အာဆီယံနိုင်ငံများအနက် Football for School Project မြန်မာ ပထမဆုံးရရှိ

အာဆီယံနိုင်ငံများအနက် Football for School Project မြန်မာ ပထမဆုံးရရှိ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကူညီထောက်ပံ့သည့် Football for School Projectကို အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ပေးအပ်ရန် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက ထုတ်ဖော်ပြောဆိုသည်။

အဆိုပါ Football for School Project အစီအစဉ်ကိုရရှိရန်အတွက် လွန်ခဲ့သည့်သုံးလက တည်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လာမည့်ဒီဇင်ဘာ၌ နိုင်ငံအနှံ့ Football for School Projectအစီအစဉ်ကို စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

@StateCounsellor

Football for School Project ပရော်ဂျက်ရရှိရေးအတွက် ဖီဖာက မီးစိမ်းပြလိုက်ပြီ။ ဒီပရော်ဂျက်ကို ဒီဇင်ဘာလအတွင်းမှာအကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေပါတယ်။ မကြာခင်မှာ ပညာရေးဝန်ကြီးဌာနတို့ ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လုပ်မယ်။ အဲဒီပရော်ဂျက်က အာဆီယံထဲမှာ မြန်မာနိုင်ငံက ပထမဆုံးရရှိတဲ့ပရော်ဂျက်လို့ ပြောလို့ရတယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောဆိုသည်။

Football for School Project အစီအစဉ်အရ ဖီဖာမှ နည်းပြများနှင့် ကမ္ဘာကျော် ကစားသမားဟောင်းများက နိုင်ငံတဝန်းရှိအခြေခံပညာကျောင်းများ၌ ဘောလုံးနှင့်ပတ်သက်သည့် နည်းစနစ်များကို မျှဝေပေးမည့်အပြင် ဘောလုံးနှင့်ပတ်သက်သည့် သင်ထောက်ကူပစ္စည်းများကိုလည်း ထောက်ပံ့ကူညီမည်ဖြစ်သည်။

Football for School Project

အဲဒီပရော်ဂျက်က ငွေကြေးပိုင်းမပါဘူး။ အဓိကတော့ တစ်နိုင်ငံလုံးမှာရှိ အခြေခံပညာ ကျောင်းတွေကို ဘောလုံးတွေလုံလုံလောက်လောက်လှူဒါန်းသွားမယ်။ ပြီးတော့ ဖီဖာကနည်းပြတွေလာပြီး ဘောလုံးနည်းစနစ်တွေသင်ကြားမယ်။ ကမ္ဘာကျော်ကစားသမားဟောင်းတွေလည်း လိုက်ပါလာနိုင်ပါတယ်” ဟု ဦးကိုကိုသိန်းက တစ်ဆက်တည်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတဝန်း၌ ယူ-၁၂လူငယ်ဘောလုံးပြိုင်ပွဲ၊ ယူ-၁၄လူငယ် ဘောလုံးပြိုင်ပွဲ၊ Grassroots အစီအစဉ်များ စသဖြင့်ကျင်းပလျက်ရှိပြီး မျိုးဆက်သစ်လူငယ် ကစားသမားများပေါ်ထွက်လာရန် တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။

Source: MMTimes