ဗုိလ္ခ်ဳပ္ပုံပါတဲ့ ေငြစကၠဴေတြ ႐ုိက္ႏွိပ္ထုတ္ေဝေတာ့မည္

ဗုိလ္ခ်ဳပ္ပုံပါတဲ့ ေငြစကၠဴ

ျမန္မာႏုိင္ငံေတာ္ ဗဟုိဘဏ္က ဗုိလ္ခ်ဳပ္ေအာင္ဆန္းပုံပါတဲ့ ေငြစကၠဴေတြကို လာမယ့္ ၂၀၁၉ ခုႏွစ္မွာ ႐ုိက္ႏွိပ္ ထုတ္ေဝသြားမယ္လို႔ ဗဟုိဘဏ္ ဒုတိယဥကၠ႒ ၃ ဦးဘုိဘုိငယ္က ေျပာပါတယ္။

ႏုိင္ငံျခားဘဏ္ ဘဏ္ခြဲေတြကို ျပည္တြင္းဘဏ္ေတြနည္းတူ ဝန္ေဆာင္မႈလုပ္ငန္းေတြ ဗဟုိဘဏ္က လုပ္ေဆာင္ ခြင့္ေပးလုိက္တာနဲ႔ ပတ္သက္ၿပီး ဒီကေန႔ ရန္ကုန္ၿမိဳ႕ ရန္ကင္းၿမိဳ႕နယ္က ျမန္မာႏုိင္ငံေတာ္ ဗဟုိဘဏ္မွာ သတင္းစာ ရွင္းလင္းပြဲအၿပီးမွာ ဦးဘိုဘုိငယ္က RFA ကို အခုလို ေျပာခဲ့တာျဖစ္ပါတယ္။

ျမန္မာႏုိင္ငံေတာ္ ဗဟုိဘဏ္အေနနဲ႔ ျပည္တြင္းစီးပြားေရး လုပ္ငန္းရွင္ေတြအတြက္ ဝန္ေဆာင္မႈ ေပးႏုိင္ဖို႔ ႏုိင္ငံျခားဘဏ္ ဘဏ္ခြဲ ၁၃ ခုကို ျပည္တြင္းဘဏ္ေတြနည္းတူ ျပည္တြင္းစီးပြားေရး လုပ္ငန္းရွင္ေတြထံ ေငြေခ်းေပးဖို႔နဲ႔ တျခားဘဏ္လုပ္ငန္း ဝန္ေဆာင္မႈေတြကို ေဆာင္ရြက္ဖုိ႔ ႏုိဝင္ဘာ ၈ ရက္ေန႔က ခြင့္ျပဳလိုက္အၿပီး ဒီေန႔မွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္တာျဖစ္ပါတယ္။

ဒီကေန႔ သတင္းစာရွင္းလင္းပြဲကို ျမန္မာႏုိင္ငံေတာ္ ဗဟုိဘဏ္ ဒုတိယဥကၠ႒ ၂ ဦးစုိးသိန္း၊ ဒုတိယဥကၠ႒ ၃ ဦးဘိုဘုိငယ္တုိ႔က ရွင္းလင္းခဲ့တာ ျဖစ္ပါတယ္။

ႏုိင္ငံျခားဘဏ္ခြဲေတြကို ျမန္မာႏုိင္ငံမွာ စတင္ဖြင့္လွစ္ခြင့္ေပးထားတာဟာ ၄ ႏွစ္ေလာက္ရွိၿပီျဖစ္ေပမယ့္ ျပည္တြင္းစီးပြားေရး လုပ္ငန္းရွင္ေတြအတြက္ ေငြေခ်းေပးခြင့္နဲ႔ ျပည္တြင္းဘဏ္ေတြရဲ႕ ဘဏ္လုပ္ငန္းေတြကို လုပ္ေဆာင္ခြင့္ေပးလုိက္တာျဖစ္ပါတယ္။

ျပည္တြင္းစီးပြားေရး လုပ္ငန္းရွင္ေတြကို ေငြထုတ္ေခ်းတာ၊ ေငြလက္ခံတာေတြကို ႏုိင္ငံျခားေငြနဲ႔ လုပ္ေဆာင္ခြင့္ ေပးထားမွာျဖစ္ၿပီး ရန္ကုန္တစ္ၿမိဳ႕တည္းအတြက္ ဖြင့္လွစ္ခြင့္ေပးထားတာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံေတာ္ ဗဟုိဘဏ္ ဒုတိယဥကၠ႒ ၃ ဦးဘုိဘုိငယ္က ဗုိလ္ခ်ဳပ္ေအာင္ဆန္းပုံပါတဲ့ ေငြစကၠဴေတြ ထုတ္လုပ္မယ့္ ကိစၥနဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲအၿပီး RFA ကို အခုလုိ ေျပာပါတယ္။

အဲဒါေတာ့ ဆက္လုပ္ေနပါတယ္။ တုိးတက္မႈလည္း ရွိပါတယ္။ ေသခ်ာလုပ္ရတဲ့အတြက္ နည္းနည္းေတာ့ အခ်ိန္ေစာင့္ရတယ္။ က်ေနာ္က ဒီဌာနကို ကိုင္တာမဟုတ္ေတာ့ အတိအက်မသိဘူး။ ၂၀၁၉ အတြင္းေတာ့ျဖစ္ မယ္

ျပည္တြင္းမွာ လုိအပ္ခ်က္ရွိေနတဲ့ ႏုိင္ငံျခားေငြလုိအပ္ခ်က္ကို ျပည္တြင္းဘဏ္ေတြအေနနဲ႔ မျဖည့္စြမ္းႏုိင္တဲ့အတြက္ ႏုိင္ငံျခားဘဏ္ ဘဏ္ခြဲေတြအေနနဲ႔ အဓိကထားလုပ္ေဆာင္ေစခ်င္တယ္လုိ႔ ျမန္မာႏုိင္ငံေတာ္ ဗဟုိဘဏ္ ဒုတိယ ဥကၠ႒ ၂ ဦးစုိးသိန္းက ေျပာပါတယ္။

က်ေနာ္တုိ႔က သူတုိ႔ကိုေပးေစခ်င္တဲ့၀န္ေဆာင္မႈက ႏုိင္ငံျခားေငြေၾကးကို ပံ့ပိုးတာကို အဓိကထားေပးေစခ်င္တာ။ ျပည္တြင္းမွာလိုေနတဲ့ ႏုိင္ငံျခားေငြေၾကးအပိုင္းကို ျပည္တြင္းဘဏ္ေတြက မျဖည့္စြမ္းႏုိင္ဘူး အဲဒါကိုသူတုိ႔ကို အေလးထားလုပ္ေစခ်င္တာ

ျပည္တြင္းဘဏ္လုပ္ငန္းရွင္ေတြ အေနနဲ႔ ဗဟုိဘဏ္က ခ်မွတ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လုိက္နာမႈအား နည္းေၾကာင္း ႏုိင္ငံျခားဘဏ္ခြဲေတြ လာေရာက္ဖြင့္လွစ္မယ္ဆုိရင္ ယွဥ္ၿပိဳင္ႏုိင္ဖုိ႔အတြက္ ျပည္တြင္းဘဏ္ေတြက ဝန္ေဆာင္မႈေတြ ပုိုမုိေကာင္းမြန္ေအာင္ လုပ္ေဆာင္ရမွာျဖစ္တယ္လို႔ ဗဟုိဘဏ္ ဒုတိယဥကၠ႒ ၃ ဦးဘုိဘုိငယ္က ေျပာပါတယ္။

ဒီလိုျပိဳင္ဆုိင္မႈ၀င္လာမွပဲ တကယ္အလုပ္လုပ္လာမယ္လို႔ က်ေနာ္က ထင္တယ္။ ဒီဟာကို လံုး၀အျပည့္အစံု တသက္လံုး ကာကြယ္ေပးထားလို႔ရွိရင္ေတာ့ ကိုယ့္မိဘအရိပ္ေအာက္က မထြက္တဲ့သားသမီးလိုပဲ ဘယ္ေတာ့မွ ကိုယ့္ဟာကို ရွာစားတတ္မွာ မဟုတ္ဘူး။ ၿပိဳင္ဆုိင္မႈ၀င္လာဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ လုပ္တာဆုိေတာ့ ဘဏ္ေတြကိုလည္း က်ေနာ္တုိ႔က ေျပာထားတယ္။ ခင္ဗ်ားတုိ႔မွာ အခ်ိန္ရွိပါေသးတယ္။ ျပင္ဆင္စရာရွိတာ ျပင္ဆင္ပါ။ ကိုယ့္ရဲ့ျပဳျပင္စရာရွိတာေတြ ျပဳျပင္ပါ။ က်ေနာ္တုိ႔ေနာက္ပိုင္း ခြင့္ျပဳလိုက္တဲ့အခ်ိန္မွာ ခင္ဗ်ားတုိ႔ ၿပိဳင္ဆုိင္လာပါလိမ့္မယ္လို႔ အဓိက ေျပာခဲ့ပါတယ္

ႏိုင္ငံျခား ေငြ လဲလွယ္တဲ့ ဘဏ္ေတြနဲ႔ ႏိုင္ငံျခားေငြ ေငြလဲလွယ္တဲ့ ေနရာေတြကို ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ အေနနဲ႔ ေရွာင္တခင္စစ္ေဆးမူေတြ ျပဳလုပ္ေနသလို ျပည္သူေတြအေနနဲ႔ လည္း တိုင္ၾကားဖို႔ တုိက္တြန္းခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ျမန္မာႏုိင္ငံမွာ ႏုိင္ငံျခားဘဏ္ ဘဏ္ခြဲ ၁၃ ခု ဖြင့္လွစ္ခြင့္ေပးထားၿပီး ေနာက္ထပ္ဘဏ္ခြဲေတြ ဖြင့္လွစ္ဖုိ႔အတြက္ ခြင့္ျပဳခ်က္ေပးသြားဖုိ႔လည္းရွိတယ္လုိ႔ သိရပါတယ္ ခင္ဗ်ား။

Via: RFA


#Unicode Version

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူတွေကို လာမယ့် ၂၀၁၉ ခုနှစ်မှာ ရိုက်နှိပ် ထုတ်ဝေသွားမယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ၃ ဦးဘိုဘိုငယ်က ပြောပါတယ်။

နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေကို ပြည်တွင်းဘဏ်တွေနည်းတူ ဝန်ဆောင်မှုလုပ်ငန်းတွေ ဗဟိုဘဏ်က လုပ်ဆောင် ခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ သတင်းစာ ရှင်းလင်းပွဲအပြီးမှာ ဦးဘိုဘိုငယ်က RFA ကို အခုလို ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဝန်ဆောင်မှု ပေးနိုင်ဖို့ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခုကို ပြည်တွင်းဘဏ်တွေနည်းတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေထံ ငွေချေးပေးဖို့နဲ့ တခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ဆောင်ရွက်ဖို့ နိုဝင်ဘာ ၈ ရက်နေ့က ခွင့်ပြုလိုက်အပြီး ဒီနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်တာဖြစ်ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ၂ ဦးစိုးသိန်း၊ ဒုတိယဥက္ကဋ္ဌ ၃ ဦးဘိုဘိုငယ်တို့က ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားဘဏ်ခွဲတွေကို မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်ခွင့်ပေးထားတာဟာ ၄ နှစ်လောက်ရှိပြီဖြစ်ပေမယ့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေအတွက် ငွေချေးပေးခွင့်နဲ့ ပြည်တွင်းဘဏ်တွေရဲ့ ဘဏ်လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။

ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေကို ငွေထုတ်ချေးတာ၊ ငွေလက်ခံတာတွေကို နိုင်ငံခြားငွေနဲ့ လုပ်ဆောင်ခွင့် ပေးထားမှာဖြစ်ပြီး ရန်ကုန်တစ်မြို့တည်းအတွက် ဖွင့်လှစ်ခွင့်ပေးထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ၃ ဦးဘိုဘိုငယ်က ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူတွေ ထုတ်လုပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲအပြီး RFA ကို အခုလို ပြောပါတယ်။

အဲဒါတော့ ဆက်လုပ်နေပါတယ်။ တိုးတက်မှုလည်း ရှိပါတယ်။ သေချာလုပ်ရတဲ့အတွက် နည်းနည်းတော့ အချိန်စောင့်ရတယ်။ ကျနော်က ဒီဌာနကို ကိုင်တာမဟုတ်တော့ အတိအကျမသိဘူး။ ၂၀၁၉ အတွင်းတော့ဖြစ် မယ်

ပြည်တွင်းမှာ လိုအပ်ချက်ရှိနေတဲ့ နိုင်ငံခြားငွေလိုအပ်ချက်ကို ပြည်တွင်းဘဏ်တွေအနေနဲ့ မဖြည့်စွမ်းနိုင်တဲ့အတွက် နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေအနေနဲ့ အဓိကထားလုပ်ဆောင်စေချင်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ၂ ဦးစိုးသိန်းက ပြောပါတယ်။

ကျနော်တို့က သူတို့ကိုပေးစေချင်တဲ့ဝန်ဆောင်မှုက နိုင်ငံခြားငွေကြေးကို ပံ့ပိုးတာကို အဓိကထားပေးစေချင်တာ။ ပြည်တွင်းမှာလိုနေတဲ့ နိုင်ငံခြားငွေကြေးအပိုင်းကို ပြည်တွင်းဘဏ်တွေက မဖြည့်စွမ်းနိုင်ဘူး အဲဒါကိုသူတို့ကို အလေးထားလုပ်စေချင်တာ

ပြည်တွင်းဘဏ်လုပ်ငန်းရှင်တွေ အနေနဲ့ ဗဟိုဘဏ်က ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုအား နည်းကြောင်း နိုင်ငံခြားဘဏ်ခွဲတွေ လာရောက်ဖွင့်လှစ်မယ်ဆိုရင် ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြည်တွင်းဘဏ်တွေက ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ၃ ဦးဘိုဘိုငယ်က ပြောပါတယ်။

ဒီလိုပြိုင်ဆိုင်မှုဝင်လာမှပဲ တကယ်အလုပ်လုပ်လာမယ်လို့ ကျနော်က ထင်တယ်။ ဒီဟာကို လုံးဝအပြည့်အစုံ တသက်လုံး ကာကွယ်ပေးထားလို့ရှိရင်တော့ ကိုယ့်မိဘအရိပ်အောက်က မထွက်တဲ့သားသမီးလိုပဲ ဘယ်တော့မှ ကိုယ့်ဟာကို ရှာစားတတ်မှာ မဟုတ်ဘူး။ ပြိုင်ဆိုင်မှုဝင်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဆိုတော့ ဘဏ်တွေကိုလည်း ကျနော်တို့က ပြောထားတယ်။ ခင်ဗျားတို့မှာ အချိန်ရှိပါသေးတယ်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပါ။ ကိုယ့်ရဲ့ပြုပြင်စရာရှိတာတွေ ပြုပြင်ပါ။ ကျနော်တို့နောက်ပိုင်း ခွင့်ပြုလိုက်တဲ့အချိန်မှာ ခင်ဗျားတို့ ပြိုင်ဆိုင်လာပါလိမ့်မယ်လို့ အဓိက ပြောခဲ့ပါတယ်

နိုင်ငံခြား ငွေ လဲလှယ်တဲ့ ဘဏ်တွေနဲ့ နိုင်ငံခြားငွေ ငွေလဲလှယ်တဲ့ နေရာတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ ရှောင်တခင်စစ်ဆေးမူတွေ ပြုလုပ်နေသလို ပြည်သူတွေအနေနဲ့ လည်း တိုင်ကြားဖို့ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခု ဖွင့်လှစ်ခွင့်ပေးထားပြီး နောက်ထပ်ဘဏ်ခွဲတွေ ဖွင့်လှစ်ဖို့အတွက် ခွင့်ပြုချက်ပေးသွားဖို့လည်းရှိတယ်လို့ သိရပါတယ် ခင်ဗျား။

Via: RFA