၂၅ ႏွစ္အတြင္း စိုက္ပ်ိဳးေျမအမ်ားဆံုးသိမ္းယူခဲ့သည့္ စာရင္းတြင္ ေျမလြတ္၊ လပ္၊ ႐ိုင္း ေကာ္မတီႏွင့္ တပ္မေတာ္အရာရိွႀကီးမ်ား ပါ၀င္ဟုဆို

၂၅ ႏွစ္အတြင္း စိုက္ပ်ိဳးေျမအမ်ားဆံုးသိမ္းယူခဲ့သည့္ သူမ်ား

လြန္ခဲ့ေသာ ၂၅ ႏွစ္အတြင္း ခ်ထားေပးေသာ စိုက္ပ်ိဳးေျမဧက ၅ ဒသမ ၁ သန္းခန္႔အနက္ ထက္၀က္နီးပါးကို ရယူထားသူမ်ားသည္ တပ္မေတာ္အရာရိွႀကီးမ်ား၊ ယခင္ သမၼတဦးသိန္းစိန္လက္ထက္ ဖြဲ႕စည္းခဲ့သည့္ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းစီမံခန္႔ခြဲမႈဗဟိုေကာ္မတီတို႔ျဖစ္သည္ဟု မဲေခါင္ေဒသတြင္း ေျမယာစီမံခန္႔ခြဲမႈအဖြဲ႕ (MRLG) က ထုတ္ျပန္ေသာ စစ္တမ္းစာအုပ္တြင္ေဖာ္ျပထားသည္။

အဆိုပါအဖြဲ႕က မဲေခါင္ေဒသ ေျမယာအေျခအေန၊ အေနအထား စာအုပ္မိတ္ဆက္ပြဲကို ဇူလိုင္ ၁၀ ရက္က ေနျပည္ေတာ္ရွိ Grand Amara Hotel ၌ ျပဳလုပ္ေသာ အခမ္းအနားတြင္ ထုတ္ျပန္ျခင္းျဖစ္သည္။

စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအ တြက္ေသာ္ လည္းေကာင္း၊ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးခ်င္းအျဖစ္ေသာ္လည္းေကာင္း၊ ေတာင္သူ တစ္ဦးခ်င္းပံုစံျဖင့္ ေသာ္လည္း ေကာင္း ေျမဧက ၅၀ ေအာက္ လုပ္ပိုင္ခြင့္ခ်ထားသည့္ စနစ္ျဖင့္ ၁၉၉၁ မွ ၂၀၁၆ ေအာက္တိုဘာ အတြင္း ခန္႔မွန္းဧက ၅ ဒသမ ၁ သန္းခန္႔ ခြင့္ျပဳေပးခဲ့သည္ဟု စစ္ တမ္း၌ ဆိုသည္။

ယင္းတို႔အနက္မွ ေျမ၂ ဒသမ ၂ သန္းကို ယခင္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းစီမံခန္႔ခြဲမႈ ဗဟိုေကာ္မတီက ၄၃ ရာခိုင္ႏႈန္း၊ တပ္မေတာ္အရာရိွႀကီးမ်ားက ၂၇ ရာခိုင္ႏႈန္းရယူခဲ့ေၾကာင္း စစ္တမ္းတြင္ ေဖာ္ျပသည္။ သုိ႔ေသာ္ အေသး စိတ္ေဖာ္ျပထားျခင္းမရွိေပ။

၂၅ ႏွစ္အတြင္း စိုက္ပ်ိဳးေျမအမ်ားဆံုးသိမ္းယူခဲ့သည့္ သူမ်ား

ထို႔ျပင္ သယံဇာတႏွင့္ ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာ နက ၂၁ ရာခိုင္ႏႈန္း၊ တုိင္းေဒသ ႀကီး၊ ျပည္နယ္၀န္ႀကီးခ်ဳပ္မ်ားက ၄ ရာခိုင္ႏႈန္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန ေအာက္ရွိ လုပ္ပုိင္ခြင့္ေပးထား ေသာ ဦးစီးဌာနမ်ားက ၃ ရာခိုင္ ႏႈန္း၊ လက္ရိွအစိုးရလက္ထက္ တြင္ တာ၀န္ယူေနသည့္ ေျမလြတ္၊ေျမလပ္ႏွင့္ ေျမ႐ိုင္းစီမံခန္႔ခြဲမႈဗဟို ေကာ္မတီက ၂ ရာခိုင္ႏႈန္း အသီး သီးရရွိထားသည္ဟု ပါ၀င္သည္။

ထိုသို႔ ခ်ထားေပးခဲ့သည့္ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းကို ထိေရာက္စြာ အသံုးျပဳမႈတြင္ အႀကီးစားလုပ္ငန္းရွင္မ်ား၊ ကုမၸဏီမ်ား ထက္ လုပ္ကြက္ငယ္ေတာင္သူ မ်ားက ပိုမိုအေကာင္အထည္ေဖာ္ႏိုင္သည္ကို ေတြ႕ရေၾကာင္း စစ္ တမ္း၌ ပါရွိသည္။

အဆိုပါအစီရင္ခံစာတြင္ အ ႀကီးစား စိုက္ပ်ိဳးေျမဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းစဥ္ဟူေသာ ေျမယာခ်ထားေပးမႈမ်ားသည္ အျငင္းပြားဖြယ္ရာ ျဖစ္ေနသည့္အ ျပင္ ေျမယာမ်ားသိမ္းယူမႈေၾကာင့္ ႏိုင္ငံ့လူဦးေရ၌ အခ်ိဳးအစား အမ်ားစုျဖစ္ေသာ လုပ္ကြက္ငယ္ ေတာင္သူမ်ား ဖြံ႕ၿဖိဳးေရးအတြက္ အႏုတ္လကၡဏာေဆာင္သည့္ သက္ေရာက္မႈမ်ား ျဖစ္ေပၚေစ သည္ဟုလည္း ဆိုထားသည္။

စိုက္ပ်ိဳးေရးသည္ ျမန္မာႏိုင္ငံ၏ အသားတင္ထုတ္လုပ္မႈတန္ ဖိုး (GDP) ၏ ၃၂ ရာခိုင္ႏႈန္းျဖင့္ အဓိကအခန္းက႑မွ ပါ၀င္ၿပီး လူဦးေရ၏ ၅၂ ရာခိုင္ႏႈန္းကို အလုပ္အကိုင္္ ဖန္တီးေပးထားႏိုင္ ေၾကာင္း အစီရင္ခံစာက ေထာက္ ျပထားသည္။

အႀကံျပဳ၊ တိုက္တြန္းခ်က္

အစီရင္ခံစာတြင္ အႀကံျပဳခ်က္မ်ား ပါ၀င္ၿပီး အႀကီးစားစိုက္ ပ်ိဳးေရးဖြံ႕ၿဖိဳးတုိးတက္မႈဆိုင္ရာ အစီအစဥ္မ်ားႏွင့္ စပ္လ်ဥ္း၍ ျပည့္စံုေသာ ေလ့လာသံုးသပ္မႈ တစ္ခု ျပဳလုပ္ရန္ အႀကီးစား ေျမသိမ္းဆည္းမႈအသစ္ကို ေခတၱရပ္ ဆိုင္းထားရန္၊ ကုမၸဏီမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားက စာခ်ဳပ္ပါ အခ်က္အလက္မ်ားကို မလိုက္နာ လွ်င္ ေျမအသံုးခ်ခြင့္ကို ဖ်က္သိမ္းသင့္ေၾကာင္း ေဖာ္ျပထားသည္။ထို႔ျပင္ အသံုးျပဳခြင့္ပယ္ဖ်က္ ၿပီး ေျမမ်ားကို ေတာင္သူမ်ား (သို႔)ႏိုင္ငံေတာ္(သို႔)တတိယအဖြဲ႕အ စည္းမ်ားထံသို႔ ျပန္လည္ခ်ထား ေပးရန္ တာ၀န္မ်ားႏွင့္ လုပ္ငန္းစဥ္ မ်ားအား ခ်မွတ္ႏိုင္ရန္ ရွင္းလင္းေသာ ၫႊန္ၾကားခ်က္တစ္ခုထုတ္ ျပန္ရန္၊ စိုက္ပ်ိဳးေရး ဖြံ႕ၿဖိဳးတိုး တက္မႈဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးျမႇင့္ရန္ အႀကီးစား ေျမသိမ္း ဆည္းမႈမ်ားကို ထည့္သြင္းစဥ္းစား သင့္၊ မသင့္ ေဆြးေႏြးရန္လည္း ပါ၀င္သည္။

တာ၀န္ယူမႈ၊ တာ၀န္ခံမႈရွိ ေသာ စိုက္ပ်ိဳးေရးဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈ ျဖစ္ေပၚေစရန္ စိုက္ပ်ိဳးေရး ဆိုင္ရာ အႀကီးစားေျမသိမ္းဆည္း မႈ ေဖာ္ထုတ္ေစာင့္ၾကည့္ျခင္းဆိုင္ ရာ ေကာင္းမြန္ေသာ လုပ္ထံုးလုပ္နည္းတစ္ရပ္ကို ခ်မွတ္ရန္ (အထူးသျဖင့္ လုပ္ကြက္ငယ္ေတာင္သူ မ်ားအား ပါ၀င္ခြင့္ေပးရမည္)ဟု လည္း အစီရင္ခံစာတြင္ ထည့္ သြင္းတိုက္တြန္းထားသည္။

ထို႔အျပင္ တစ္ခုတည္းေသာ ေျမယာစီမံအုပ္ခ်ဳပ္မႈ မူေဘာင္ ေရးဆြဲခ်မွတ္ရန္၊ အဆိုပါမူ ေဘာင္သည္ လက္ရွိ ေျမယာဥပေဒမ်ားအၾကား မေျဖရွင္းရေသး သည့္ ကြာဟခ်က္မ်ားအေပၚ ေျဖ ရွင္းရန္၊ ေျမယာဥပေဒမ်ားတစ္ ခုႏွင့္ တစ္ခု သဟဇာတျဖစ္ေစရန္၊ အႀကီးစား ေျမသိမ္းဆည္းမႈမ်ား ျပဳလုပ္ရန္ႏွင့္ စပ္လ်ဥ္းသည့္ လုပ္ ငန္းစဥ္မ်ားကို သဟဇာတျဖစ္ေစ ရန္ႏွင့္ ေျမအမ်ိဳးအစား သတ္ မွတ္ခ်က္မ်ား ျပန္လည္ေလ့လာ သံုးသပ္ရန္၊ ေျမအမ်ိဳးအစား ေျပာင္းလဲမႈ လုပ္ထံုးလုပ္နည္း ျပန္လည္ေလ့လာသံုးသပ္ရန္တို႔ လည္း အႀကံျပဳထားသည္။

ဆက္လက္၍ အႀကီးစားေျမယာအစီအစဥ္မ်ားႏွင့္ စပ္လ်ဥ္း ေသာ အခ်က္အလက္စီမံခန္႔ခြဲမႈ ပိုမိုေကာင္းမြန္လာေအာင္ ျမႇင့္တင္ေဆာင္ရြက္ျခင္း၊ အႀကီးစား ေျမသိမ္းဆည္းမႈဆိုင္ရာ အခ်က္အလက္မ်ားေကာက္ယူျခင္း၊ စီမံခန္႔ခြဲျခင္းႏွင့္ ခြဲျခားစိတ္ျဖာသံုးသပ္ျခင္းမ်ား ပိုမိုေကာင္းမြန္လာေစရန္ လုပ္ငန္းစဥ္တစ္ခု ခ်မွတ္ကူညီ ရန္၊ ထိုသို႔ ေဆာင္ရြက္ျခင္းျဖင့္ နိစၥဓူ၀ ဆံုးျဖတ္ခ်က္ခ်မွတ္ျခင္း၊ မူ၀ါဒခ်မွတ္ျခင္းမ်ားကို ကူညီရန္ႏွင့္ အႀကီးစားစိုက္ပ်ိဳးေရးဆိုင္ရာ ဖြံ႕ၿဖိဳးေရးအစီအစဥ္ဆိုင္ရာ အခ်က္အလက္မ်ားကို အမ်ားျပည္သူ သိရွိႏိုင္ေစေရး ေဆာင္ရြက္ရန္ စသည့္ အခ်က္မ်ားလည္း တိုက္တြန္းထားသည္။

ေျပာင္းလဲလာေသာ ေခတ္ အေျခအေနအရ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအေပၚ အက်ိဳးသက္ ေရာက္မႈရွိသည္ဟု ဆိုႏိုင္ေသာ္ လည္း ေျမယာက႑တြင္ အလြမ္းဇာတ္ႀကီးမ်ားသာျဖစ္ေနသည္ဟု စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္မႈေရးရာ ေကာ္မတီဥကၠ႒ ဦးေအာင္ၾကည္ ၫြန္႔က ေျပာသည္။

ျမန္မာႏိုင္ငံအပါအဝင္ မဲေခါင္ေဒသတစ္ဝန္းတြင္ ေျမယာ အသံုးခ်မႈႏွင့္ပတ္သက္၍ အခက္အခဲမ်ားရွိေနသည္ကို သိရွိၿပီးျဖစ္ သည့္အျပင္ ျပည္တြင္း၌ ႀကံဳေတြ႕ ေနရသည့္ ျပႆနာမ်ားအားလံုး ကို မသိျခင္းမဟုတ္ဘဲ မည္သို႔ ေျဖရွင္းရမည္ဆိုသည့္ အေျဖကို ရွာ ေနျခင္းသာ ျဖစ္သည္ဟု ေကာ္မ တီဥကၠ႒က ဆိုသည္။

‘ေပၚေပါက္ေနတဲ့ ျပႆနာ ဟာ ေရရွည္ ၾကာၾကာကို ရွိေန တယ္။ ျပည္တြင္းမွာလည္း ရွိပါ တယ္။ ဒါျဖစ္ရင္ ဒါေတြ မသိဘူး လားဆိုေတာ့ သိပါတယ္။ မသိ တာက ဘယ္လို ေျဖရွင္းရင္ ေကာင္းမလဲဆိုတာ How to Solve ကၽြန္ေတာ္တို႔ ရွာေဖြေနရတာ ရွိပါတယ္။ ဒါေၾကာင့္ ဒီေန႔လို သုေတသနစာတမ္းေတြ ထြက္လာတာ ဝမ္းသာပါတယ္’’ ဟု ဦးေအာင္ၾကည္ၫြန္႔က ေျပာသည္။

‘‘ကြၽန္ေတာ္တို႔အပိုင္း အေန အထားနဲ႔ေျပာမယ္ဆိုရင္ တခ်ိဳ႕ကိိစၥရပ္ေတြမွာ Legal ေတြရွိပါတယ္။ ဥပေဒဆိုင္ရာ ျပႆနာေတြ ျဖစ္ပါတယ္။ တခ်ိဳ႕ကိစၥရပ္ ေတြက်ေတာ့ Traditional Issue ေဒသအလိုက္ ျဖစ္ေပၚေနတဲ့ ျပႆနာေတြ ရွိပါတယ္။ တခ်ိဳ႕က်ေတာ့ စီးပြားေရးနဲ႔ ဆိုင္တဲ့ ျပႆနာေတြျဖစ္ပါတယ္။ တခ်ိဳ႕ ကိစၥေတြမွာ ၾကည့္လိုက္ရင္ အင္မ တန္ တိက်ပါတယ္။ အဲဒါက ဘာလဲဆိုရင္ Institutional Issue ေတြ။ Institution ေတြေပၚ မူတည္ၿပီး တခ်ိဳ႕ Institution ေတြ ျပင္ကိုျပင္ရမယ္။ ျပဳျပင္ရမယ့္ အေနအ ထားေတြ ေရာက္ေနၿပီလို႔ မွန္းပါ တယ္’’ ဟု ဦးေအာင္ၾကည္ညြန္႔က ေျပာသည္။

Source: 7daydaily


#Unicode Version

လွန်ခဲ့သော ၂၅ နှစ်အတွင်း ချထားပေးသော စိုက်ပျိုးမြေဧက ၅ ဒသမ ၁ သန်းခန့်အနက် ထက်ဝက်နီးပါးကို ရယူထားသူများသည် တပ်မတော်အရာရှိကြီးများ၊ ယခင် သမ္မတဦးသိန်းစိန်လက်ထက် ဖွဲ့စည်းခဲ့သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဗဟိုကော်မတီတို့ဖြစ်သည်ဟု မဲခေါင်ဒေသတွင်း မြေယာစီမံခန့်ခွဲမှုအဖွဲ့ (MRLG) က ထုတ်ပြန်သော စစ်တမ်းစာအုပ်တွင်ဖော်ပြထားသည်။

အဆိုပါအဖွဲ့က မဲခေါင်ဒေသ မြေယာအခြေအနေ၊ အနေအထား စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင် ၁၀ ရက်က နေပြည်တော်ရှိ Grand Amara Hotel ၌ ပြုလုပ်သော အခမ်းအနားတွင် ထုတ်ပြန်ခြင်းဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများအ တွက်သော် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးချင်းအဖြစ်သော်လည်းကောင်း၊ တောင်သူ တစ်ဦးချင်းပုံစံဖြင့် သော်လည်း ကောင်း မြေဧက ၅၀ အောက် လုပ်ပိုင်ခွင့်ချထားသည့် စနစ်ဖြင့် ၁၉၉၁ မှ ၂၀၁၆ အောက်တိုဘာ အတွင်း ခန့်မှန်းဧက ၅ ဒသမ ၁ သန်းခန့် ခွင့်ပြုပေးခဲ့သည်ဟု စစ် တမ်း၌ ဆိုသည်။

ယင်းတို့အနက်မှ မြေ၂ ဒသမ ၂ သန်းကို ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှု ဗဟိုကော်မတီက ၄၃ ရာခိုင်နှုန်း၊ တပ်မတော်အရာရှိကြီးများက ၂၇ ရာခိုင်နှုန်းရယူခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြသည်။ သို့သော် အသေး စိတ်ဖော်ပြထားခြင်းမရှိပေ။

ထို့ပြင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ နက ၂၁ ရာခိုင်နှုန်း၊ တိုင်းဒေသ ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက ၄ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ လုပ်ပိုင်ခွင့်ပေးထား သော ဦးစီးဌာနများက ၃ ရာခိုင် နှုန်း၊ လက်ရှိအစိုးရလက်ထက် တွင် တာဝန်ယူနေသည့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဗဟို ကော်မတီက ၂ ရာခိုင်နှုန်း အသီး သီးရရှိထားသည်ဟု ပါဝင်သည်။

ထိုသို့ ချထားပေးခဲ့သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းကို ထိရောက်စွာ အသုံးပြုမှုတွင် အကြီးစားလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ ထက် လုပ်ကွက်ငယ်တောင်သူ များက ပိုမိုအကောင်အထည်ဖော်နိုင်သည်ကို တွေ့ရကြောင်း စစ် တမ်း၌ ပါရှိသည်။

အဆိုပါအစီရင်ခံစာတွင် အ ကြီးစား စိုက်ပျိုးမြေဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဟူသော မြေယာချထားပေးမှုများသည် အငြင်းပွားဖွယ်ရာ ဖြစ်နေသည့်အ ပြင် မြေယာများသိမ်းယူမှုကြောင့် နိုင်ငံ့လူဦးရေ၌ အချိုးအစား အများစုဖြစ်သော လုပ်ကွက်ငယ် တောင်သူများ ဖွံ့ဖြိုးရေးအတွက် အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများ ဖြစ်ပေါ်စေ သည်ဟုလည်း ဆိုထားသည်။

စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အသားတင်ထုတ်လုပ်မှုတန် ဖိုး (GDP) ၏ ၃၂ ရာခိုင်နှုန်းဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး လူဦးရေ၏ ၅၂ ရာခိုင်နှုန်းကို အလုပ်အကိုင် ဖန်တီးပေးထားနိုင် ကြောင်း အစီရင်ခံစာက ထောက် ပြထားသည်။

အကြံပြု၊ တိုက်တွန်းချက်

အစီရင်ခံစာတွင် အကြံပြုချက်များ ပါဝင်ပြီး အကြီးစားစိုက် ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များနှင့် စပ်လျဉ်း၍ ပြည့်စုံသော လေ့လာသုံးသပ်မှု တစ်ခု ပြုလုပ်ရန် အကြီးစား မြေသိမ်းဆည်းမှုအသစ်ကို ခေတ္တရပ် ဆိုင်းထားရန်၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များက စာချုပ်ပါ အချက်အလက်များကို မလိုက်နာ လျှင် မြေအသုံးချခွင့်ကို ဖျက်သိမ်းသင့်ကြောင်း ဖော်ပြထားသည်။ထို့ပြင် အသုံးပြုခွင့်ပယ်ဖျက် ပြီး မြေများကို တောင်သူများ (သို့)နိုင်ငံတော်(သို့)တတိယအဖွဲ့အ စည်းများထံသို့ ပြန်လည်ချထား ပေးရန် တာဝန်များနှင့် လုပ်ငန်းစဉ် များအား ချမှတ်နိုင်ရန် ရှင်းလင်းသော ညွှန်ကြားချက်တစ်ခုထုတ် ပြန်ရန်၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အကြီးစား မြေသိမ်း ဆည်းမှုများကို ထည့်သွင်းစဉ်းစား သင့်၊ မသင့် ဆွေးနွေးရန်လည်း ပါဝင်သည်။

တာဝန်ယူမှု၊ တာဝန်ခံမှုရှိ သော စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပေါ်စေရန် စိုက်ပျိုးရေး ဆိုင်ရာ အကြီးစားမြေသိမ်းဆည်း မှု ဖော်ထုတ်စောင့်ကြည့်ခြင်းဆိုင် ရာ ကောင်းမွန်သော လုပ်ထုံးလုပ်နည်းတစ်ရပ်ကို ချမှတ်ရန် (အထူးသဖြင့် လုပ်ကွက်ငယ်တောင်သူ များအား ပါဝင်ခွင့်ပေးရမည်)ဟု လည်း အစီရင်ခံစာတွင် ထည့် သွင်းတိုက်တွန်းထားသည်။

ထို့အပြင် တစ်ခုတည်းသော မြေယာစီမံအုပ်ချုပ်မှု မူဘောင် ရေးဆွဲချမှတ်ရန်၊ အဆိုပါမူ ဘောင်သည် လက်ရှိ မြေယာဥပဒေများအကြား မဖြေရှင်းရသေး သည့် ကွာဟချက်များအပေါ် ဖြေ ရှင်းရန်၊ မြေယာဥပဒေများတစ် ခုနှင့် တစ်ခု သဟဇာတဖြစ်စေရန်၊ အကြီးစား မြေသိမ်းဆည်းမှုများ ပြုလုပ်ရန်နှင့် စပ်လျဉ်းသည့် လုပ် ငန်းစဉ်များကို သဟဇာတဖြစ်စေ ရန်နှင့် မြေအမျိုးအစား သတ် မှတ်ချက်များ ပြန်လည်လေ့လာ သုံးသပ်ရန်၊ မြေအမျိုးအစား ပြောင်းလဲမှု လုပ်ထုံးလုပ်နည်း ပြန်လည်လေ့လာသုံးသပ်ရန်တို့ လည်း အကြံပြုထားသည်။

ဆက်လက်၍ အကြီးစားမြေယာအစီအစဉ်များနှင့် စပ်လျဉ်း သော အချက်အလက်စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာအောင် မြှင့်တင်ဆောင်ရွက်ခြင်း၊ အကြီးစား မြေသိမ်းဆည်းမှုဆိုင်ရာ အချက်အလက်များကောက်ယူခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ခွဲခြားစိတ်ဖြာသုံးသပ်ခြင်းများ ပိုမိုကောင်းမွန်လာစေရန် လုပ်ငန်းစဉ်တစ်ခု ချမှတ်ကူညီ ရန်၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နိစ္စဓူ၀ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ မူဝါဒချမှတ်ခြင်းများကို ကူညီရန်နှင့် အကြီးစားစိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ်ဆိုင်ရာ အချက်အလက်များကို အများပြည်သူ သိရှိနိုင်စေရေး ဆောင်ရွက်ရန် စသည့် အချက်များလည်း တိုက်တွန်းထားသည်။

ပြောင်းလဲလာသော ခေတ် အခြေအနေအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက် ရောက်မှုရှိသည်ဟု ဆိုနိုင်သော် လည်း မြေယာကဏ္ဍတွင် အလွမ်းဇာတ်ကြီးများသာဖြစ်နေသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုရေးရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည် ညွန့်က ပြောသည်။

မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတစ်ဝန်းတွင် မြေယာ အသုံးချမှုနှင့်ပတ်သက်၍ အခက်အခဲများရှိနေသည်ကို သိရှိပြီးဖြစ် သည့်အပြင် ပြည်တွင်း၌ ကြုံတွေ့ နေရသည့် ပြဿနာများအားလုံး ကို မသိခြင်းမဟုတ်ဘဲ မည်သို့ ဖြေရှင်းရမည်ဆိုသည့် အဖြေကို ရှာ နေခြင်းသာ ဖြစ်သည်ဟု ကော်မ တီဥက္ကဋ္ဌက ဆိုသည်။

‘ပေါ်ပေါက်နေတဲ့ ပြဿနာ ဟာ ရေရှည် ကြာကြာကို ရှိနေ တယ်။ ပြည်တွင်းမှာလည်း ရှိပါ တယ်။ ဒါဖြစ်ရင် ဒါတွေ မသိဘူး လားဆိုတော့ သိပါတယ်။ မသိ တာက ဘယ်လို ဖြေရှင်းရင် ကောင်းမလဲဆိုတာ How to Solve ကျွန်တော်တို့ ရှာဖွေနေရတာ ရှိပါတယ်။ ဒါကြောင့် ဒီနေ့လို သုတေသနစာတမ်းတွေ ထွက်လာတာ ဝမ်းသာပါတယ်’’ ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

‘‘ကျွန်တော်တို့အပိုင်း အနေ အထားနဲ့ပြောမယ်ဆိုရင် တချို့ကိစ္စရပ်တွေမှာ Legal တွေရှိပါတယ်။ ဥပဒေဆိုင်ရာ ပြဿနာတွေ ဖြစ်ပါတယ်။ တချို့ကိစ္စရပ် တွေကျတော့ Traditional Issue ဒေသအလိုက် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ရှိပါတယ်။ တချို့ကျတော့ စီးပွားရေးနဲ့ ဆိုင်တဲ့ ပြဿနာတွေဖြစ်ပါတယ်။ တချို့ ကိစ္စတွေမှာ ကြည့်လိုက်ရင် အင်မ တန် တိကျပါတယ်။ အဲဒါက ဘာလဲဆိုရင် Institutional Issue တွေ။ Institution တွေပေါ် မူတည်ပြီး တချို့ Institution တွေ ပြင်ကိုပြင်ရမယ်။ ပြုပြင်ရမယ့် အနေအ ထားတွေ ရောက်နေပြီလို့ မှန်းပါ တယ်’’ ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

Source: 7daydaily