Sponsored

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ကျေနပ်လောက်တဲ့ စွမ်း ဆောင်ရည် မရရှိခဲ့တာကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန်မူတွေနဲ့လည်းရင်ဆိုင်နေရာပါတယ်။

ပြီးခဲ့တဲ့ ၂ပွဲဆက်တိုက် မှာ လစ်ဗာပူးနဲ့ ဘန်လေအသင်းတွေကို ၂ဂိုး ဂိုးမရှိရလဒ်တွေနဲ့ ရူံးပွဲဆက်ခဲ့ တဲ့အပေါ်မှာ တော့ အသင်းပရိသတ်တွေရဲ့ စိတ်ပျက်မူတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြဆိုးလ်ရှား အတွက် ဖိအားတွေပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။

Getty Images

ယူနိုက်တက်အသင်းပရိသတ်တွေဟာလည်း လာမယ့်ဖေဖော်ဝါရီလ၁ရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဝုဗ် အသင်းနဲ့ပွဲစဉ်မှာ အသင်းတာဝန်ရှိသူတွေကို ဆန္ဒပြဖို့အထိရည်ရွယ်ထားကြတာဖြစ်ပါတယ်။ အသင်း ဘုတ် အဖွဲ့ ဝင်တွေဟာလည်း လက်ရှိ ရလဒ်တွေအတိုင်းပဲ ဆက်လက် ဖြစ်ပေါ်နေမယ်ဆိုရင်တော့ ဆိုးလ်ရှားအပေါ်မှာ စိတ်ရှည်ထားမူတွေ ကုန်ဆုံးလာတော့မှာဖြစ်တယ်လို့ဆိုပါတယ်။

Sponsored
Getty Images

နည်းပြ ဆိုးလ်ရှားအပေါ် ဆက်လက် ထောက်ခံနေဆဲဖြစ်ပေမယ့်လည်း လာမယ့်ပွဲစဉ်တွေမှာ ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပြီး နိုင်ပွဲ တွေယူဆောင်ပေးနိုင်ခြင်းမရှိခဲ့ဘူးဆိုရင်တော့ စပါး နည်းပြဟောင်းပိုချက်တီနိုနဲ့ အင်္ဂလန် လက်ရွေးစင်နည်းပြ ဆောက်ဂိတ်တို့ကို ခေါ်ယူခန့်အပ်ဖို့ အသင်း တာဝန်ရှိသူတွေဘက်က ကြိုတင်ပြင်ဆင်ထားတယ်လို့သိရပါတယ်။

Getty Images

အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ ရေပန်းအစားဆုံး နည်းပြ ဖြစ်နေပြီး မန်ယူနိုက်တက် လေ့ကျင့် ရေး ကွင်းမှာ လာရောက်လေ့ရှိသလို လူငယ်ကစားသမားတွေရဲ့ တိုးတက်လာတဲ့စွမ်းဆောင်ရည်အ ပေါ်မှာလည်းမကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိတယ်လို့သိရပါတယ်။ ဒါပေမယ့် အင်္ဂလန် လက်ရွေး စင်အသင်းနဲ့စာချုပ် ကျန်ရှိနေတာကြောင့် အသင်းလက်မဲ့ ဖြစ်နေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနို ဘက် လှည့် လာနိုင်တယ်လို့လည်းသုံးသပ်မူတွေရှိနေတာဖြစ်ပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *