Sponsored

၂၃.၁.၂၀၂၀ မှ ၂၉.၁.၂၀၂၀ အထိ ခုနှစ်ရက်သားသမီးများ၏ တစ်ပတ်အတွင်း ကံကြမ္မာ၊ အဆိုးအကောင်းများကို ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

အလုပ်အကိုင်ဟူသမျှတွင် နှောင့်နှေးကြန့်ကြာမှုရှိနေတတ်ပါသော်လည်း အမြတ်အစွန်းများစွာရရှိပါလိမ့်မည်။ စိတ်ပျက်ခြင်း၊ အားငယ်ခြင်းများနှင့်အတူ မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးနေရပါလိမ့်မည်။ အိမ်နေရာအပြောင်းအရွှေ့ရှိနိုင်ပါ သည်။ ဆွေမျိုးသားချင်းများနှင့်ပတ်သက်၍ အိမ်ထောင်ဖက်နှင့် စကားများရပါလိမ့်မည်။ ဤကာလတွင် တစ်ပါးသူများနှင့် ပူးတွဲစပ်တူလုပ်ကိုင်ဆောင်ရွက်မှုများ မပြုသင့်သေးပါ။ ဆန့်ကျင်ဘက်လိင်များ၏ အကျိုးကျေးဇူး ခံစားရပါလိမ့်မည်။ အနောက်အရပ်ဒေသများ သို့ ခရီးဝေးသွားရပါလိမ့်မည်။ အချစ်ရေးတွင် အမှန်အတူ ရှောင်ထွက်၍မရနိုင်သော လက်တွဲဖော်နှင့် တစ်သက်အမြဲပျော်ရွှင်စွာ ပူးပေါင်းနိုင်စေမည့် အခွင့်အရေးကောင်းများ ရရှိလာပါလိမ့်မည်။
ယတြာ။ ။ မွေးနေ့နံနက်တွင် အဖြူရောင် ပန်းပွင့် (၉) ပွင့် ကပ်လှူပေးပါ။

Sponsored

တနင်္လာ

မိမိ၏အထက်လူကြီးများမှ ယုံကြည်အားကိုးမှုဖြင့် အကူအညီတောင်းခံခြင်း များကို ဖြေရှင်းမှုပြုပေးရပါလိမ့်မည်။ အတွေးအခေါ်နှင့် အသိတရားများ သည် ရှေးယခင်ကထက် ပိုမို၍ တိုးတက်မှုရှိနေပါလိမ့်မည်။ ဆွေမျိုးမိသားစုအသိုင်းအဝိုင်း ကြားတွင် လေးစားမှု အရေးပေးမှုခံရပါလိမ့်မည်။ ခရီးယာယီထွက်ခွာရခြင်းများ ကြုံရပါ လိမ့်မည်။ ဖခင်ဘက်မှ ဆွေမျိုးသားချင်းများ၏ ပံ့ပိုးကူညီမှုများ ရရှိပါလိမ့်မည်။ အိုးအိမ်၊ ယာဉ်ကား ပိုင်ဆိုင်မှုရရှိခံစားရတတ်ပါသည်။ ဌာနဆိုင်ရာအတွင်း ရာထူးတိုးနောက်ကျမှု ဖြစ်စေတတ်ပါသည်။ အချစ်ရေးတွင် အမုန်းအသွင်၊ ကြဉ်ရှောင်ခွာ၍ အပြုံးဆင် ဝန်ဆောင်ပါမှသာ အပြစ်များမပါသည့် အချစ်များစွာရှိနိုင်သော ချစ်သူမျိုးဖြင့် ဆုံတွေ့ကြည် နုးခွင့် ရနိုင်ပါလိမ့်မည်။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား ဇီးဖျော်ရည်တစ်ခွက် ဒါနပြုပေးပါ။

အင်္ဂါ

ကြုံတွေ့ရင်ဆိုင်ရမည့် အခက်အခဲများစွာကို လွယ်ကူစွာဖြင့် ဖြေရှင်းနိုင် ပါလိမ့်မည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့၍လုပ်ကိုင်ရမည့်အပြင် အမြတ်အစွန်းများစွာ ခံစားရရှိပါလိမ့်မည်။ ရွှေ၊ ငွေ၊ ဥစ္စာပစ္စည်းများ အဖတ်တင်စွာဖြင့် စုဆောင်းနိုင်ပါလိမ့်မည်။ စိတ်ရှုပ်ထွေးပြီး မတည်မငြိမ်ဖြစ်ရခြင်းများလည်း ကြုံရစေတတ် ပါသည်။ ရပ်ဝေးဒေသမှ အခက်အခဲရှိနေသော မိတ်ဆွေများကို ကူညီထောက်ပံ့မှုပြုပေး ရပါလိမ့်မည်။ အာရုံကြောအားနည်းခြင်း၊ ခြေသလုံးကြွက်သားများ နာကျင်ကိုက်ခဲခြင်းမျိုး ခံစားရတတ်ပါသည်။ အချစ်ရေးတွင် အနောက်အရပ်မှ ချစ်သူကို အခက်အခဲကျော်လွန် စေမည့် လက်တွဲအဖော်မွန်အဖြစ် ရှာဖွေလက်တွဲသင့်ပါသည်။
ယတြာ ။ ။ ကလေးများအား အုန်းနို့ဆန်ပြုတ် ဒါနပြုပေးပါ။

ဗုဒ္ဓဟူး

အထက်လူကြီးများနှင့်ပတ်သက်၍ စိတ်ထိခိုက်စရာ စိတ်တိုင်းမကျဖြစ်စရာ များ ကြုံရပါလိမ့်မည်။ အလုပ်နေရာ၊ ဌာနအပြောင်းအလဲရှိနိုင်ပါသည်။ မိမိ လေ့လာသင်ယူရပါသော ပညာရေးကိစ္စများတွင် ပံ့ပိုးကူညီမှုမှမရှိ၊ ကိုယ်တိုင်ခက်ခဲစွာဖြင့် လုံ့လပြုအားထုတ်မှု ပြုရပါလိမ့်မည်။ ဘာသာရေးကိစ္စများ၊ အလှူဒါနပြုဖွယ်ကိစ္စများတွင် ထိထိရောက်ရောက် ဆောင်ရွက်မှုပြုရပါလိမ့်မည်။ အလုပ်များစွာ လုပ်ကိုင်ရခြင်းအတွက် ပင်ပန်းနွမ်းနယ်မှုများ ဖြစ်ပေါ်နေရပါလိမ့်မည်။ အချစ်ရေး၌ ချစ်ကြသူအချင်းချင်း မပြေ လည်မှုအပေါ်တွင် အပြုံးသာဓကဖြင့် အမုန်းမာနဟူသမျှ ခဝါချ၍ ထာဝရလက်တွဲနိုင်ရန် ကြိုးစားရပါလိမ့်မည်။
ယတြာ ။ ။ နေအိမ်အတွင်းမှ ဖိနပ်အဟောင်းများကို စွန့်ပစ်လိုက်ပါ။

ကြာသပတေး

ခရီးသွားလာရခြင်းကို လွန်စွာနှစ်သက်မှု ဖြစ်နေမိပါလိမ့်မည်။ ရံဖန်ရံခါ တွင် ကပ်စေးနဲ၍ နှမြောတွန့်တိုမှုများနှင့် သဒ္ဓါတရား နည်းပါးနေမိပါ လိမ့်မည်။ မိမိ၏အသွင်အပြင်သည် အများအပေါ်တွင် ဆွဲဆောင်နိုင်စွမ်း ရှိနေပါလိမ့်မည်။ အတွေးအခေါ်ကောင်းများနှင့်အတူ စေတနာကောင်းများလည်း အမြဲမပြတ်ထားနေမိ တတ်မည်။ ဆွေမျိုးမောင်နှမတို့၏ဒဏ်ကို အမျိုးမျိုးခံရသည့်တိုင် ဒေါသစိတ်နှင့်အတူ မေတ္တာထားမိနေပါလိမ့်မည်။ အချစ်ရေးတွင် အဆိုးမဆို အမှားအယွင်းကင်းစွာဖြင့် အကျိုးလိုလားခြင်းအလျှင်းမပါ မေတ္တာစစ်ဖြင့်သာ ချစ်တတ်ပါသော ချစ်သူမျိုးနှင့် ဆုံ ဆည်းရပါလိမ့်မည်။
ယတြာ ။ ။ စနေသားတစ်ဦးအား ဦးထုပ်တစ်လုံး လက်ဆောင်ပေးလိုက်ပါ။

သောကြာ

မိမိ၏လုပ်ကိုင်ဆောင်ရွက်မှုများသည် အထက်လူကြီးများ၏ မျှော်မှန်း ချက်နှင့် ကိုက်ညီမှုဖြစ်ပေါ်နေပါလိမ့်မည်။ မိမိ၏စီးပွားရေးလုပ်ငန်းများမှ အကျိုးစီးပွားတိုးတက်ဖြစ်ထွန်းမှုများ သိသာစွာဖြစ်ပေါ်ပါလိမ့်မည်။ လုပ်ငန်းခွင်အတွင်း မိမိ၏တောင်းဆိုမှုဆန္ဒအတိုင်း လိုက်လျောညီထွေ ရရှိစေတတ်ပါသည်။ ကျန်းမာရေးအ နည်းငယ် ဂရုစိုက်ရန်လိုပါလိမ့်မည်။ တနင်္လာ၊ ကြာသပတေးသားသမီးများထံ ငွေကြေး လက်မလွန်မိပါစေနှင့်။ အိမ်ထောင်ဖက်နှင့်ပတ်သက်၍ ဝင်ငွေကောင်းများ ဝင်လာပါလိမ့် မည်။ အချစ်ရေးတွင် မပြောသင့်သောစကားနှင့် မရောသင့်သော အမှားအတွက် မဆင် ခြင်မိ၍ အပြင်အဆင်မရှိ အမုန်းအပြစ်ဒဏ်ခံရစေတတ်ပါသည်။
ယတြာ ။ ။ မွေးနေ့နံနက်တွင် အရဟံ ဂုဏ်တော် ပုတီး ၃ ပတ်စိတ်၍ လိုရာဆန္ဒပြုပါ။

စနေ

နိုင်ငံခြားခရီးသွားရန်ကိစ္စများ အဆင်ပြေကံကောင်းစေတတ်ပါသည်။ မမျှော်လင့်မထင်မှတ်ပါဘဲ ဘုရာဖူးခရီးများ ထွက်ရတတ်ပါသည်။ ဝေး ရပ်မြေဒေသများဆီမှ မင်္ဂလာသတင်းများ ကြားသိရပါလိမ့်မည်။ ရပ်ဝေးဒေသမှ လက် ဆောင်ပစ္စည်းများလည်း လက်ခံရရှိစေတတ်ပါသည်။ အမှတ်မထင် သူတစ်ပါး၏ ပြောဆို စွပ်စွဲမှု ခံရစေတတ်ပါသည်။ မိမိ၏ပတ်ဝန်းကျင်အပေါ်တွင် သတိထား၍ ပြောဆိုဆက်ဆံ တတ်ရန်လိုပါသည်။ မကြာခဏမေ့လျော့မှုဖြစ်စေတတ်ပါသည်။ တစ်ပါးသူကို ငွေကြေး လက်မလွန်မိပါစေနှင့်။ အချစ်ရေး၌ ချစ်သူနှင့် ပြောဆိုမိပါသောစကားထဲတွင် မဖွယ်မရာ အသုံးအနှုန်းကြောင့် အတွယ်အတာဆုံးရှုံးမှု ဖြစ်စေတတ်ပါသဖြင့် သတိပြုဆင်ခြင်ပါ။
ယတြာ ။ ။ မွေးနေ့ဂြိုဟ်တိုင်တွင် ရှားမီးသက်စေ့ပူဇော်၍ လိုရာဆန္ဒပြုပါ။

ဒေါက်တာလင်းမြတ်သူ (09 253817608)

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *