စျေးဝယ်ထွက်ရင် ရည်းစား မရှိတဲ့ မိန်းခလေးတွေအတွက် ရည်းစား အတု ငှားလို့ရတဲ့ နေရာ

@Facebook

မိန်းကလေးအများစုဟာ ဈေးဝယ်ထွက်ကြတာကို ဝါသနာခုံမင်လေ့ရှိကြပါတယ်။ ဒါကြောင့် မိန်းကလေးတွေကြားထဲမှာ Shopping ထွက်တဲ့ဆိုတဲ့ စကားလုံးလည်း ခေတ်စားသလို ၊ မြန်မာရုပ်ရှင်ထဲမှာလည်း အလုပ်မရှိ ဈေးဝယ်ထွက်ဆိုသလို ကြည့်မြင်ဖူးကြမှာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ဈေးကွက်စီးပွားရေးစနစ်ကြောင့် လုပ်ငန်းရှင်တွေဟာဈေးဝယ် သူ တွေ ကို ပိုမိုစွဲဆောင်နိုင်မယ့် နည်းလမ်းတွေကို အမြဲတမ်းကြံဆနေကြပါတယ်။ ဥပမာအားဖြင့် ကံစမ်းမဲပေးတာ ၊ မဲဖောက်ပေးတာ ၊ ဒစ္စကောင့်ပေးတာတွေပဲဖြစ်ပါတယ်။ဒါပေမယ့် တရုတ်နိုင်ငံက ဖိုရှန်ဆိုတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ ဝယ်သူတွေကိုပိုမိုစွဲဆောင်နိုင်ဖို့အတွက် အမျိုးသားငယ်ငယ်ချောချောလေးတွေကို အရုပ်ဘူးလို မှန်ဘောင်ထဲမှာ ရပ်စေပြီးတော့ ဈေးဝယ်လာသူ အမျိုးသမီးတွေက ငှားရမ်းနိုင်တဲ့ အစီအစဉ် တစ်ခုကို ဆောင်ရွက်လာတာကိုတွေ့ရပါတယ်။

@Facebook

ထိုအမျိုးသားငယ်အများစုတော့ ကျောင်းသားလေးတွေဖြစ်ပြီးတော့ အချိန်ပိုင်းအလုပ်အဖြစ် လုပ်ကိုင်ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ သူတို့ကိုငှားရမ်းင်တော့ မိန်းကလေးတွေဟာ တစ်နာရီကို 0.15 ဆင့် ကနေပြီးတော့ 0.30 အထိ ဈေးနှုန်းတွေနဲ့ ငှားရမ်းနိုင်တယ်လို့သိရပါတယ်။

ငှားရမ်းခံရတဲ့ အမျိုးသားတွေကတော့ အဖော်သက်သက်လိုက်ပေးရတာမဟုတ်ပဲနဲ့ မိန်းကလေးဝယ်တဲ့ အဝတ်အစား အသုံးအဆောင်တွေဟာ လိုက်မလိုက် ၊ အကြံပေးတာ အထုပ်သယ်တာတွေ အပြင် မပျင်းရအောင် စကားပြောပေးခြင်း ၊ စားသောက်ဆိုင်မှာ အတူထိုင်စားပေးရခြင်းတို့ကိုလည်း လုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေရဲ့ အသားကို လုံးဝ တို့ထိ ကိုင်တွယ်ခြင်းမပြုရပါဘူး။

@Facebook

ဒါဟာ အောင်မြင်တဲ့ အရောင်းမြှင့်တင်ရေးတစ်ခုဖြစ်လာပါ့မလားဆိုတာတော့ မသေချာသေးပါဘူး ဒါပေမယ့် လက်ရှိမှာတော့ ရေပန်းစားနေတဲ့ လူစိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခုဖြစ်တာကြောင့် ပရိသတ်တွေအတွက် ဗဟုသုတအဖြစ် တင်ဆက်ပေးလိုက်ပါတယ်နော်။

XYZ News ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါည်