ေဖးဂ်ဳံး ေခါင္းမွာ ပတ္တီးစ မရွိေတာ့တဲ့ အျဖစ္ကုိ ဟာသေႏွာေျပာလုိက္တ့ဲ ဂယ္ရီလုိင္နီကာ

Getty Images

မန္ခ်က္စတာယူႏုိက္တက္ ေနာက္ခံလူ ေဖးဂ်ဳံးဟာ ၀က္စ္ဟမ္းအသင္းနဲ႔ပဲြစဥ္မွာ နဖူးမွာ ဒဏ္ရာ ရခဲ့ တာေၾကာင့္ ဘာစီလုိနာအသင္းနဲ႔ပဲြစဥ္မွာလည္း ဒဏ္ရာကုိ ပတ္တီးစီး ၿပီး ပါ၀င္ပဲြထြက္ကစားခဲ့ပါ တယ္။ ေဖးဂ်ဳံးဟာ ပထမပုိင္းတစ္ပုိင္းလုံး ပတ္တီးနဲ႔ ကစားသြားခဲ့သလုိ ဒုတိယပုိင္းပဲြခ်ိန္တစ္၀က္ေက်ာ္ ေလာက္တဲ့ အထိ ပတ္တီးစီးထားတဲ့အတုိင္းပဲ မန္ယူခံစစ္ကုိ ကာကြယ္သြားခဲ့ပါတယ္။

Getty Images

ဒါေပမယ့္ ပြဲခ်ိန္ေနာက္ပုိင္းမွာေတာ့ သူ႔ရဲ့ နဖူးက ပတ္တီးကုိ ဖယ္ရွား ၿပီး ကစားသြားခဲ့တာေတြ႔ရပါတယ္။ ေဖးဂ်ဴံးရဲ့ နဖူးမွာ ဘာေၾကာင့္ ပတ္တီးစ မရွိေတာ့သလဲဆုိတာနဲ႔ ပတ္သက္ ၿပီး အဂၤလန္ လက္ေ႐ြးစင္ ကစားသမားေဟာင္းႀကီး ဂယ္ရီလုိင္နီကာက ေျပာၾကားရမွာေတာ့ မက္ဆီရဲ့ လိမ္ေခါက္ ေက်ာ္ျဖတ္မူေတြကုိ အႀကိမ္အမ်ားႀကီးခံ ခဲ့ရတာေၾကာင့္ျဖစ္တယ္လုိ႔ ဟာသေႏွာၿပီး ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

Getty Images

လုိင္နီကာက ဘာစီလုိနာနဲ႔ မန္ယူပဲြစဥ္ကုိ BT Sports မွာ ေဘာလုံးတက္ဆက္သူအျဖစ္ ပါ၀င္သုံးသပ္ ေနတဲ့အခ်ိန္မွာပဲ “မက္ဆီဟာ ေဖးဂ်ဳံးကုိ အႀကိမ္အမ်ားႀကီးလွည့္စားေက်ာ္ျဖတ္ခဲ့တာေၾကာင့္ သူ႔ရဲ့ နဖူး ေပၚက ပတ္တီလည္း ျဖည္ေလ်ာ့က်သြားခဲ့ရတယ္” လုိ႔ အရႊန္းေဖာက္ၿပီး ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Getty Images

တြစ္တာေပၚကပရိသတ္ေတြကလည္း ေဖးဂ်ဳံးကုိ ေလွာင္ေျပာင္မူေတြျပလုပ္ခဲ့ၾကၿပီး သူ႔ကုိ မက္ဆီက မန္ခ်က္စတာကုိ ျပန္ပုိ႔လုိက္တယ္လုိ႔လည္း ေနာက္ေျပာင္ခဲ့ၾကပါတယ္။ လုိင္နီကာနဲ႔အတူ ေဘာလုံးေ၀ဖန္ သုံးသပ္သူေတြအျဖစ္ပါ၀င္တက္ဆက္ခဲ့ၾကတဲ့ ဖာဒီနန္န႔ဲ အုိ၀င္ဟားဂေရ႕ဗ္ တုိ႔ကေတာ့ မက္ဆီရဲ့ ေျခစြမ္းကုိ ခ်ီးက်ဴးေျပာၾကားသြားခဲ့ပါတယ္။ မက္ဆီဟာ မန္ယူေနာက္တန္းကုိ အလုပ္႐ူပ္ေစခဲ့ၿပီး အႏုိင္ဂုိးႏွစ္ဂုိးလည္း သြင္းၿပီး ေျခစြမ္းျပသႏုိင္ခဲ့တာျဖစ္ပါတယ္။

Getty Images

Jack ( Sports Reader )
Source: Daily Mail


#Unicode Version

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဖေးဂျုံးဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ နဖူးမှာ ဒဏ်ရာ ရခဲ့ တာကြောင့် ဘာစီလိုနာအသင်းနဲ့ပွဲစဉ်မှာလည်း ဒဏ်ရာကို ပတ်တီးစီး ပြီး ပါဝင်ပွဲထွက်ကစားခဲ့ပါ တယ်။ ဖေးဂျုံးဟာ ပထမပိုင်းတစ်ပိုင်းလုံး ပတ်တီးနဲ့ ကစားသွားခဲ့သလို ဒုတိယပိုင်းပွဲချိန်တစ်ဝက်ကျော် လောက်တဲ့ အထိ ပတ်တီးစီးထားတဲ့အတိုင်းပဲ မန်ယူခံစစ်ကို ကာကွယ်သွားခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန်နောက်ပိုင်းမှာတော့ သူ့ရဲ့ နဖူးက ပတ်တီးကို ဖယ်ရှား ပြီး ကစားသွားခဲ့တာတွေ့ရပါတယ်။ ဖေးဂျူံးရဲ့ နဖူးမှာ ဘာကြောင့် ပတ်တီးစ မရှိတော့သလဲဆိုတာနဲ့ ပတ်သက် ပြီး အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်းကြီး ဂယ်ရီလိုင်နီကာက ပြောကြားရမှာတော့ မက်ဆီရဲ့ လိမ်ခေါက် ကျော်ဖြတ်မူတွေကို အကြိမ်အများကြီးခံ ခဲ့ရတာကြောင့်ဖြစ်တယ်လို့ ဟာသနှောပြီး ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

လိုင်နီကာက ဘာစီလိုနာနဲ့ မန်ယူပွဲစဉ်ကို BT Sports မှာ ဘောလုံးတက်ဆက်သူအဖြစ် ပါဝင်သုံးသပ် နေတဲ့အချိန်မှာပဲ “မက်ဆီဟာ ဖေးဂျုံးကို အကြိမ်အများကြီးလှည့်စားကျော်ဖြတ်ခဲ့တာကြောင့် သူ့ရဲ့ နဖူး ပေါ်က ပတ်တီလည်း ဖြည်လျော့ကျသွားခဲ့ရတယ်” လို့ အရွှန်းဖောက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

တွစ်တာပေါ်ကပရိသတ်တွေကလည်း ဖေးဂျုံးကို လှောင်ပြောင်မူတွေပြလုပ်ခဲ့ကြပြီး သူ့ကို မက်ဆီက မန်ချက်စတာကို ပြန်ပို့လိုက်တယ်လို့လည်း နောက်ပြောင်ခဲ့ကြပါတယ်။ လိုင်နီကာနဲ့အတူ ဘောလုံးဝေဖန် သုံးသပ်သူတွေအဖြစ်ပါဝင်တက်ဆက်ခဲ့ကြတဲ့ ဖာဒီနန်နဲ့ အိုဝင်ဟားဂရေ့ဗ် တို့ကတော့ မက်ဆီရဲ့ ခြေစွမ်းကို ချီးကျူးပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ မန်ယူနောက်တန်းကို အလုပ်ရူပ်စေခဲ့ပြီး အနိုင်ဂိုးနှစ်ဂိုးလည်း သွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

Jack ( Sports Reader )
Source: Daily Mail