Sponsored

ပြင်သစ်တစ်နိုင်ငံလုံးအား ၁၅ရက်ကြာ lockdown ချမည်ဟု သမ္မတ မက်ခရွန်ကကြေညာလိုက်သည်။

ပြင်သစ်ပြည်သူများအား ရုပ်သံမှမိန့်ခွန်းပြောကြားရာတွင် လာမည့် ၁၅ ရက်အတွက် ပြည်သူအားလုံး၏ သွားလာလှုပ်ရှားမှုများကို တင်းကြပ်စွာကန့်သတ်လိုက်ကြောင်း သမ္မတကထည့်သွင်းပြောကြားသွားသည်။

Getty Images

မိမိတို့သည် ကပ်ရောဂါနှင့် စစ်ပွဲဆင်နွှဲနေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူများအားလုံး အင်္ဂါနေ့ နေ့လည်မှစတင်၍ ၁၅ ရက်အတွင်း မိမိတို့အိမ်တွင်သာ မိမိတို့နေကြရန်ဖြစ်ကြောင်းတို့ကိုလည်း သူကပြောကြားခဲ့သည်။

Sponsored

လိုအပ်သောပစ္စည်းများကိုဝယ်ယူခြင်း၊ ဆေးဝါးများဝယ်ယူခြင်းနှင့် ယင်းတို့ကိုဆောင်ရွက်ရသူများမှအပ အခြားသူများအားလုံး အိမ်မှပင်လျှင် အလုပ်လုပ်ကိုင်ကြရန် စည်းကမ်းချမှတ်ထားသည်။ အီတလီနိုင်ငံတွင် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် တူညီသည်။

ထို့အပြင် မတ်လ ၂၂ ရက်နေ့တွင် ကျင်းပမည့် ပြည်တွင်းရွးကောက်ပွဲများကိုလည်း ရွှေ့ဆိုင်းလိုက်ပြီး၊ ဟိုတယ်များနှင့် အခြားသော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း COVID-19 တိုက်ဖျက်ရေးအတွက် ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာခြင်းဖြင့် ကူညီကြပါရန်ကိုလည်း သမ္မတ မက်ခရွန်ကပြောကြားသည်။

Getty Images

သတ်မှတ်ထားသည့် စည်းကမ်းများနှင့် မညီညွတ်သည့် လှုပ်ရှားဆောင်ရွက်မှုများကို စောင့်ကြပ်ထိန်းသိမ်းရန်အတွက်လည်း ရဲတပ်ဖွဲ့ဝင် တစ်သိန်းကို တာဝန်ပေးထားသည်။ စည်ကမ်းများဖေါက်ဖျက်ပါက ၁၃၅ ယူရိုငွေ ကို ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။

ပြင်သစ်နိုင်ငံတွင် COVID-19 အတည်ပြုမှုအသစ် ၁၂၁၀ တိုးလာခဲ့ခြင်းကြောင့် စုစုပေါင်း အတည်ပြုမှု ၆၆၃၃ ရှိနေပြီး၊ သေဆုံးသူ ၁၄၈ ဦးရှိကာ၊ ကုသပျောက်ကင်းသူ ၁၂ ဦးရှိသဖြင့် လက်ရှိတွင် အတည်ပြုလူနာ ၆၄၇၃ ဦးကို ပြုစုကုသပေးနေရကာ ယင်းတို့အနက် ၄၀၀ ခန့်မှာ စိုးရိမ်ရသောအခြေအနေတွင်ရှိသည်။

Source: Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *