Sponsored

ကိုရိုနာဗိုင်းရပ်စ်ဟာ မတ် ၂ ရက် မနက် ၁၂ နာရီထိ အတည်ပြုထားတဲ့ သတင်းအချက်အလက်တွေအရ ကမ္ဘာတလွှား နိုင်ငံနဲ့ ဒေသပေါင်း ၆၇ ခုကို ကူးစက်ပျံ့နှံ့ခဲ့ပြီး ကူးစက်ခံရသူ ၈၈၅၉၁ ဦး၊ သေဆုံးသူ ၃၀၄၅ ဦးနဲ့ ကူးစက်ခံရပြီးမှ နေပြန်ကောင်းလာသူ ၄၅၁၂၀ ရှိပြီလို့ သိရပါတယ်။

ရောဂါစတင်ကူးစက်ရာ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ကူးစက်မှုနှုန်း ကျဆင်းခဲ့ပေမယ့် အခုသီတင်းပတ်မှာ‌တော့ ကူးစက်နှုန်း ပြန်မြင့်တက်ခဲ့ပါတယ်။

@BBC

ဂျပန်၊ တောင်ကိုရီးယားနဲ့ အီရန်တို့မှာလည်း ကူးစက်နှုန်း ရုတ်တရက် မြင့်တက်ခဲ့ပါတယ်။

Sponsored

မတ် ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ အတည်ပြုထားတဲ့ သတင်းအချက်အလက်တွေအရ အီရန်နဲ့ ဂျပန်တို့မှာ ကူးစက်ခံ လူ ၁၀၀၀ စီရှိနေပြီး တောင်ကိုရီးယားမှာတော့ ကူးစက်ခံ ၄၀၀၀ ကျော်သွားပြီး ကမ္ဘာ့ဒုတိယကူးစက်ခံအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

အီရန်မှာတော့ လူ ၉၇၈ ယောက် ကူးစက်ခံရပြီး ၅၄ ယောက် သေဆုံးခဲ့လို့ တရုတ်နိုင်ငံ ပြင်ပ ကူးစက်ခံသေဆုံးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ဒါကြောင့် အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံတချို့က အီရန်နဲ့ နယ်စပ်တွေကို ပိတ်ပစ်ခဲ့ကြပြီး နိုင်ငံအ တော်များများက အီရန်ဆီ လေကြောင်းခရီးပျံသန်းမှု ရပ်တန့်ခဲ့ကြပါတယ်။

@BBC

ဥရောပတိုက်မှာ အီတလီနိုင်ငံဟာ ကိုဗစ်နိုင်တဲင်း ကူးစက်ခံ အများဆုံးနိုင်ငံ ဖြစ်ပြီး စနေ ညနေမှာ ကူးစက်ခံ ၁၁၂၈ ယောက် ရှိခဲ့ပြီး ၂၉ ယောက် သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၄၂ ဦး ရှိပြီဖြစ်ပါတယ်။

အီတလီအစိုးရကတော့ ကူးစက်နှုန်း လျှော့ချရေးအတွက် ခရစ်ယာန်ဘုရားကျောင်းတွေကို ပိတ်ခဲ့ပြီး လူထုစုဝေးမှုကို ကန့်သတ်သင့်တယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။

ထိုင်း၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတို့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ် ၁ ရက်နေ့က ၁ ဦးစီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ကူးစက်မှု ဖြေရှင်းရေး လိုသမျှ အရင်းအမြစ်တွေကို သုံးဖို့ အမိန့်ထုတ်ရင်း အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *