Sponsored

ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းနဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ အသင်းရဲ့ ဒုတိယဂိုးသမား ကာဘယ်လီယိုကို ပွဲထွက်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ပွဲ ဆက်တိုက် ပွဲထွက်ကစားခဲ့တဲ့ စပိန်ဂိုးသမားကီပါကိုတော့ နည်းပြလမ်းပတ်ကအရန်ခုံမှာပဲ ထားခဲ့ တာဖြစ်ပါတယ်။ ကီပါဟာ နယူးကာဆယ်၊အာဆင်နယ်အစရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အမှား အယွင်းများခဲ့တာကြောင့် နည်းပြလမ်းပတ်က ချန်လှပ်ခဲ့တာဖြစ်ပြီး ကာဘယ်လီယိုကို ပွဲထွက် ကစား စေခဲ့တဲ့အကြောင်းကိုလည်းရှင်းပြသွားခဲ့တာဖြစ်ပါတယ်။

Getty Images

လမ်းပတ်ကပြောကြားရာမှာတော့ “ဒါက ကျွန်တော်ပြုလုပ်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဂိုးသမားတွေ နဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ပေါ့ပေါ့တန်တန် ဆုံးဖြတ်ချက်ချက်လို့မရတဲ့ ကိစ္စဖြစ် ပါတယ်။ဂိုးသမား၂ဦးလုံးက အလွန်ရင်နှီးကြပြီး အတူတကွနဲ့ အပြင်းအထန်ကြိုးစားနေကြတဲ့ သူတွေပါ။ဒါပေမယ့် ဒီနေ့မှာတော့ ပွဲထွက်သင့်တယ်လို့ ကျွန်တော်ခံစားမိတဲ့တစ်ဦးကို ပွဲထွက် ကစားစေခဲ့တာပါ။

Sponsored
Getty Images

ကျွန်တော် ဝီလ်လီ(ကာဘယ်လိုယို) အပေါ်မှာယုံကြည်ပြီး လေ့ကျင့်ရေး ကွင်းမှာ ပုံစံကောင်းပြသနိုင်ခဲ့တယ်။သူက တကယ့်ကို ပရော်ဖက်ရှင်နယ်ပီသသူပါ။၂ဦးလုံးကိုလည်း ကျွန် တော်ယုံကြည်ပေမယ့် ဒါက ဒီနေ့ပွဲအတွက်ဆုံးဖြတ်ချက်တစ်ခုသာဖြစ်ပါတယ်” လို့ နည်းပြလမ်းပတ်က ပြောပြသွားခဲ့တာဖြစ်ပါတယ်။

Getty Images

ဂိုးသမားကီပါနဲ့ပတ်သက်ပြီးဆက်လက်သုံးသပ်ရာမှာတော့ “ အပြင်ကနေ ဝေဖန်မှုတွေကို သိပ်ပြီး ဂရုမစိုက်တက်ပါဘူး။အဲဒီလိုဝေဖန်မူတွေနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မူမရှိဘူးဆိုတာ သိမြင် ပြီးသားပါ။အသင်းအတွက် ကျွန်တော်လိုချင်တဲ့ ပုံစံကို ကီပါလည်းသိပါတယ်။ကီပါအနေနဲ့သူ့ရဲ့ အမှားတ ချို့က ဂိုးတွေပေးခဲ့ရတယ်ဆိုတာ ရိုးရိုးသားသားဝန်ခံရမှာဖြစ်ပါတယ်။ဒါက သဘောဝ ဖြစ် ပြီး တိုးတက်လာဖို့ပဲလိုအပ်ပါတယ်” လို့ လမ်းပတ်ကဆက်လက်ပြောပြသွားခဲ့တာဖြစ်ပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *