အေ၀းသင္တကၠသုိလ္မ်ားတြင္ အနီးကပ္ႏွစ္ႀကိမ္တက္ရမည့္အစီအစဥ္ မလုပ္ေတာ့ရန္ ဆုံးျဖတ္

ရန္ကုန္တကၠသုိလ္အတြင္းစာသင္ေနေသာ မိန္းကေလးအခ်ဳိ႕အားေတြ႕ရစဥ္

အေ၀းသင္တကၠသုိလ္ ၀ိဇၨာအထူးျပဳဘာသာရပ္မ်ား အ နီးကပ္သင္တန္းႏွစ္ႀကိမ္တက္ရ မည့္အစီအစဥ္ကုိ ကန္႔ကြက္မႈမ်ား ရွိသျဖင့္ မလုပ္ေတာ့ရန္ဆုံးျဖတ္ လုိက္သည္ဟု အဆင့္ျမင့္ပညာ ဦးစီးဌာနၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္း၀င္းက ေျပာ ၾကားသည္။

အေ၀းသင္၀ိဇၨာအထူးျပဳ မ်ားသည္ ႏွစ္စဥ္အနီးကပ္သင္ တန္းကုိ တစ္ႏွစ္လွ်င္ တစ္ႀကိမ္ ၁၀ ရက္တစ္ဆက္တည္းတက္ရ သည္။ သုိ႔ေသာ္ ယခုႏွစ္ကစတင္ ကာ အေ၀းသင္တကၠသုိလ္မ်ား တြင္ Orientation (ဘာသာရပ္ မိတ္ဆက္ျခင္း)အစီအစဥ္ျပဳလုပ္ ရန္ ၀ိဇၨာဘာသာရပ္အထူးျပဳမ်ား သည္ ေမလတြင္ အနီးကပ္ငါး ရက္၊ ႏုိ၀င္ဘာတြင္ငါးရက္ခြဲတက္ ရမည္ျဖစ္ၿပီး တက္ေရာက္မႈကုိ စာေမးပြဲအမွတ္ေပးစည္းမ်ဥ္း၌ ထည့္သြင္းစဥ္းစားရမည္ဟု အ ဆင့္ျမင့္ပညာဦးစီးဌာနက တကၠ သုိလ္မ်ားသုိ႔ဒီဇင္ဘာေနာက္ဆုံး ပတ္တြင္ ၫႊန္ၾကားခဲ့သည္။

သို႔ေသာ္ ကန္႔ကြက္မႈမ်ားရွိ ၍ အနီးကပ္ႏွစ္ႀကိမ္တက္ရမည့္ အစီအစဥ္မလုပ္ေတာ့ရန္ ပညာ ေရး၀န္ႀကီးဌာနက ဆုံးျဖတ္ျခင္း ျဖစ္ေၾကာင္း ေဒါက္တာသိန္း၀င္း ကဆုိသည္။

ရန္ကုန္တကၠသုိလ္အတြင္းစာသင္ေနေသာ မိန္းကေလးအခ်ဳိ႕အားေတြ႕ရစဥ္

‘‘ဒီလမ္းစဥ္နဲ႔ သြားဖုိ႔ ပါခ်ဳပ္ ေတြကုိ ပထမခ်ျပတယ္။ အဓိက က ကြၽန္ေတာ္တို႔ Quality ျဖစ္ ေအာင္လုပ္ဖုိ႔လုိတာ။ ဒါေပမဲ့ အ လုပ္ခြင္မွာ အဆင္မေျပဘူးဆုိတဲ့ Issue ေတြတက္လာတာမုိ႔ အရင္ လမ္းစဥ္အတိုင္းပဲသြားဖုိ႔ ကြၽန္ ေတာ္တို႔ အၾကမ္းဖ်င္းဆုံးျဖတ္ ထားတယ္။ လမ္းစဥ္မေျပာင္းတာ မုိ႔ အရင္အတိုင္းပဲ’’ ဟု ၎က ေျပာသည္။

အေ၀းသင္ေက်ာင္းသား မ်ားတြင္ ႏုိင္ငံ့၀န္ထမ္းမ်ား၊ စက္ ႐ုံ၊ အလုပ္႐ုံ၊ ကုမၸဏီ၀န္ထမ္းမ်ား၊ ႏုိင္ငံတကာေရာက္ေရႊ႕ေျပာင္း လုပ္သားမ်ားစြာပါ၀င္ေနျခင္း ေၾကာင့္ အနီးကပ္ႏွစ္ႀကိမ္ခြဲတက္ ရပါက အလုပ္အကိုင္ခြင့္ရက္ ျပႆနာႏွင့္ လူမႈဘ၀မ်ားစြာထိ ခုိက္လာႏုိင္သည္ဟု အေ၀းသင္ ေက်ာင္းသားအဖြဲ႕အစည္းမ်ား က ေၾကညာခ်က္ထုတ္ျပန္ကန္႔ ကြက္ခဲ့သည္။

အစီအစဥ္ကုိ ျပန္လည္ျပင္ ဆင္ေပးရန္ ႏုိင္ငံအႏံွံ႔ရွိ အေ၀း သင္ေက်ာင္းသား၊ ေက်ာင္းသူ ၁၀၀ ခန္႔လက္မွတ္ထုိးကာ ႏုိင္ငံ ေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ထံ ဇန္ န၀ါရီ ၂၂ ရက္တြင္ စာပုိ႔ေတာင္း ဆုိခဲ့သည့္အျပင္ ‘ေက်ာင္းသား ထုဆႏၵမပါေသာအေ၀းသင္စနစ္  သစ္အလုိမရွိ’ စာသားပါဖဲႀကိဳးနီ ပုံကုိ အေ၀းသင္တကၠသုိလ္ ေက်ာင္းသားအခ်ိဳ႕က လူမႈကြန္ ရက္တြင္တင္ကာ ကန္႔ကြက္ခဲ့ သည္။ အေ၀းသင္အနီးကပ္သင္ တန္းႏွစ္ႀကိမ္တက္ရမည့္အစီအ စဥ္ကုိ သင္ၾကားမႈပုိင္းတြင္ ပုိမုိ ထိေရာက္မႈရွိေစရန္ ရည္ရြယ္စီ စဥ္ေသာ္လည္း ကန္႔ကြက္မႈမ်ားရွိ သျဖင့္ ျပန္လည္သုံးသပ္မည္ဟု ပညာေရး၀န္ႀကီးဌာနဒုတိယ၀န္ ႀကီးဦး၀င္းေမာ္ထြန္းက ဇန္န၀ါရီ ၂၂ ရက္ ေနျပည္ေတာ္လႊတ္ေတာ္ အစည္းအေ၀းအၿပီး၌ မီဒီယာ မ်ား၏ေမးျမန္းမႈကုိ ေျဖၾကားခဲ့ သည္။

Via: 7daydaily


#Unicode Version

အဝေးသင်တက္ကသိုလ် ဝိဇ္ဇာအထူးပြုဘာသာရပ်များ အ နီးကပ်သင်တန်းနှစ်ကြိမ်တက်ရ မည့်အစီအစဉ်ကို ကန့်ကွက်မှုများ ရှိသဖြင့် မလုပ်တော့ရန်ဆုံးဖြတ် လိုက်သည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြော ကြားသည်။

အဝေးသင်ဝိဇ္ဇာအထူးပြု များသည် နှစ်စဉ်အနီးကပ်သင် တန်းကို တစ်နှစ်လျှင် တစ်ကြိမ် ၁၀ ရက်တစ်ဆက်တည်းတက်ရ သည်။ သို့သော် ယခုနှစ်ကစတင် ကာ အဝေးသင်တက္ကသိုလ်များ တွင် Orientation (ဘာသာရပ် မိတ်ဆက်ခြင်း)အစီအစဉ်ပြုလုပ် ရန် ဝိဇ္ဇာဘာသာရပ်အထူးပြုများ သည် မေလတွင် အနီးကပ်ငါး ရက်၊ နိုဝင်ဘာတွင်ငါးရက်ခွဲတက် ရမည်ဖြစ်ပြီး တက်ရောက်မှုကို စာမေးပွဲအမှတ်ပေးစည်းမျဉ်း၌ ထည့်သွင်းစဉ်းစားရမည်ဟု အ ဆင့်မြင့်ပညာဦးစီးဌာနက တက္က သိုလ်များသို့ဒီဇင်ဘာနောက်ဆုံး ပတ်တွင် ညွှန်ကြားခဲ့သည်။

သို့သော် ကန့်ကွက်မှုများရှိ ၍ အနီးကပ်နှစ်ကြိမ်တက်ရမည့် အစီအစဉ်မလုပ်တော့ရန် ပညာ ရေးဝန်ကြီးဌာနက ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ဒေါက်တာသိန်းဝင်း ကဆိုသည်။

ရန်ကုန်တက္ကသိုလ်အတွင်းစာသင်နေသော မိန်းကလေးအချို့အားတွေ့ရစဉ်

‘‘ဒီလမ်းစဉ်နဲ့ သွားဖို့ ပါချုပ် တွေကို ပထမချပြတယ်။ အဓိက က ကျွန်တော်တို့ Quality ဖြစ် အောင်လုပ်ဖို့လိုတာ။ ဒါပေမဲ့ အ လုပ်ခွင်မှာ အဆင်မပြေဘူးဆိုတဲ့ Issue တွေတက်လာတာမို့ အရင် လမ်းစဉ်အတိုင်းပဲသွားဖို့ ကျွန် တော်တို့ အကြမ်းဖျင်းဆုံးဖြတ် ထားတယ်။ လမ်းစဉ်မပြောင်းတာ မို့ အရင်အတိုင်းပဲ’’ ဟု ၎င်းက ပြောသည်။

အဝေးသင်ကျောင်းသား များတွင် နိုင်ငံ့ဝန်ထမ်းများ၊ စက် ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီဝန်ထမ်းများ၊ နိုင်ငံတကာရောက်ရွှေ့ပြောင်း လုပ်သားများစွာပါဝင်နေခြင်း ကြောင့် အနီးကပ်နှစ်ကြိမ်ခွဲတက် ရပါက အလုပ်အကိုင်ခွင့်ရက် ပြဿနာနှင့် လူမှုဘဝများစွာထိ ခိုက်လာနိုင်သည်ဟု အဝေးသင် ကျောင်းသားအဖွဲ့အစည်းများ က ကြေညာချက်ထုတ်ပြန်ကန့် ကွက်ခဲ့သည်။

အစီအစဉ်ကို ပြန်လည်ပြင် ဆင်ပေးရန် နိုင်ငံအနံှံ့ရှိ အဝေး သင်ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့်လက်မှတ်ထိုးကာ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဇန် နဝါရီ ၂၂ ရက်တွင် စာပို့တောင်း ဆိုခဲ့သည့်အပြင် ‘ကျောင်းသား ထုဆန္ဒမပါသောအဝေးသင်စနစ်  သစ်အလိုမရှိ’ စာသားပါဖဲကြိုးနီ ပုံကို အဝေးသင်တက္ကသိုလ် ကျောင်းသားအချို့က လူမှုကွန် ရက်တွင်တင်ကာ ကန့်ကွက်ခဲ့ သည်။ အဝေးသင်အနီးကပ်သင် တန်းနှစ်ကြိမ်တက်ရမည့်အစီအ စဉ်ကို သင်ကြားမှုပိုင်းတွင် ပိုမို ထိရောက်မှုရှိစေရန် ရည်ရွယ်စီ စဉ်သော်လည်း ကန့်ကွက်မှုများရှိ သဖြင့် ပြန်လည်သုံးသပ်မည်ဟု ပညာရေးဝန်ကြီးဌာနဒုတိယဝန် ကြီးဦးဝင်းမော်ထွန်းက ဇန်နဝါရီ ၂၂ ရက် နေပြည်တော်လွှတ်တော် အစည်းအဝေးအပြီး၌ မီဒီယာ များ၏မေးမြန်းမှုကို ဖြေကြားခဲ့ သည်။

Via: 7daydaily