိတ်သမုဒ္ဒရာကြီးကို ကြည့်လိုက်တဲ့အခါကျတော့ ကျွန်မက ဒီလိုနေရာမျိုး မှာနေချင်သလား၊ ဒီလိုနေရာမျိုးမှာနေလို့ရှိရင် စိတ်ချမ်းသာမလားဆိုပြီးတော့ စဉ်းစားကြည့်ပြီးတော့ အမှန်ပြောရင် ကျွန်မစိတ်ချမ်းသာမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ၊ ကျွန်မတို့ မြန်မာနိုင်ငံမှာတူတူပဲ ပြည်သူတွေနဲ့အတူတူ လှုပ်ရှားရတာ၊ ရုန်းကန်ရတာ၊ တူတူဆင်းရဲမယ်ဆိုလည်း တူတူဆင်းရဲတာ ပိုပြီးကျေနပ်မှုရှိတယ်လို့ ကျွန်မဒီလိုခံစားရတယ်။ ကျေနပ်မှုရှိတယ်ဆိုတာ ဆင်းရဲတာကို ကျေနပ်တာမဟုတ် ဘူး။ ဘယ်သူမှဆင်းရဲတာကို ကျေနပ်စရာမလိုဘူး။ ဒါပေမဲ့တူတူ ဒီဆင်းရဲတဲ့အခြေ အနေကနေပြီးတော့ ဖောက်ထွက်အောင်လို့လုပ်မယ်၊ လုပ်နိုင်တယ်၊ လုပ်လည်းလုပ်ချင်တယ်ဆိုတဲ့ အဲဒီ စိတ်ဓာတ်ကြောင့်မို့လို့ ကျွန်မကပိုပြီးတော့အဆင် ပြေတဲ့နေရာ၊ ပိုပြီးတော့ချမ်းသာတဲ့နေရာ၊ ပိုပြီးတော့ သက်သာတဲ့နေရာမှာ နေချင်တဲ့စိတ်မရှိတာပါ

အရင်က အနစ်နာခံခဲ့တာတွေ၊ ဘယ်လိုပေးဆပ်ခဲ့တာတွေ၊ သူမ၏လုပ်ဆောင်ချက်တွေ၊ ကြိုက် တာတွေ၊ မကြိုက်တာတွေထားလိုက်ဦး။ ဤမိန့် ခွန်းတခုနှင့်ပင် ဒေါ်အောင်ဆန်းစုကြည်သည် အုပ်စုခေါင်းဆောင် (Group Leader) အဆင့်မှ အမျိုးသားခေါင်းဆောင် (National Leader) ဖြစ်သွားပြီဖြစ်သည်။ သူ့မိန့်ခွန်းတွင် NLD ဆိုတာလည်း တခွန်းမှမပါ။ မဲပေးကြပါဟုဆွယ်တာလည်း တခွန်းမှမပါ၊ အတိတ်ကစစ်ဗိုလ်ချုပ်တွေ မကောင်းကြောင်းလည်း တခွန်းတပါဒမှမပါ၊ ဗမာလူမျိုးအတွက်သာဟူသော စကားလည်း တခွန်းမှမပါ။ နတ်မောက်မြို့အတွက်သက်သက်၊ တက္ကသိုလ်ရိပ်သာလမ်းအတွက် သက်သက်၊ ကော့မှူးမဲဆန္ဒနယ်အတွက် သက်သက်ဆို သောစကားလည်းတခွန်းမှမပါ။ ၅၄ သန်းသော ပြည်သူလူထုအတွက် သူပြောသွားသည်။ ၁၃၅ မျိုးသော တိုင်းရင်းသားအားလုံးအတွက် ပြောသွားသည်။ နိုင်ငံ့ကောင်းစားရေးအတွက် ပြောသွားသည်။ လူတယောက်မှာ ထားသင့်သောစိတ်ဓာတ်အကြောင်းကိုပြောသွားသည်။ ဒါသည်ပင် အမျိုးသားခေါင်း ဆောင်ဖြစ်ထိုက်သော အရည်အသွေးဖြစ်သည်။

ကျွန်တော်တို့သမိုင်းမှာ နိုင်ငံတော်၏အာဏာကိုရယူခဲ့သူခေါင်းဆောင်တွေ များစွာရှိသည်။ ကျွန်တော့်သက်တမ်းတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်၊ နဝတစစ်အစိုးရခေတ်၊ နအဖစစ်အစိုးရခေတ်၊ ဦးသိန်းစိန်အစိုးရခေတ်၊ NLD နှင့် ဒေါ်အောင်ဆန်း စုကြည်ခေတ်ကိုမီခဲ့သည်။ ခေါင်းဆောင်ဆိုသူများ စွာကိုတွေ့ဖူးသည်။ ထိုခေါင်းဆောင်တော်တော်များများသည် အုပ်စုတခု၏ခေါင်းဆောင်အဆင့်ကနေပဲ နိဂုံးချုပ်သွားခဲ့သည်။ အမျိုးသားခေါင်းဆောင်အဆင့်သို့ တက်လှမ်းနိုင်သူရှားသည်။ စိတ်ဓာတ်နိမ့်ကျသော ခေါင်းဆောင်တွေအောက်မှာ ကျွန်တော်တို့နေခဲ့ရတာကြာပြီ။ အုပ်စုခေါင်းဆောင်လား၊ အမျိုးသားခေါင်း ဆောင်လားဆိုတာ တစုတဖွဲ့က သတ်မှတ်လို့ မရ။ ထိုခေါင်းဆောင်၏ လုပ်ရပ်နှင့်ခံယူချက်အပေါ်မူတည်၍ တိုင်းသူပြည်သားအများစုက သတ်မှတ်ပေးလိမ့်မည်။ သမိုင်းက ဆုံးဖြတ်လိမ့်မည်။ နိုင်ငံသည် ယခုအချိန်အထိ အခက်အခဲပေါင်းစုံနှင့်ရင်ဆိုင်နေရဆဲ ဖြစ်တာသေချာ၏။ ပြဿနာများကို ဆေးကြိမ်လုံးနှင့် တို့လိုက်သလို ချက်ချင်းမဖြေရှင်းနိုင်တာလည်း ရှိနိုင်သည်။ လတ်တလောဖြေရှင်းနိုင်တာလည်း ရှိမည်။ ကောင်းသော ခေါင်းဆောင်မှုအောက်မှာရှိနေတာကိုတော့ တန်ဖိုးသိသိဖြင့် အခြေအနေတိုးတက်လာအောင် အားလုံးဝိုင်းဝန်းကြိုးစားဖို့တော့ လိုမည်ဖြစ်ပါကြောင်း။

သရဝဏ်(ပြည်)
Source: News Watch