Sponsored

အယောက် ၆၀ နီးပါးရှိတဲ့ မြောက်ကိုရီးယားနိုင်ငံရောက်ပြည်ပ သံတမန်တွေဟာ Coronavirus အခြေအနေဆိုးရွားလာချိန်မှာ မြောက်ကိုရီးယားအစိုးရရဲ့ မြို့တော် ပြုံးယမ်းမှာ သီးသန့်ခွဲခြားထားရှိခြင်းကို ခံရပြီး ရက်ပြည့်တာနဲ့ ပြည်တော်ပြန်ဖို့ အပြင်းအထန်ကြိုးစားမှု အောင်မြင်သွားပါပြီ။ အကြောင်းကတော့ နိုင်ငံခြားကို ပျံသန်းမဲ့ Flight မရှိလို့ပါ။

ဆွီဒင် သံအမတ် Joachim Bergstrom ( Twitter )

ယခုတော့ Air Koryo လေကြောင်းလိုင်းက တစ်လတာကာလအတွင်းပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံ Vladivostok မြို့ကို ပျံသန်းမှာဖြစ်တဲ့အတွက် ပြည်ပသံတမန်တွေ အလုအယက်ပြန်ကြပါပြီ။ ထိုလေကြောင်းခရီးစဉ်ဟာ ယနေ့မနက်အစောပိုင်မှာ ရုရှားနိုင်ငံ အရှေ့ပိုင်းကို ဆင်းသက်သွားပါပြီ။

ပြည်ပ သံတမန်တွေဟာ ဖေဖော်ဝါရီနဲ့ မတ်လအစပိုင်း ရက်အတော်ကြာ သီးသန့်ခွဲနေခိုင်းခြင်း ခံရတာဖြစ်ပါတယ်။ ရောဂာကူးစက်မှုထိန်းချုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ပ သံတမန် အယောက် ရာချီပြီး ထိန်းချုပ်ထားခဲ့တာပါ။ ထိုအထဲမှာ ရုရှားနိင်ငံ သံအမတ် Alexander Matsegora လဲပါဝင်ပြီး သူက “ စိတ်ဓါတ်လုံးလုံးကျ ” ပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ယခုအချိန်အထိ တရုတ်နဲ့ အိမ်နီးချင်းလည်းဖြစ် တောင်ကိုရီးယားနဲ့နယ်နိမိတ်ထိစပ်နေတဲ့ မြောက်ကိုရီးယားမှာ ရောဂါကူးစက်ခံရမှုမရှိသေးဆိုတဲ့ အဆိုကို စောင့်ကြည့်လေ့လာသူတွေက သံသယရှိနေပါတယ်။

Sponsored
Twitter

Air Koryo လေကြောင်းဟာ ယနေ့ တနင်္လာနေ့မနက် ၈း၄၀ က ပြုံးယမ်းမှ ထွက်ခွာခဲ့ကာ Vladivostok မြို့ကို မနက် ၁၀း၄၇ မှာဆင်းသက်ခဲ့ပါတယ်။ ထိုခရီးစဉ်မှာ ပြည်ပ သံတမန် အယောက် ၆၀ ထက်မနည်းပါဝင်လာပြီး ရုရှားမှတဆင့် မိခင်နိုင်ငံတွေကို ဘယ်လိုပြန်ကြမလဲဆိုတာတော့ မသိသေးပါဘူး။ ဗြိတိန် သံအမတ် က တနင်္လာနေ့မနက်ပိုင်းကပဲ သူ့ရဲ့ Twitter စာမျက်နှာမှာ ဂျာမနီနဲ့ ပြင်သစ်သံရုံးက မိတ်ဆွေတွေကို နှုတ်ဆက်ကြောင်းရေးသားခဲ့ပါတယ်။ သူက အခြားသောာ မြောက်ကိုရီးယားမြေပေါ်က သံရုံးတွေပိတ်သွားပေမယ့် ဗြိတိန်သံရုံးကတော့ ဖွင့်ထားအုံးမှာပါလို့လည်းပြောပါတယ်။ ဒါ့အပြင် ယနေ့မနက်အစောပိုင်းက လေဆိပ်ကြိုပို့ ကားနှစ်စီးကို လည်း လူမှုကွက်ရက်မှာ မျှဝေခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပြည်ပသံရုံးဝန်ထမ်းနဲ့ သံအမတ် အယောက် ၃၈၀ နီးပါးကို ရက် ၃၀လောက် ခွဲခြားနေဖို့ ညွန်ကြားခဲ့တာပါ။

Twitter

ထိုအထဲမှာ ပါဝင်တဲ့ ဆွီဒင် သံအမတ်က ကျွန်တော်အရင် Kim II Sung Square မှာ လွပ်လွပ်လပ်လပ် မတ်တပ်ရပ်နေခွင့်ကို အဲ့လောက်ပျော်ဖို့ကောင်းမှန်းမသိခဲ့ဘူးလို့ သီးသန့််ခွဲနေခိုင်းမှုအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။ ပြည်ပနိုင်ငံသားတွေ ကို လွတ်လပ်စွာသွားလာခွင့်ပြန်ပေးလိုက်ပြီဖြစ်သော်လည်း မြောက် ကိုရီးယားနိုင်ငံသားတွေနဲ့ ထိတွေ့နိုင်တဲ့ စားသောက်ဆိုင်၊ စတိုးဆိုင်၊ အားကစာခန်းမ နဲ့ ဟိုတယ်တွေဆီသွားလာခွင့်ကို ပိတ်ထားတုန်းပါ။

တချို့ကလည်း မြောက်ကိုရီးယားမှာ Coronavirus ရောဂါကို စစ်ဆေးအဖြေရှာတဲ့ ကိရိယာမရှိဘူးလို့ ပြောပါတယ်။ နောက်ဆုံးသတင်းတွေအရ ကမ္ဘာ့ပေါ်ရှိ လူ အယောက် ၁၀၇,၀၀၀ ကို ရောဂါကူးစက်နေပြီဖြစ်ကာ ၃,၆၀၀ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *