Sponsored

ဒေသအများစု၌ နေ့အပူချိန်များ ပုံမှန်ထက် မြင့်တက်လာနေစဉ် မတ်လ ၁၄ ရက် တစ်နေ့တည်းတွင် မြို့ငါးမြို့၌ အပူချိန်စံချိန်သစ်တင်ခဲ့သည်။

ချင်းပြည်နယ် ရမ်ကလောင်းမြို့၊ ရခိုင်ပြည်နယ် အမ်း၊ မြောက်ဦးနှင့် ကျောက်တော်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့တွင် မတ်လ ၁၄ ရက်က အပူချိန် ပုံမှန်ထက် မြင့်ခဲ့ပြီး စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၃ ရက်ကလည်း အမ်းမြို့တွင် အပူချိန် စံချိန်သစ်တင်ခဲ့ရာ လတ်တလောကာလ၌ ရခိုင်ပြည် နယ် သည် ကျန်ဒေသများထက် အပူချိန် ပိုမြင့်နေခြင်းဖြစ်သည်။

Sponsored

ကချင်ပြည် နယ်သည် နေ့အပူချိန် အမြင့်ဆုံးဖြစ်နေပြီး မတ်လ၏ ပျမ်းမျှအပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ် ပိုနေ သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

နွေကာလ၌ အပူချိန်မြင့်တက်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ သတိပြုရန် လိုအပ်နေသလို လေထုမငြိမ် မသက်ဖြစ်နေစဉ်တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းနှင့် မိုးကြိုးပစ်ခြင်းစသည့် သဘာ၀ ဘေးများကို သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာကျော်မိုးဦးက အကြံပြုသည်။

Source: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *