Sponsored

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အကြိုသဘောတူညီမူရရှိခဲ့ပြီလို့သတင်းထွက်ပေါ်နေတဲ့ စပို့တင် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကတော့ တခြားလိဂ်တွေထက် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို့က ဦးစားပေးပစ်မှတ်ဖြစ်တယ်လို့ အတည်ပြုပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စအတွက် ပေါင်၄ရသန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်း မူ အဆင်မပြေ ခဲ့တာကြောင့် ဆက်လက်ညှိနိူင်းခဲ့ပြီး သဘောတူညီမူ ရရှိသွားပြီလို့ သတင်းထွက်ပေါ် လာတာဖြစ်ပါတယ်။

Getty Images

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တစ်ဦးက လာလီဂါနဲ့ ပရီးမီးယားလိဂ် ၂ခုနဲ့ ပတ်သက် ပြီး ဘယ်လိဂ်မှာကစားဖို့ ပိုပြီးစိတ်ဝင်စားသလဲဆိုတဲ့မေးခွန်းအပေါ်မှာ ဖာနန်ဒက်စ်ကပြန်လည်ဖြေ ကြားသွားခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်က “ပရီးမီးယားလိဂ်မှာကစားဖို့က အမြဲတမ်း ဦးစားပေးပစ် မှတ်ဖြစ်ခဲ့ပါတယ်” လို့ပြန်လည်ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

Sponsored

ဆက်လက်ပြီးယူနိုက်တက်အသင်းက ဦးစားပေး အသင်းလားဆိုပြီးမေးမြန်းရာမှာတော့ “ အမှန် တကယ်ဟုတ်ရဲ့လား” ဆိုပြီးပြန်လည်မေးခွန်းထုတ်သွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်၄ရသန်းနဲ့ ကမ်းလှမ်းခဲ့တယ်ဆိုပေမယ့်လည်း ဆုကြေးတွေနဲ့ ပါ ထပ် ပေါင်းမယ်ဆိုရင်တော့ ယူရိုသန်း၈၀ (ပေါင်၆၈သန်း)ခန်း တန်ဖိုးရှိတယ်လို့သိရပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဘရူနိုဖာနန်ဒက်စ်ကို ဘာစီလိုနာအသင်းကလည်း ယူနိုက်တက်နဲ့ အပြိုင် ချိတ်ဆက်နေတယ်လို့ဆိုပါတယ်။ တစ်ဖက်မှာတော့ ယူနိုက်တက်အသင်း အရာ ရှိချုပ် အက်ဒ်ဝုဒ်ရဲ့နေအိမ်ကို အသင်းပရိသတ်တစ်ဖွဲ့ က မီးခိုးဗုံးတွေ၊မီးရှူးမီးပန်းတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့လို့ ကစားသမားသစ်တွေဝယ်ယူဖို့အတွက် တွန်းအားတစ်ခုဖြစ်သွားခဲ့ တယ်လို့သုံးသပ်မူတွေရှိနေပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *