Sponsored

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေနဲ့ ဒေသခံပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေကို ဈေးနှုန်းသက်သာစွာနဲ့ ယမန်နေ့မတ်လ ၂၆ ရက်က စတင်ရောင်းချပေးနေပါတယ်။

Photo: DVB

လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးရုံးမှာ ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်တွေကို ကန့်သတ်ထားခြင်းမရှိဘဲ လိုသလောက်ဝယ်ယူနိုင်တဲ့စနစ်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး ဒေသခံတွေ လာရောက်ဝယ်ယူနေကြပါတယ်။

ခုလိုရောင်းချတဲ့အစီအစဉ်ကို စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ ကုန်သည်စက်မှုအသင်းချုပ်နဲ့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်အသင်းတွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တခြားစက်မှုဇုန်တွေမှာ ထပ်ပြီး ရောင်းချပေးသွားဖို့ရှိနေပါတယ်။

Sponsored
Photo: DVB

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *