Sponsored

လစ်လပ်လျက် ရှိသော ပြည်ထဲရေး ၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ရာထူးနေရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုသည့် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ် တာ၀န်ပေးလိုကြောင်း နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူရန် လွှတ်တော်နာယက ထံသို့ ပေးပို့ ထားသည်။

ယနေ့ ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ထံမှ ပေးပို့ထားသော ပြည်ထဲရေး၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ခန့်အပ် တာ၀န်ပေးလိုခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်သို့ အသိပေး တင်ပြခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက

လစ်လပ်လျက်ရှိသော ပြည်ထဲရေး၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ရာထူးနေရာတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်မှ ပေးပို့လာသော တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ် တာ၀န် ပေးလိုကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဂ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ခ)တို့ပါ ပြဌာန်းချက်များ အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရန် နိုင်ငံတော် သမ္မတက ပေးပို့ခြင်းဖြစ်သည်။

Sponsored

အဆိုပြု တင်ပြလာသော ပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိပါက ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း (သို့မဟုတ်) ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားကြောင်း လွှတ်တော်နာယကက ပြောကြားသည်။

မူလ စစ်ဘက် တာ၀န်၀တ္တရားများ ပြန်လည် ထမ်းဆောင်စေမည် ဖြစ်သောကြောင့် ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်

ပြည်ထဲရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး တာ၀န် ထမ်းဆောင်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအား မူလ စစ်ဘက် တာ၀န်၀တ္တရားများ ပြန်လည် ထမ်းဆောင်စေမည် ဖြစ်သောကြောင့် ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *