ဂုတ်တွင်း တံတား​ကို နှစ်လမ်းသွား ဘေလီတံတားတည်ဆောက်သွားမည်

ဖျက်ဆီးခံခဲ့ရတဲ့ ဂုတ်တွင်း တံတား


ဖျက်ဆီးခံခဲ့ရတဲ့ ဂုတ်တွင်း တံတား


ဖျက်ဆီးခံခဲ့ရတဲ့ ဂုတ်တွင်း တံတား




#Unicode Version

၁၅-၈-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဂုတ်တွင်း တံတား (မန္တလေး – နောင်ချို – ကျောက်မဲ လမ်းပိုင်း) မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရသဖြင့် မန္တလေးမြို့ မှ လားရှိုးမြို့ သို့ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်လျက် ရှိပါသည်။

ခရီးသွားပြည်သူများ အခက်အခဲ မရှိစေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန မှ တံတားတည်ဆောက်ရေးအထူးအဖွဲ့များကအမြန်ဆုံး (၅)ရက်အတွင်း Double Lane Bailey bridge (နှစ်လမ်းသွား ဘေလီတံတား) ကြီးကိုတည်ဆောက်သွားမည် ဖြစ်ပါသည် ။

ယနေ့ ညနေပိုင်းမှစ၍လိုအပ်သော တံတားသံဘောင်ဘေလီများကို စတင်ပေးပို့လျက် ရှိပါသည်။

Source: Ministry Of Construction