တစ္ေသာင္းတန္အတုႏွင့္ကိုယ္ေတြ႕ျဖစ္ရပ္ (ျပည္သူမ်ားသတိထားရန္)

တစ္ေသာင္းတန္အတု

အတုဗ်ိဳ႕အတု

မေန႔က ျမဝတီဘဏ္မွာ ေငြသြားသြင္းတယ္။၅၆သိန္းသြင္းတာ တစ္ေသာင္းတန္အတုတစ္ရြက္ပါလာတယ္။
သူတို႔က အတုအစစ္ခြဲတဲ့စက္နဲ႔စစ္တာဆိုေတာ့ လြယ္လြယ္ကူကူဘဲအတုဆိုၿပီးထြက္လာတယ္ ကၽြန္မေရွ႕မွာဘဲစစ္တာပါ။
အတုထြက္လာေတာ့ ကၽြန္မကိုေျပာတယ္။

အတုတစ္ရြက္ပါလာတယ္အစ္မ ကၽြန္ေတာ္တို႔သိမ္းပါမယ္တဲ့ ကၽြန္မက ေနာက္တစ္ရြက္နဲ႔ျပန္လဲၿပီးျပန္ယူသြားမယ္ေျပာေတာ့ ျပန္ယူလို႔မရပါဘူးဆိုၿပီးတံဆိပ္ေတြ႐ိုက္ၿပီးသိမ္းလိုက္တယ္ ရဲစခန္းကိုအပ္ရမွာပါလို႔ေျပာတယ္။ အဲ့ဒီ့အျပင္ ကၽြန္မကိုလဲ စာအုပ္မွာ နာမည္ မွတ္ပံုတင္အမွတ္ ေနရပ္ေတြေရးၿပီး လက္မွတ္ထိုးခိုင္းတယ္။

အဲ့ဒီ့ေတာ့ကၽြန္မကေျပာတယ္ ရဲစခန္းအပ္မယ္ဆို ကၽြန္မတို႔ ကိုယ္တိုင္လိုက္အပ္လို႔မရဘူးလားဆိုေတာ့ မန္ေနဂ်ာနဲ႔ေတြ႕ပါလို႔ေျပာတယ္ ကၽြန္မလဲဝင္ေတြ႕တာေပါ့။မန္ေနဂ်ာနဲ႔စကားေတြေျပာၾကေတာ့ ကၽြန္မလဲျပည္သူတစ္ေယာက္အေနနဲ႔ဒီလိုပိုက္ဆံကိုမတရားသိမ္းခံရတာခံျပင္းေၾကာင္းေျပာတာေပါ့။သူတို႔လဲဝန္ထမ္းျဖစ္တဲ့အေၾကာင္းနဲ႔ ဗဟိုဘဏ္ကခ်မွတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္းအတိုင္းလုပ္ရတာပါ သူတို႔လဲနားလည္ပါတယ္တဲ့ ရဲစခန္းကိုကိုယ္တိုင္သြားရင္ ဒီပိုက္ဆံကဘယ္ကေရာက္လာမွန္းလဲမသိေတာ့ပိုအလုပ္ရႈပ္မွာစိုးလို႔ပါတဲ့။

ေျပာခ်င္တာ ဒီမွာစၿပီ။

ဘာမွမေျပာခင္ တစ္ခုႀကိဳေျပာထားခ်င္တာ ဗဟိုဘဏ္သည္ အစိုးရဝန္ႀကီးဌာနေတြလက္ေအာက္ကမဟုတ္ေသာ သီးျခားရပ္တည္ေနတဲ့အဖြဲ႕အစည္းတစ္ခုဆိုတာဦးေႏွာက္ေလးနဲ႔လဲစဥ္းစားပါဦး ဗဟိုဘဏ္ကလူႀကီးမင္းတို႔ရယ္ေနာ္။တစ္ခုခုဆို ျပည္သူကခံရဘက္ကခ်ည္းဘဲ။ပိုက္ဆံအတုေတြထြက္လာတယ္။ဘယ္ကထြက္လာတာလဲ။ ဘယ္သူေတြ႐ိုက္ႏွိပ္ထုတ္ေဝေနတာလဲ ျပည္သူကမသိပါဘူး။ ကၽြန္မအခုမိတဲ့အတုဆို ႐ုတ္တစ္ရက္ၾကည့္ၾကည့္ ေသခ်ာၾကည့္ၾကည့္ အတုမွန္းမသိပါဘူး။

အျပင္မွာဘယ္ေလာက္ေတာင္လည္ပတ္ၿပီးမွန္းမသိ အေတာ္ေတာင္ေဟာင္းႏြမ္းေနပါၿပီ။ ကၽြန္မလက္ထဲေရာက္လာမွ ကံဆိုးစြာဘဏ္အပ္တဲ့ထဲပါလာၿပီး အတုဆိုၿပီးသိမ္းခံရတာပါ။အတု အစစ္ကို ဘဏ္က professional ေတြေတာင္ စက္ႀကီးေတြနဲ႔စစ္ေနရတာပါ။ကၽြန္မတို႔ျပည္သူေတြ တစ္ရြက္ခ်င္းဘယ္လိုစစ္ရမလဲ ဥပမာ တစ္ေသာင္းတန္၁၀အုပ္ေလာက္ ေငြေပးေငြယူလုပ္ၾကတဲ့အခါ အရြက္တစ္ေထာင္ေလာက္ကို တစ္ရြက္ခ်င္းဘယ္လိုစစ္ရမလဲ။

ေနရာတစ္ကာ အတုအစစ္ခြဲတဲ့စက္ႀကီးသယ္သြားရမွာလား။ထြက္လာတဲ့ေနရာေတြကိုေတာ့ေသခ်ာမစံုစမ္းမေဖာ္ထုတ္ဘဲ ျပည္သူလက္ထဲကပိုက္ဆံကို ဘဏ္ေတြကေန မတရားထိုင္သိမ္းေနတာေတာ့ ဗဟိုဘဏ္အေနနဲ႔ တာဝန္ယူတာဝန္ခံမႈနည္းလြန္းပါတယ္။

ျပည္သူေပးတဲ့လစာစားေနၾကၿပီးျပည္သူအေပၚမွာအႏိုင္က်င့္ရာက်လြန္းပါတယ္။ကၽြန္မတို႔ျပည္သူေတြက ဒီပိုက္ဆံအတုေတြကၽြန္မတို႔လက္ထဲဘယ္ကေရာက္လာမွန္းမသိပါဘူး။ ဒါေပမယ့္ ေသခ်ာတာက အတုျဖစ္ျဖစ္ အစစ္ျဖစ္ျဖစ္ ကၽြန္မတို႔လြယ္လြယ္တြင္းထဲကႏိႈက္လာၾကတာမဟုတ္ပါဘူး။ ခက္ခက္ခဲခဲပင္ပင္ပန္းပန္းရွာထားရတဲ့ေခၽြးနဲစာေတြပါ။ ကၽြန္မတို႔အတြက္တန္ဘိုးႀကီးပါတယ္။ ဒီလိုပိုက္ဆံေတြကို တစ္မိနစ္ တစ္စကၠန္႔အတြင္းအတုဆိုၿပီးသိမ္းခံလိုက္ရတဲ့အျဖစ္ေတြက တစ္ကယ့္ကို ခံျပင္းစရာေကာင္းလြန္းပါတယ္။ တစ္ကယ္ခံစားရပါတယ္။ မတရားရာက်လြန္းပါတယ္။ ျပည္သူကိုအႏိုင္က်င့္လို႔ရလို႔အႏိုင္က်င့္တယ္လို႔ထင္ပါတယ္။

တစ္ေသာင္းတန္အတု

တစ္ခ်ိဳ႕ေသာ ဝန္ထမ္းေတြ လက္လုပ္လက္စားေတြ ပင္စင္စားေတြ မရွိမဲ့ရွိမဲ့ ျခစ္ကုတ္ၿပီး ဘဏ္မွာပိုက္ဆံလာစုလို႔ ဒီလိုအတုတစ္ရြက္ေလာက္ပါလာၿပီးသိမ္းခံရရင္ သူတို႔ခံစားခ်က္ဘယ္လိုေတြျဖစ္သြားမယ္ဆိုတာစဥ္းစားၾကည့္ၾကပါဦး။ၿပီးေတာ့ ကိုယ့္ေခၽြးနဲစာေလးဘဏ္လာအပ္တာကို ကိုယ္လဲမသိ ကိုယ္လုပ္တာလဲမဟုတ္ဘဲနဲ႔ လာအပ္တဲ့သူဆိုၿပီး ပိုက္ဆံကိုသိမ္းတဲ့အျပင္ တရားခံႀကီးတစ္ေယာက္လို မွတ္တမ္းယူလက္မွတ္ထိုးခိုင္းတာလဲ ေတာ္ေတာ္ကိုလူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရတယ္လို႔ျမင္ပါတယ္။

ပိုက္ဆံအတုထုတ္တဲ့ တရားခံအစစ္ေတြက ပိုက္ဆံအတုေတြကိုဘယ္ေတာ့မွဘဏ္မွာလာမအပ္ဘူးဆိုတာေလာက္ေတာ့ ဗဟိုဘဏ္ကလူေတြအသိဉာဏ္ရွိသင့္ပါတယ္။ပုဇြန္ဦးေႏွာက္မဟုတ္ရင္ေပါ့ေလ။

အဲ့ဒီ့ေတာ့ေမးခြန္းေလးေတြေမးခ်င္ပါတယ္။ဗဟိုဘဏ္ရွင့္၊ အခုလို အတုမွန္းမသိလို႔ မ်က္စိလည္လမ္းမွားၿပီး ဘဏ္ထိေရာက္လာတဲ့ပိုက္ဆံအတုေတြကိုထိုင္သိမ္းေနတာ တစ္ကယ္ဘဲ ပိုက္ဆံအတုေတြပေပ်ာက္သြားဖို႔အတြက္ ထိေရာက္တဲ့နည္းလမ္းပါလားရွင့္။

တစ္ေသာင္းတန္အတု

ကၽြန္မတို႔ျပည္သူေတြရဲ႕ေခၽြးနည္းစာေတြကိုဒီလိုဘဲ တာဝန္ယူမႈကင္းစြာထိုင္သိမ္းေနရတာကို တရားမွ်တတယ္လို႔ထင္ပါသလားရွင့္။

အကယ္၍ ဗဟိုဘဏ္ သို႔မဟုတ္ အျခားဘဏ္တစ္ခုခုက ဝန္ထမ္း ဒါမွမဟုတ္ ဝန္ထမ္းမိသားစုတစ္ေယာက္ေယာက္လက္ထဲကို တစ္ေသာင္းတန္အတုတစ္ရြက္မေတာ္တဆေရာက္လာခဲ့ရင္ အတုႀကီးမွန္းလဲသိေနၿပီဆိုရင္ ဘာလုပ္မွာလဲရွင့္
၁၀ရြက္ဆိုရင္ေကာ ဘာလုပ္မွာလဲရွင့္(အမွန္အတိုင္းေျဖပါ)။

ကၽြန္မတို႔ျပည္သူကေတာ့ အခါခါေသဘူးပ်ဥ္းဖိုးနားလည္ၿပီမို႔ ကိုယ့္လက္ထဲမေတာ္တဆအတုမ်ားေရာက္လာလို႔ကေတာ့ ကိုယ့္ေခၽြးနည္းစာကိုအမိုက္ခံၿပီး အဆံုးမခံႏိုင္ပါဘူးရွင့္ ေစ်းေတြမွာထည့္သံုးပလိုက္မယ္ဆိုတာအသိေပးပါရေစ။

အဲ့ဒီ့ေတာ့ျပန္စဥ္းစားပါ ပိုက္ဆံအတုနဲ႔ပတ္သက္ၿပီး အခုထုတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္းေတြကျပည္သူအေပၚတစ္ကယ္ဘဲ တရားမွ်တမႈ ရွိ/မရွိဆိုတာ နဲ႔ ထြက္လာတဲ့ပိုက္ဆံအတုေတြပေပ်ာက္ေရးအတြက္တစ္ကယ္ဘဲ ထိေရာက္မႈရွိ/မရွိဆိုတာ။

credit


#Unicode version

အတုဗျို့အတု

မနေ့က မြဝတီဘဏ်မှာ ငွေသွားသွင်းတယ်။၅၆သိန်းသွင်းတာ တစ်သောင်းတန်အတုတစ်ရွက်ပါလာတယ်။
သူတို့က အတုအစစ်ခွဲတဲ့စက်နဲ့စစ်တာဆိုတော့ လွယ်လွယ်ကူကူဘဲအတုဆိုပြီးထွက်လာတယ် ကျွန်မရှေ့မှာဘဲစစ်တာပါ။
အတုထွက်လာတော့ ကျွန်မကိုပြောတယ်။

အတုတစ်ရွက်ပါလာတယ်အစ်မ ကျွန်တော်တို့သိမ်းပါမယ်တဲ့ ကျွန်မက နောက်တစ်ရွက်နဲ့ပြန်လဲပြီးပြန်ယူသွားမယ်ပြောတော့ ပြန်ယူလို့မရပါဘူးဆိုပြီးတံဆိပ်တွေရိုက်ပြီးသိမ်းလိုက်တယ် ရဲစခန်းကိုအပ်ရမှာပါလို့ပြောတယ်။ အဲ့ဒီ့အပြင် ကျွန်မကိုလဲ စာအုပ်မှာ နာမည် မှတ်ပုံတင်အမှတ် နေရပ်တွေရေးပြီး လက်မှတ်ထိုးခိုင်းတယ်။

အဲ့ဒီ့တော့ကျွန်မကပြောတယ် ရဲစခန်းအပ်မယ်ဆို ကျွန်မတို့ ကိုယ်တိုင်လိုက်အပ်လို့မရဘူးလားဆိုတော့ မန်နေဂျာနဲ့တွေ့ပါလို့ပြောတယ် ကျွန်မလဲဝင်တွေ့တာပေါ့။မန်နေဂျာနဲ့စကားတွေပြောကြတော့ ကျွန်မလဲပြည်သူတစ်ယောက်အနေနဲ့ဒီလိုပိုက်ဆံကိုမတရားသိမ်းခံရတာခံပြင်းကြောင်းပြောတာပေါ့။သူတို့လဲဝန်ထမ်းဖြစ်တဲ့အကြောင်းနဲ့ ဗဟိုဘဏ်ကချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ရတာပါ သူတို့လဲနားလည်ပါတယ်တဲ့ ရဲစခန်းကိုကိုယ်တိုင်သွားရင် ဒီပိုက်ဆံကဘယ်ကရောက်လာမှန်းလဲမသိတော့ပိုအလုပ်ရှုပ်မှာစိုးလို့ပါတဲ့။

ပြောချင်တာ ဒီမှာစပြီ။

ဘာမှမပြောခင် တစ်ခုကြိုပြောထားချင်တာ ဗဟိုဘဏ်သည် အစိုးရဝန်ကြီးဌာနတွေလက်အောက်ကမဟုတ်သော သီးခြားရပ်တည်နေတဲ့အဖွဲ့အစည်းတစ်ခုဆိုတာဦးနှောက်လေးနဲ့လဲစဉ်းစားပါဦး ဗဟိုဘဏ်ကလူကြီးမင်းတို့ရယ်နော်။တစ်ခုခုဆို ပြည်သူကခံရဘက်ကချည်းဘဲ။ပိုက်ဆံအတုတွေထွက်လာတယ်။ဘယ်ကထွက်လာတာလဲ။ ဘယ်သူတွေရိုက်နှိပ်ထုတ်ဝေနေတာလဲ ပြည်သူကမသိပါဘူး။ ကျွန်မအခုမိတဲ့အတုဆို ရုတ်တစ်ရက်ကြည့်ကြည့် သေချာကြည့်ကြည့် အတုမှန်းမသိပါဘူး။

အပြင်မှာဘယ်လောက်တောင်လည်ပတ်ပြီးမှန်းမသိ အတော်တောင်ဟောင်းနွမ်းနေပါပြီ။ ကျွန်မလက်ထဲရောက်လာမှ ကံဆိုးစွာဘဏ်အပ်တဲ့ထဲပါလာပြီး အတုဆိုပြီးသိမ်းခံရတာပါ။အတု အစစ်ကို ဘဏ်က professional တွေတောင် စက်ကြီးတွေနဲ့စစ်နေရတာပါ။ကျွန်မတို့ပြည်သူတွေ တစ်ရွက်ချင်းဘယ်လိုစစ်ရမလဲ ဥပမာ တစ်သောင်းတန်၁၀အုပ်လောက် ငွေပေးငွေယူလုပ်ကြတဲ့အခါ အရွက်တစ်ထောင်လောက်ကို တစ်ရွက်ချင်းဘယ်လိုစစ်ရမလဲ။

နေရာတစ်ကာ အတုအစစ်ခွဲတဲ့စက်ကြီးသယ်သွားရမှာလား။ထွက်လာတဲ့နေရာတွေကိုတော့သေချာမစုံစမ်းမဖော်ထုတ်ဘဲ ပြည်သူလက်ထဲကပိုက်ဆံကို ဘဏ်တွေကနေ မတရားထိုင်သိမ်းနေတာတော့ ဗဟိုဘဏ်အနေနဲ့ တာဝန်ယူတာဝန်ခံမှုနည်းလွန်းပါတယ်။

ပြည်သူပေးတဲ့လစာစားနေကြပြီးပြည်သူအပေါ်မှာအနိုင်ကျင့်ရာကျလွန်းပါတယ်။ကျွန်မတို့ပြည်သူတွေက ဒီပိုက်ဆံအတုတွေကျွန်မတို့လက်ထဲဘယ်ကရောက်လာမှန်းမသိပါဘူး။ ဒါပေမယ့် သေချာတာက အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ကျွန်မတို့လွယ်လွယ်တွင်းထဲကနှိုက်လာကြတာမဟုတ်ပါဘူး။ ခက်ခက်ခဲခဲပင်ပင်ပန်းပန်းရှာထားရတဲ့ချွေးနဲစာတွေပါ။ ကျွန်မတို့အတွက်တန်ဘိုးကြီးပါတယ်။ ဒီလိုပိုက်ဆံတွေကို တစ်မိနစ် တစ်စက္ကန့်အတွင်းအတုဆိုပြီးသိမ်းခံလိုက်ရတဲ့အဖြစ်တွေက တစ်ကယ့်ကို ခံပြင်းစရာကောင်းလွန်းပါတယ်။ တစ်ကယ်ခံစားရပါတယ်။ မတရားရာကျလွန်းပါတယ်။ ပြည်သူကိုအနိုင်ကျင့်လို့ရလို့အနိုင်ကျင့်တယ်လို့ထင်ပါတယ်။

တစ်သောင်းတန်အတု

တစ်ချို့သော ဝန်ထမ်းတွေ လက်လုပ်လက်စားတွေ ပင်စင်စားတွေ မရှိမဲ့ရှိမဲ့ ခြစ်ကုတ်ပြီး ဘဏ်မှာပိုက်ဆံလာစုလို့ ဒီလိုအတုတစ်ရွက်လောက်ပါလာပြီးသိမ်းခံရရင် သူတို့ခံစားချက်ဘယ်လိုတွေဖြစ်သွားမယ်ဆိုတာစဉ်းစားကြည့်ကြပါဦး။ပြီးတော့ ကိုယ့်ချွေးနဲစာလေးဘဏ်လာအပ်တာကို ကိုယ်လဲမသိ ကိုယ်လုပ်တာလဲမဟုတ်ဘဲနဲ့ လာအပ်တဲ့သူဆိုပြီး ပိုက်ဆံကိုသိမ်းတဲ့အပြင် တရားခံကြီးတစ်ယောက်လို မှတ်တမ်းယူလက်မှတ်ထိုးခိုင်းတာလဲ တော်တော်ကိုလူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့မြင်ပါတယ်။

ပိုက်ဆံအတုထုတ်တဲ့ တရားခံအစစ်တွေက ပိုက်ဆံအတုတွေကိုဘယ်တော့မှဘဏ်မှာလာမအပ်ဘူးဆိုတာလောက်တော့ ဗဟိုဘဏ်ကလူတွေအသိဉာဏ်ရှိသင့်ပါတယ်။ပုဇွန်ဦးနှောက်မဟုတ်ရင်ပေါ့လေ။

အဲ့ဒီ့တော့မေးခွန်းလေးတွေမေးချင်ပါတယ်။ဗဟိုဘဏ်ရှင့်၊ အခုလို အတုမှန်းမသိလို့ မျက်စိလည်လမ်းမှားပြီး ဘဏ်ထိရောက်လာတဲ့ပိုက်ဆံအတုတွေကိုထိုင်သိမ်းနေတာ တစ်ကယ်ဘဲ ပိုက်ဆံအတုတွေပပျောက်သွားဖို့အတွက် ထိရောက်တဲ့နည်းလမ်းပါလားရှင့်။

တစ်သောင်းတန်အတု

ကျွန်မတို့ပြည်သူတွေရဲ့ချွေးနည်းစာတွေကိုဒီလိုဘဲ တာဝန်ယူမှုကင်းစွာထိုင်သိမ်းနေရတာကို တရားမျှတတယ်လို့ထင်ပါသလားရှင့်။

အကယ်၍ ဗဟိုဘဏ် သို့မဟုတ် အခြားဘဏ်တစ်ခုခုက ဝန်ထမ်း ဒါမှမဟုတ် ဝန်ထမ်းမိသားစုတစ်ယောက်ယောက်လက်ထဲကို တစ်သောင်းတန်အတုတစ်ရွက်မတော်တဆရောက်လာခဲ့ရင် အတုကြီးမှန်းလဲသိနေပြီဆိုရင် ဘာလုပ်မှာလဲရှင့်
၁၀ရွက်ဆိုရင်ကော ဘာလုပ်မှာလဲရှင့်(အမှန်အတိုင်းဖြေပါ)။

ကျွန်မတို့ပြည်သူကတော့ အခါခါသေဘူးပျဉ်းဖိုးနားလည်ပြီမို့ ကိုယ့်လက်ထဲမတော်တဆအတုများရောက်လာလို့ကတော့ ကိုယ့်ချွေးနည်းစာကိုအမိုက်ခံပြီး အဆုံးမခံနိုင်ပါဘူးရှင့် ဈေးတွေမှာထည့်သုံးပလိုက်မယ်ဆိုတာအသိပေးပါရစေ။

အဲ့ဒီ့တော့ပြန်စဉ်းစားပါ ပိုက်ဆံအတုနဲ့ပတ်သက်ပြီး အခုထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကပြည်သူအပေါ်တစ်ကယ်ဘဲ တရားမျှတမှု ရှိ/မရှိဆိုတာ နဲ့ ထွက်လာတဲ့ပိုက်ဆံအတုတွေပပျောက်ရေးအတွက်တစ်ကယ်ဘဲ ထိရောက်မှုရှိ/မရှိဆိုတာ။

credit