ၾကက္ေျခေထာက္ အရုိးလြတ္ ႀကဳိက္တတ္သူမ်ား သတိထား

ၾကက္ေျခေထာက္ အရုိးလြတ္ ႀကဳိက္တတ္သူမ်ား

ၾကက္ေျခေထာက္ အရုိးလြတ္ဆုိတာ ယခုေနာက္ပုိင္း ျမန္မာျပည္မွာ ေခတ္စားလာတဲ့ ဟင္းလ်ာအမယ္ တခု ျဖစ္ပါတယ္။ ၾကက္သားဟာ ကမၻာေပၚမွာ အစားအမ်ားဆံုး ဟင္းလ်ာတခု ျဖစ္ပါတယ္။

ၾကက္တေကာင္လံုးဟာ ပစ္ရက္စရာ မရွိေအာင္ အသံုးဝင္လွပါတယ္။ အဲဒီထဲမွာ ၾကက္ေျခေထာက္ေတြလည္း အပါအဝင္ေပါ့။ ၾကက္ေျခေထာက္ကုိ သုပ္စား၍ ျဖစ္ေစ၊ ဟင္းခ်ဳိခ်က္၍ ျဖစ္ေစ၊ ကင္၍ ျဖစ္ေစ စားေလ့ ရွိၾကပါတယ္။

အရသာ ရွိလွတဲ့ ၾကက္ေျခေထာက္ကုိ စားတဲ့ အခါမွာ စိတ္အေႏွာင့္အယွက္ ေပးတာကေတာ့ ၾကက္ေျခေထာက္ရုိးေတြပဲ ျဖစ္ပါတယ္။ အရုိးကိုက္ရတာ ႀကဳိက္ႏွစ္သက္တဲ့ သူေတြကေတာ့ ကိစၥ မရွိေပမယ့္ တျခားသူေတြကေတာ့ အရုိးေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္ၾကရပါတယ္။ အဲဒါေၾကာင့္လည္း ၾကက္ေျခေထာက္ အရုိးလြတ္ဆုိတဲ့ ဟင္းလ်ာတခု ေပၚေပါက္လာရျခင္း ျဖစ္ပါတယ္။

ၾကက္ေျခေထာက္ အရုိးလြတ္ကုိ သုပ္စားလုိ႔ရသလုိ၊ ေဟာ့ေပါ့၊ မာလာရွမ္းေကာ အစရွိတဲ့ တရုတ္အစားအစာေတြ မွာလည္း ထည့္သြင္း စားသံုးၾကပါတယ္။ ေစ်းႏႈန္းအေနနဲ႔လည္း အရိုးလြတ္ၾကက္ေျခေထာက္ဟာ သာမန္ၾကက္ ေျခေထာက္ထက္ အဆမ်ားစြာ ေစ်းႀကီးပါတယ္။

အေျဖက ရွင္းပါတယ္။ ေျခေထာက္ အရုိးေတြကုိ ထုတ္ပယ္ပစ္ရတဲ့ အလုပ္တခု ပုိလာတဲ့ အတြက္ သာမန္ၾကက္ ေျခေထာက္ထက္ ပုိၿပီး ေစ်းႀကီးေနရတာပါ။ ၾကက္ေျခေထာက္ အရုိးထုတ္နည္းေတြကုိ ကၽြမ္းက်င္ စားဖုိမွဴးေတြက ျမန္ျမန္ဆန္ဆန္ လုပ္ႏုိင္ၾကပါတယ္။ ဒါေပမယ့္ စားဖုိမွဴးေတြ လုပ္ႏုိင္စြမ္းထက္ စာသံုးသူေတြက ပုိမုိမ်ားျပားလာတဲ့ အခါမွာ ၾကက္ေျခေထာက္ အရုိးဖယ္ထုတ္တဲ့ စက္ရံုေတြ ေပၚေပါက္လာပါတယ္။

ဒါေပမယ့္ ဆုိင္မွာ စားေနတဲ့ ၾကက္ေျခေထာက္ အရုိးလြတ္ေတြ အားလံုးဟာ စက္ရံုေတြက လာတာေတြ ခ်ည္းပဲ မဟုတ္ပါဘူး။ တႏုိင္တပိုင္ အရုိးဖယ္ထုတ္တဲ့ အိမ္ရွင္မေတြဆီကလည္း ျဖစ္ႏုိင္ပါတယ္။ အိမ္ရွင္မေတြရဲ႕ အရုိးဖယ္ထုတ္နည္းကိုေတာ့ ရုပ္သံဖုိင္ေလးနဲ႔ ေအာက္မွာ ေဖာ္ျပထားပါတယ္။

ရုပ္သံဖုိင္ထဲမွာ ျမင္တဲ့အတုိင္း ၾကက္ေျခေထာက္ အရုိးေတြကုိ ပါးစပ္နဲ႔ ကုိက္ခြာၾကတာပါ။ မၾကာေသးမီကလည္း တရုတ္ အမ်ဳိးသမီးတစု ၾကက္ေျခေထာက္ အရုိးေတြကုိ အဲဒီလုိ ခြာေနတဲ့ ရုုပ္သံဖုိင္ကုိ ၾကည့္ရႈခဲ့ရပါတယ္။ အခုရုပ္သံဖုိင္ထဲမွာ ပါတဲ့အတုိင္းဆို အေဒၚႀကီး ပါးစပ္နဲ႔ ခြာေနတဲ့ ၾကက္ေျခေထာက္ ပမာဏဟာ အိမ္သားေတြ စားဖုိ႔ေတာ့ ဟုတ္ဟန္ မတူပါဘူး။ စီးပြားျဖစ္ ေရာင္းခ်ဖုိ႔အတြက္ ခြာေနတာပဲ ျဖစ္ႏုိင္ပါတယ္။

ရုပ္သံဖုိင္ထဲက အေဒၚႀကီးက တုိင္းရင္းသား တမ်ဳိးလုိ႔ ယူဆလုိ႔ ရပါတယ္။ ျမန္မာႏုိင္ငံထဲကလား တရုတ္ျပည္ကလား ေသခ်ာေတာ့ မသဲကြဲပါဘူး။ စဥ္းစားၾကည့္လုိက္မယ္ဆုိရင္ ကၽြန္ေတာ္တုိ႔ ႏုိင္ငံဟာ တရုတ္နဲ႔ အိမ္နီးခ်င္းျဖစ္တဲ့ အတြက္ သူတုိ႔ဆီက ကုန္ပစၥည္းေတြကုိ ကၽြန္ေတာ္တုိ႔က သံုးစြဲေနရတာ အားလံုး သိၿပီးသားပါ။ အခုလုိ ေပါက္ကရေတြ လုပ္ထားတဲ့ စားေသာက္ကုန္ ပစၥည္းေတြ ကၽြန္ေတာ္တုိ႔ ဘယ္ေလာက္ေတာင္ စားမိေနၾကၿပီလဲ။

ပါးစပ္ဆုိတာ ေရာဂါကူးစက္ဖုိ႔ အေကာင္းဆံုး အဂၤါေတြထဲမွာ တခု အပါအဝင္ ျဖစ္ပါတယ္။ ၾကက္ေျခေထာက္ အရုိးကုိ ပါးစပ္နဲ႔ ကုိက္ခြာလုိ႔ ရလာတဲ့ ၾကက္ေျခေထာက္ အရုိးလြတ္ေတြ ဘယ္ေလာက္မ်ား ကၽြန္ေတာ္တုိ႔ဆီ ေရာက္ခဲ့ၿပီလဲ၊ သက္ဆုိင္ရာလူႀကီးမင္းမ်ားအေနနဲ႔ ေမွာင္ခုိသြင္းလာတဲ့ ပစၥည္းမ်ားကုိ ႀကီးၾကပ္ဖုိ႔သလုိ တရားဝင္ဆုိၿပီး ယခုလုိ ေပါက္ကရ လုပ္ထားတဲ့ အစားအစာေတြ တင္သြင္းျခင္းကုိလည္း တိက်ေသခ်ာစြာ ၾကပ္မတ္ထိန္းသိမ္းၾကပါဦးလုိ႔ ေတာင္းဆို လုိက္ပါေရစခင္ဗ်ာ။

Source: Baganthar

Video Credit – Nyi Kyaw Naing


#Unicode version

ကြက်ခြေထောက် အရိုးလွတ်ဆိုတာ ယခုနောက်ပိုင်း မြန်မာပြည်မှာ ခေတ်စားလာတဲ့ ဟင်းလျာအမယ် တခု ဖြစ်ပါတယ်။ ကြက်သားဟာ ကမ္ဘာပေါ်မှာ အစားအများဆုံး ဟင်းလျာတခု ဖြစ်ပါတယ်။

ကြက်တကောင်လုံးဟာ ပစ်ရက်စရာ မရှိအောင် အသုံးဝင်လှပါတယ်။ အဲဒီထဲမှာ ကြက်ခြေထောက်တွေလည်း အပါအဝင်ပေါ့။ ကြက်ခြေထောက်ကို သုပ်စား၍ ဖြစ်စေ၊ ဟင်းချိုချက်၍ ဖြစ်စေ၊ ကင်၍ ဖြစ်စေ စားလေ့ ရှိကြပါတယ်။

အရသာ ရှိလှတဲ့ ကြက်ခြေထောက်ကို စားတဲ့ အခါမှာ စိတ်အနှောင့်အယှက် ပေးတာကတော့ ကြက်ခြေထောက်ရိုးတွေပဲ ဖြစ်ပါတယ်။ အရိုးကိုက်ရတာ ကြိုက်နှစ်သက်တဲ့ သူတွေကတော့ ကိစ္စ မရှိပေမယ့် တခြားသူတွေကတော့ အရိုးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်။ အဲဒါကြောင့်လည်း ကြက်ခြေထောက် အရိုးလွတ်ဆိုတဲ့ ဟင်းလျာတခု ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။

ကြက်ခြေထောက် အရိုးလွတ်ကို သုပ်စားလို့ရသလို၊ ဟော့ပေါ့၊ မာလာရှမ်းကော အစရှိတဲ့ တရုတ်အစားအစာတွေ မှာလည်း ထည့်သွင်း စားသုံးကြပါတယ်။ ဈေးနှုန်းအနေနဲ့လည်း အရိုးလွတ်ကြက်ခြေထောက်ဟာ သာမန်ကြက် ခြေထောက်ထက် အဆများစွာ ဈေးကြီးပါတယ်။

အဖြေက ရှင်းပါတယ်။ ခြေထောက် အရိုးတွေကို ထုတ်ပယ်ပစ်ရတဲ့ အလုပ်တခု ပိုလာတဲ့ အတွက် သာမန်ကြက် ခြေထောက်ထက် ပိုပြီး ဈေးကြီးနေရတာပါ။ ကြက်ခြေထောက် အရိုးထုတ်နည်းတွေကို ကျွမ်းကျင် စားဖိုမှူးတွေက မြန်မြန်ဆန်ဆန် လုပ်နိုင်ကြပါတယ်။ ဒါပေမယ့် စားဖိုမှူးတွေ လုပ်နိုင်စွမ်းထက် စာသုံးသူတွေက ပိုမိုများပြားလာတဲ့ အခါမှာ ကြက်ခြေထောက် အရိုးဖယ်ထုတ်တဲ့ စက်ရုံတွေ ပေါ်ပေါက်လာပါတယ်။

ဒါပေမယ့် ဆိုင်မှာ စားနေတဲ့ ကြက်ခြေထောက် အရိုးလွတ်တွေ အားလုံးဟာ စက်ရုံတွေက လာတာတွေ ချည်းပဲ မဟုတ်ပါဘူး။ တနိုင်တပိုင် အရိုးဖယ်ထုတ်တဲ့ အိမ်ရှင်မတွေဆီကလည်း ဖြစ်နိုင်ပါတယ်။ အိမ်ရှင်မတွေရဲ့ အရိုးဖယ်ထုတ်နည်းကိုတော့ ရုပ်သံဖိုင်လေးနဲ့ အောက်မှာ ဖော်ပြထားပါတယ်။

ရုပ်သံဖိုင်ထဲမှာ မြင်တဲ့အတိုင်း ကြက်ခြေထောက် အရိုးတွေကို ပါးစပ်နဲ့ ကိုက်ခွာကြတာပါ။ မကြာသေးမီကလည်း တရုတ် အမျိုးသမီးတစု ကြက်ခြေထောက် အရိုးတွေကို အဲဒီလို ခွာနေတဲ့ ရုပ်သံဖိုင်ကို ကြည့်ရှုခဲ့ရပါတယ်။ အခုရုပ်သံဖိုင်ထဲမှာ ပါတဲ့အတိုင်းဆို အဒေါ်ကြီး ပါးစပ်နဲ့ ခွာနေတဲ့ ကြက်ခြေထောက် ပမာဏဟာ အိမ်သားတွေ စားဖို့တော့ ဟုတ်ဟန် မတူပါဘူး။ စီးပွားဖြစ် ရောင်းချဖို့အတွက် ခွာနေတာပဲ ဖြစ်နိုင်ပါတယ်။

ရုပ်သံဖိုင်ထဲက အဒေါ်ကြီးက တိုင်းရင်းသား တမျိုးလို့ ယူဆလို့ ရပါတယ်။ မြန်မာနိုင်ငံထဲကလား တရုတ်ပြည်ကလား သေချာတော့ မသဲကွဲပါဘူး။ စဉ်းစားကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ တရုတ်နဲ့ အိမ်နီးချင်းဖြစ်တဲ့ အတွက် သူတို့ဆီက ကုန်ပစ္စည်းတွေကို ကျွန်တော်တို့က သုံးစွဲနေရတာ အားလုံး သိပြီးသားပါ။ အခုလို ပေါက်ကရတွေ လုပ်ထားတဲ့ စားသောက်ကုန် ပစ္စည်းတွေ ကျွန်တော်တို့ ဘယ်လောက်တောင် စားမိနေကြပြီလဲ။

ပါးစပ်ဆိုတာ ရောဂါကူးစက်ဖို့ အကောင်းဆုံး အင်္ဂါတွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။ ကြက်ခြေထောက် အရိုးကို ပါးစပ်နဲ့ ကိုက်ခွာလို့ ရလာတဲ့ ကြက်ခြေထောက် အရိုးလွတ်တွေ ဘယ်လောက်များ ကျွန်တော်တို့ဆီ ရောက်ခဲ့ပြီလဲ၊ သက်ဆိုင်ရာလူကြီးမင်းများအနေနဲ့ မှောင်ခိုသွင်းလာတဲ့ ပစ္စည်းများကို ကြီးကြပ်ဖို့သလို တရားဝင်ဆိုပြီး ယခုလို ပေါက်ကရ လုပ်ထားတဲ့ အစားအစာတွေ တင်သွင်းခြင်းကိုလည်း တိကျသေချာစွာ ကြပ်မတ်ထိန်းသိမ်းကြပါဦးလို့ တောင်းဆို လိုက်ပါရေစခင်ဗျာ။

Video Credit – Nyi Kyaw Naing