အမျိုးသားတွေကို ကျော်ပြီး 2018 Forbes India Celebrity စာရင်းဝင်ခဲ့တဲ့ Deepika

pinterest

Forbes India ကနေ (၂၀၁၈)ရဲ့ ၀င်ငွေအကောင်းဆုံး အနုပညာရှင်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီနှစ် စာရင်းရဲ့ ထူးခြားချက်ကတော့ ၀င်ငွေအကောင်းဆုံး အနုပညာရှင် Top 10 စာရင်းမှာ ပါဝင်နိုင်ခဲ့တဲ့ တစ်ဦးတည်း သော အမျိုးသမီးအနုပညာရှင်အဖြစ် Deepika Padukone  ပါဝင်ခဲ့ပါတယ်။ သူမရဲ့ ၀င်ငွေဟာဆိုရင် ခင်ပွန်း ဖြစ်သူRanveer Singh ထက်တောင် ပိုများနေပါတယ်။ (၂၀၁၈)ရဲ့ Top 10 စာရင်းမှာ ဘယ်သူတွေ ပါဝင် ခဲ့သလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

pinterest

#10 Ajay Devgn

pinterest

မြန်မာပရိသတ်တွေနဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့ အိန္ဒိယမင်းသားAjay Devgn ကတော့ ၀င်ငွေ အိန္ဒိယရူပီး (74.5)သန်း နဲ့ 2018 Forbes India Celebrity ရဲ့ ၀င်ငွေ အကောင်းဆုံး ဆယ်လီစာရင်းရဲ့ နံပါတ် (၁၀) နေရာမှာ ရပ်တည် ခဲ့ပါတယ်။

#9 Sachin Tendulkar

pinterest

Sachin Tendulkar ကတော့ အိန္ဒိယရဲ့ နာမည်ကြီး ခရစ်ကတ်ကစားသမားဟောင်းပါ။ တစ်ချိန်တုန်းက နိုင်ငံ့ကိုယ်စား ပြုအသင်းရဲ့ captain ဟောင်းပါ။ သူ့ရဲ့ ၀င်ငွေကတော့ ရူပီးသန်း(၈၀)ပါ။

# 8 Ranveer Singh

pinterest

အိန္ဒိယရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်ယောက်ဖြစ်တဲ့ Ranveer Singh ကတော့ ဒီစာရင်းရဲ့ နံပါတ် (၈) နေရာမှာ ရှိနေခဲ့ပါတယ်။ သူ့ရဲ့ ၀င်ငွေကတော့ ရူပီး (၈၄.၇)သန်း ပါ။ သူ့ရဲ့ ၀င်ငွေကတော့ ဇနီးဖြစ်သူ Deepika Padukone ထက် နည်းတာကိုတွေ့ရပါတယ်။

#7 Amitabh Bachchan

pinterest

ဘောလိဝုဒ်ရဲ့ နာမည်ကြီးမင်းသားကြီး Amitabh Bachchan ကတော့ အခုချိန်ထိကို ဘောလိဝုဒ် အနုပညာ လောကို လွှမ်းမိုးထားနိုင်သူပါ။ သူ့ရဲ့ ၀င်ငွေကတော့ ရူပီး(၉၆.၁) သန်းပါ။

#6 Aamir Khan

pinterest

Aamir Khan ကတော့ အခုဆိုရင် အသက် (၅၃)နှစ်ရှိနေပါပြီ။ ၀င်ငွေအကောင်းဆုံး ဆယ်လီ Top 10 စာရင်း ရဲ့ နံပါတ် (၆) နေရာမှာ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ ၀င်ငွေကတော့ ရူပီး(၉၇.၅)သန်းပါ။

#5 Mahendra Singh Dhoni

pinterest

Top 5 စာရင်းဝင်သူတွေကို ဖော်ပြပေးချင်ပါတယ်။ နံပါတ် (5) နေရာမှာရှိနေသူကတော့ ခရစ်ကတ်ကစားသမားပါ။ သူ့ရဲ့ ၀င်ငွေကတော့ ရူပီး (၁၀၁.၈) သန်းပါ။

#4  Deepika Padukone

pinterest

အမျိုးသားတွေပဲ နေရာယူကြီးစိုးထားတဲ့ ဒီ Top 10 စာရင်းထဲမှာ ပါဝင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီး ဆယ်လီ ပါ။ Deepika Padukone ကတော့ ၀င်ငွေရူပီး (၁၁၂.၈)သန်းနဲ့ နံပါတ် (၄) နေရာမှာပါဝင်ခဲ့ပါတယ်။ ခင်ပွန်း ဖြစ်သူ Ranveer Singh  က ၀င်ငွေ ရူပီး (၈၄.၇)သန်းနဲ့ နံပါတ် (၈)နေရာမှာရှိနေချိန်မှာ သူမက နံပါတ် (၄) နေရာမှာ ရောက်ခဲ့တာပါ။

#3 Akshay Kumar

pinterest

ဘောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲ နာမည်ကြီးမင်းသား Akshay Kumar ကတော့Top 3 စာရင်းရဲ့ နံပါတ် (၃) နေရာမှာ ပါဝင် ခဲ့ပါတယ်။ ၀င်ငွေရူပီး (၁၈၅)သန်းနဲ့ ပါဝင်ခဲ့တာပါ။

#2 Virat Kohli

pinterest

နံပါတ်(၂)နေရာမှာ ရှိတဲ့ ဆယ်လီက အနုပညာသမားမဟုတ်ပါဘူး။ ခရစ်ကတ်ကစားသမား Virat Kohli ပါ။ လက်ရှိ မှာ အိန္ဒိယနိုင်ငံကိုယ်စားပြု အသင်းရဲ့ captain အဖြစ် တာဝန်ယူနေသူပါ။ ၀င်ငွေရူပီး (၂၂၈) သန်းပါ။

#1 Salman Khan

pinterest

မင်းသားကြီး Salman Khan ကတော့ နံပါတ် တစ်နေရာမှာ ရပ်တည်နေပါတယ်။ သူ့ရဲ့ ၀င်ငွေကတော့ (၂၅၃.၂) သန်းပါ။ တခြားဆယ်လီတွေ အနေနဲ့ကတော့Alia Bhatt က ရူပီး(၅၈.၈)သန်းနဲ့ နံပါတ်(၁၂)၊ Shah Rukh Khan က ၀င်ငွေရူပီး (၅၆)သန်းနဲ့ နံပါတ် (၁၃)၊ Ranbir Kapoor က (၄၄.၅)သန်းနဲ့ နံပါတ် (၁၇) နေရာမှာရှိနေပါတယ်။

Source: forbesindia
Via: AuntyMay