ေဖ့ဘုတ္က ပိုက္ဆံထုတ္ရင္ ဘာျဖစ္မလဲ

Libra

သတင္း ၂ ပုဒ္ ဖတ္ရတယ္။ တခုက ျမန္မာတိုင္းမ္စ္သတင္းစာက။ (၁၉-ဇြန္) လာမယ့္ႏွစ္ဘတ္ဂ်က္အတြက္ လိုေငြျပမႈ ဟာ က်ပ္ ၇ ထရီလီယံ (USD 4.5 b) အထိ ရွိလာမယ္ဆိုတယ္။ ဒါေပမယ့္ ေငြလိုရင္ ပိုက္ဆံရိုက္ထုတ္သံုးစြဲတာမ်ဳိး မဟုတ္ဘဲ ေငြတိုက္စာခ်ဳပ္ေတြ ထုတ္ေဝ၊ ေစ်းကြက္ထဲ ေရာင္းခ်ၿပီး ေငြျဖည့္သြင္းမႈပဲ လုပ္မယ္လို႔ဆိုတယ္။ ဒါဟာ ဗဟိုဘဏ္ရဲ႔ အခန္းက႑။ ေငြေၾကးမူဝါဒေတြကို ဗဟိုဘဏ္က ထိန္းေက်ာင္းရတဲ့ သေဘာရွိတယ္။

ေငြေၾကး-ဘ႑ာေရး မူဝါဒေတြနဲ႔ ပတ္သက္လို႔ က်ေနာ္သင္တန္းေပးတဲ့အခါ အျမဲတန္းေျပာေလ့ရွိတဲ့ ဥပမာတခု ရွိတယ္။ လူမွာ လက္ ၂-ဖက္ရွိသလုိပဲ။ တိုင္းျပည္တခု ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ဆိုရင္ မူဝါဒ ၂-ခုကို သံုးရတယ္။ တခုက ေငြေၾကး မူဝါဒ (Monetary policy)- ဒါကို ဗဟိုဘဏ္က ကိုင္တြယ္ရတယ္။ ေနာက္တခုက ဘတ္ဂ်က္မူဝါဒ- ဒါကို အစိုးရက ခ်ဳပ္ကိုင္ရတယ္။ တိုင္းျပည္တခု စီးပြားဖြံ႔ၿဖိဳးလာေအာင္ ဒီမူဝါဒ၂-ခုကို ကၽြမ္းက်င္ပါးနပ္စြာ သံုးၾကရတယ္ ဆိုၿပီး ရွင္းျပေလ့ ရွိတယ္။ ဒါေပမယ့္ အခ်ဳိ႔ႏိုင္ငံေတြမွာ ျပႆနာရွိတယ္။ ဥပမာအားျဖင့္ ဥေရာပသမဂၢ (EU) အဖြဲ႔ဝင္ ႏိုင္ငံေတြ၊ သူတို႔က အီးယူဘံုေငြေၾကးကို သံုးတဲ့အခါ ဗဟိုဘဏ္ရဲ႔ လုပ္ပိုင္ခြင့္ အာဏာ ဆံုးရႈံးရတယ္။ အဲဒါအျပင္ EU အဖြဲ႔ဝင္ႏိုင္ငံေတြမွာ ေစ်းႏႈန္းတည္ၿငိမ္ေရး နဲ႔ ဘ႑ာေရးတာဝန္သိမႈ သေဘာတူညီခ်က္ Stability and Growth Pact (SGP) ေၾကာင့္ ကိုယ့္ႏိုင္ငံဘတ္ဂ်က္ကို ႀကိဳက္သလို သံုးခြင့္မရွိဘူး။ ဘတ္ဂ်က္လိုေငြျပမႈကို ဂ်ီဒီပီရဲ႔ ၃% ေအာက္ပဲ ထားၾကရတယ္။

ေနာက္သတင္းတပုဒ္က ဒီေန႔ (ဇူလိုင္ ၈) ဘန္ေကာက္ပို႔စ္သတင္းစာရဲ႔ ေခါင္းႀကီးပါ။ ေဖ့ဘုတ္ကေန လီဘရာ (Libra) လို႔ ေခၚတဲ့ ေငြေၾကးကို ၂၀၂၀ ခုႏွစ္မွာ ထုတ္ေဝေတာ့မယ့္ အေၾကာင္းေရးထားတာပါ။

ပိုက္ဆံ (Money) ဆိုတာ ဘာပါလဲ။ ဖလွယ္တန္ဖိုးရွိတဲ့၊ ျပန္လွန္စစ္ေဆး အတည္ျပဳႏိုင္တဲ့ (verifiable) ပစၥည္း တခုပါ။ ၁။ ကုန္နဲ႔ ဝန္ေဆာင္မႈေတြအတြက္ ေပးေခ်ႏိုင္မယ္ (a medium of exchange)၊ ၂။ တန္ဖိုးတခုအတြက္ သိုေလွာင္ သိမ္းဆည္းထားႏိုင္မယ္ (a store of value)။ ၃။ ပစၥည္းတန္ဖိုးသတ္မွတ္ႏိုင္မယ္ (a unit of account)။ ဒါဆို ပိုက္ဆံေပါ့။ ေဖ့ဘုတ္က ‘လီဘရာ’ နာမည္ရတဲ့ ပိုက္ဆံထုတ္ေတာ့မယ္ ဆိုတဲ့အခါ ကမၻာႏိုင္ငံေတြက ဗဟိုဘဏ္ေတြ မ်က္ခံုးလႈပ္ကုန္တယ္။ ေခါင္းစား ကုန္ၾကတယ္။ ေဖ့ဘုတ္က ‘ႏိုင္ငံေတာ္’ လား ပိုက္ဆံထုတ္ရေအာင္။

လူမႈကြန္ရက္မွာ ဧရာမကုမၸဏီတခုျဖစ္တဲ့ ေဖ့ဘုတ္က ထိုင္းႏိုင္ငံ၊ ဗဟိုဘဏ္ကို ခ်ည္းကပ္လာခဲ့တယ္။ အခုလို ေငြေၾကး ကို လက္ခံအသိအမွတ္ျပဳဖို႔ပါ။ ေဖ့ဘုတ္ပိုက္ဆံ မတိုင္မီကာလ ကတည္းက အြန္လိုင္းေပၚ လက္ခံေရာင္းဝယ္ေနၾကတဲ့ Cryptocurrency (ခရစ္ပ္တုိေငြေၾကး) ဆိုတာ ေပၚေပါက္ေနၿပီးပါၿပီ။ ျမန္မာႏိုင္ငံမွာေတာ့ ခရစ္ပ္တိုေငြေၾကးကို ဗဟိုဘဏ္ က လက္မခံေသးေပမယ့္၊ ထိုင္းႏို္င္ငံမွာ စေတာ့ေစ်းကြက္ ေကာ္မရွင္ (security exchange commission) က လက္ခံ ထားတဲ့ ဥပေဒရွိေနပါၿပီ။ bitcoin (BTC), ethereum (ETH), ripple (XRP), and stellar (XLM) ေငြေၾကးေတြကို တရား ဝင္ လက္ခံေရာင္းဝယ္ခြင့္ ျပဳထားတယ္။

ထိုင္းဗဟိုဘဏ္ရဲ႔ ေငြေပးေခ်မႈစနစ္ မူဝါဒဆိုင္ရာ လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴး (assistant governor) ဆီရိတီဒါ ဖႏုမ္ဝန္ န အယုဒၶရာ (Siritida Panomwon Na Ayudhya) ကေတာ့ အခုလို ခ်ည္းကပ္လာၿပီးေနာက္၊ ၿပီးခဲ့တဲ့ ေသာၾကာေန႔က စၿပီး ေဖ့ဘုတ္ေငြေၾကး (facebook’s digital currency) နဲ႔ ပတ္သက္လို႔ ေလ့လာဖို႔ အဖြဲ႔တခု ဖြဲ႔စည္းထားၿပီလို႔ ဆိုပါတယ္။

ေဖ့ဘုတ္ ကုမၸဏီဖက္ကၾကည့္ရင္ အေရွ႔ေတာင္အာရွ ေစ်းကြက္ႀကီးက မေသးပါဘူး။ ထိုင္းႏိုင္ငံလူဦးေရ ၆၈ သန္းရွိတဲ့ အနက္ ၄၇ သန္းက ေဖ့ဘုတ္သံုးေနၾကပါတယ္။ ထိုင္းအမ်ားစုကလည္း ေဖ့ဘုတ္ဆိုတာ သူ႔တို႔ေနစဥ္ လူမႈဘဝနဲ႔ ဆက္စပ္ ေနတယ္လို႔ ခံယူၾကပါသတဲ့။ က်ေနာ္တို႔ ေရႊျမန္မာေတြနဲ႔လည္း မထူးပါဘူး။ စရင္းတခုအရ ျမန္မာႏိုင္ငံမွာ ေဖ့ဘုတ္သံုးသူ ၂၁ သန္း ရွိတယ္ဆိုပါတယ္။ ဖိလစ္ပိုင္မွာ ေဖ့ဘုတ္သံုးသူ ၆၂ သန္း၊ ဗီယက္နမ္မွာ သန္း ၅၀၊ အင္ဒိုနီးရွားမွာ သန္း ၁၃၀ ရွိပါတယ္။ အကယ္၍ ဒီလူေတြ ေဖ့ဘုတ္ပိုက္ဆံကို လက္ခံသံုးစြဲၾကတယ္ ဆိုရင္ျဖင့္ ေစ်းကြက္ႀကီးပါပဲ။

ႏိုင္ငံတကာ ေငြေပးခ်မႈဆိုင္ရာ ဘဏ္ Bank for International Settlements (BIS) ကေတာ့ ယခု လီဘရာေၾကာင့္ ကမၻာ့ေငြေၾကးစနစ္အေပၚ ျဖစ္လာႏိုင္ေျခ၊ ရိုက္ခတ္လာႏိုင္ေျခေတြကို သတိေပးထားပါတယ္။ ေဖ့ဘုတ္ပိုက္ဆံကို သံုးစြဲၿပီး ႏိုင္ငံတကာ ေငြေၾကးေပးေခ် ေရာင္းဝယ္မႈေတြ ျဖစ္လာေတာ့မွာပါ။ Facebook ကို ပူးတြဲတည္ေထာင္သူ ခရစ္ ဟ်ဳ (Chris Hughes) ကေတာ့ လူမႈမီဒီယာ ဧရာမကုမၸဏီႀကီးက ကမၻာလံုးဆိုင္ရာ ေငြေၾကးေစ်းကြက္ (global fintech) ထဲ ေရႊ႔လာၿပီ ဆိုရင္ေတာ့ “အနည္းဆံုး ေတာ္ရံုသင့္ရံု ေအာင္ျမင္ရင္ေတာ့ လီဘရာ (Libra) က ဗဟိုဘဏ္ေတြက ထိန္းခ်ဳပ္ထားတဲ့ ေငြေၾကးမူဝါဒေတြကို ပုဂၢလိကကုမၸဏီေတြလက္ထဲ လႊဲေပးလိုက္ရသလို ျဖစ္သြားပါၿပီ။ ကမၻာ့ႀကီးရဲ႔ စည္းမ်ဥ္းထိန္းသူေတြ က အခုထိန္းသိမ္းၾကဦးမယ္ ဆိုဦးေတာ့၊ သိပ္ ေနာက္က်သြားပါၿပီ” လို႔ သူက ေျပာပါတယ္။

လီဘရာ ပိုက္ဆံမွာ ၁။ ကုန္နဲ႔ ဝန္ေဆာင္မႈေတြအတြက္ ေပးေခ်ႏိုင္မယ္ (a medium of exchange)၊ ၂။ တန္ဖိုး တခုအတြက္ သိုေလွာင္ သိမ္းဆည္းထားႏိုင္မယ္ (a store of value)။ ၃။ ပစၥည္းတန္ဖိုးသတ္မွတ္ႏိုင္မယ္ (a unit of account) ဒါေတြ အားလံုးရွိေနပါတယ္။ သူက တျခားေသာ ခရစ္ပ္တိုေငြေၾကးေတြထက္စာရင္ တန္ဖိုးသတ္မွတ္မႈ သေဘာ ပိုခိုင္မာပါတယ္။ ျပႆနာေတာ့ ရွိပါတယ္။ လူေတြက ယံုၾကည္သံုးစြဲရင္ ပိုက္ဆံ၊ ဖလွယ္စရာတန္ဖိုးတခု ျဖစ္လာပါလိမ့္မယ္။

တေလာက လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီမွာ ဂလိုဘယ္လိုက္ေဇးရွင္းအေၾကာင္း က်ေနာ္သင္တန္းေပးေတာ့ ေျပာခဲ့ ပါေသးတယ္။ ေဖ့ဘုတ္က ႏိုင္ငံေတာ္ေတာ့ မဟုတ္ဘူး။ ဗဟိုဘဏ္လည္းမဟုတ္ဘူး။ ပိုက္ဆံထုတ္ပါေတာ့မယ္။ အကယ္၍ ျမန္မာႏိုင္ငံ ဗဟိုဘဏ္က တရားဝင္လက္မခံရင္ေရာ၊ အဆင္ေျပရင္ေတာ့ က်ေနာ္ေတာ့ ခိုးသံုးမွာပါပဲ။ ထိုင္း မွာ ေငြေပးေခ်လို႔ အဆင္ေျပရင္၊ စကၤာပူမွာ ေငြေပးေခ်လို႔ရရင္၊ အြန္လိုင္းက ေစ်းဝယ္ ပစၥည္းမွာလို႔ရရင္ က်ေနာ္သံုးမွာေပါ့။ ေမွာင္ခိုေစ်းကြက္ေတြလည္း ရွိလာမွာေပါ့။

Source: Aung Thu Nyein


#Unicode Version

သတင်း ၂ ပုဒ် ဖတ်ရတယ်။ တခုက မြန်မာတိုင်းမ်စ်သတင်းစာက။ (၁၉-ဇွန်) လာမယ့်နှစ်ဘတ်ဂျက်အတွက် လိုငွေပြမှု ဟာ ကျပ် ၇ ထရီလီယံ (USD 4.5 b) အထိ ရှိလာမယ်ဆိုတယ်။ ဒါပေမယ့် ငွေလိုရင် ပိုက်ဆံရိုက်ထုတ်သုံးစွဲတာမျိုး မဟုတ်ဘဲ ငွေတိုက်စာချုပ်တွေ ထုတ်ဝေ၊ ဈေးကွက်ထဲ ရောင်းချပြီး ငွေဖြည့်သွင်းမှုပဲ လုပ်မယ်လို့ဆိုတယ်။ ဒါဟာ ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍ။ ငွေကြေးမူဝါဒတွေကို ဗဟိုဘဏ်က ထိန်းကျောင်းရတဲ့ သဘောရှိတယ်။

ငွေကြေး-ဘဏ္ဍာရေး မူဝါဒတွေနဲ့ ပတ်သက်လို့ ကျနော်သင်တန်းပေးတဲ့အခါ အမြဲတန်းပြောလေ့ရှိတဲ့ ဥပမာတခု ရှိတယ်။ လူမှာ လက် ၂-ဖက်ရှိသလိုပဲ။ တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် မူဝါဒ ၂-ခုကို သုံးရတယ်။ တခုက ငွေကြေး မူဝါဒ (Monetary policy)- ဒါကို ဗဟိုဘဏ်က ကိုင်တွယ်ရတယ်။ နောက်တခုက ဘတ်ဂျက်မူဝါဒ- ဒါကို အစိုးရက ချုပ်ကိုင်ရတယ်။ တိုင်းပြည်တခု စီးပွားဖွံ့ဖြိုးလာအောင် ဒီမူဝါဒ၂-ခုကို ကျွမ်းကျင်ပါးနပ်စွာ သုံးကြရတယ် ဆိုပြီး ရှင်းပြလေ့ ရှိတယ်။ ဒါပေမယ့် အချို့နိုင်ငံတွေမှာ ပြဿနာရှိတယ်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေ၊ သူတို့က အီးယူဘုံငွေကြေးကို သုံးတဲ့အခါ ဗဟိုဘဏ်ရဲ့ လုပ်ပိုင်ခွင့် အာဏာ ဆုံးရှုံးရတယ်။ အဲဒါအပြင် EU အဖွဲ့ဝင်နိုင်ငံတွေမှာ ဈေးနှုန်းတည်ငြိမ်ရေး နဲ့ ဘဏ္ဍာရေးတာဝန်သိမှု သဘောတူညီချက် Stability and Growth Pact (SGP) ကြောင့် ကိုယ့်နိုင်ငံဘတ်ဂျက်ကို ကြိုက်သလို သုံးခွင့်မရှိဘူး။ ဘတ်ဂျက်လိုငွေပြမှုကို ဂျီဒီပီရဲ့ ၃% အောက်ပဲ ထားကြရတယ်။

နောက်သတင်းတပုဒ်က ဒီနေ့ (ဇူလိုင် ၈) ဘန်ကောက်ပို့စ်သတင်းစာရဲ့ ခေါင်းကြီးပါ။ ဖေ့ဘုတ်ကနေ လီဘရာ (Libra) လို့ ခေါ်တဲ့ ငွေကြေးကို ၂၀၂၀ ခုနှစ်မှာ ထုတ်ဝေတော့မယ့် အကြောင်းရေးထားတာပါ။

ပိုက်ဆံ (Money) ဆိုတာ ဘာပါလဲ။ ဖလှယ်တန်ဖိုးရှိတဲ့၊ ပြန်လှန်စစ်ဆေး အတည်ပြုနိုင်တဲ့ (verifiable) ပစ္စည်း တခုပါ။ ၁။ ကုန်နဲ့ ဝန်ဆောင်မှုတွေအတွက် ပေးချေနိုင်မယ် (a medium of exchange)၊ ၂။ တန်ဖိုးတခုအတွက် သိုလှောင် သိမ်းဆည်းထားနိုင်မယ် (a store of value)။ ၃။ ပစ္စည်းတန်ဖိုးသတ်မှတ်နိုင်မယ် (a unit of account)။ ဒါဆို ပိုက်ဆံပေါ့။ ဖေ့ဘုတ်က ‘လီဘရာ’ နာမည်ရတဲ့ ပိုက်ဆံထုတ်တော့မယ် ဆိုတဲ့အခါ ကမ္ဘာနိုင်ငံတွေက ဗဟိုဘဏ်တွေ မျက်ခုံးလှုပ်ကုန်တယ်။ ခေါင်းစား ကုန်ကြတယ်။ ဖေ့ဘုတ်က ‘နိုင်ငံတော်’ လား ပိုက်ဆံထုတ်ရအောင်။

လူမှုကွန်ရက်မှာ ဧရာမကုမ္ပဏီတခုဖြစ်တဲ့ ဖေ့ဘုတ်က ထိုင်းနိုင်ငံ၊ ဗဟိုဘဏ်ကို ချည်းကပ်လာခဲ့တယ်။ အခုလို ငွေကြေး ကို လက်ခံအသိအမှတ်ပြုဖို့ပါ။ ဖေ့ဘုတ်ပိုက်ဆံ မတိုင်မီကာလ ကတည်းက အွန်လိုင်းပေါ် လက်ခံရောင်းဝယ်နေကြတဲ့ Cryptocurrency (ခရစ်ပ်တိုငွေကြေး) ဆိုတာ ပေါ်ပေါက်နေပြီးပါပြီ။ မြန်မာနိုင်ငံမှာတော့ ခရစ်ပ်တိုငွေကြေးကို ဗဟိုဘဏ် က လက်မခံသေးပေမယ့်၊ ထိုင်းနိုင်ငံမှာ စတော့ဈေးကွက် ကော်မရှင် (security exchange commission) က လက်ခံ ထားတဲ့ ဥပဒေရှိနေပါပြီ။ bitcoin (BTC), ethereum (ETH), ripple (XRP), and stellar (XLM) ငွေကြေးတွေကို တရား ဝင် လက်ခံရောင်းဝယ်ခွင့် ပြုထားတယ်။

ထိုင်းဗဟိုဘဏ်ရဲ့ ငွေပေးချေမှုစနစ် မူဝါဒဆိုင်ရာ လက်ထောက် အုပ်ချုပ်ရေးမှူး (assistant governor) ဆီရိတီဒါ ဖနုမ်ဝန် န အယုဒ္ဓရာ (Siritida Panomwon Na Ayudhya) ကတော့ အခုလို ချည်းကပ်လာပြီးနောက်၊ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ဖေ့ဘုတ်ငွေကြေး (facebook’s digital currency) နဲ့ ပတ်သက်လို့ လေ့လာဖို့ အဖွဲ့တခု ဖွဲ့စည်းထားပြီလို့ ဆိုပါတယ်။

ဖေ့ဘုတ် ကုမ္ပဏီဖက်ကကြည့်ရင် အရှေ့တောင်အာရှ ဈေးကွက်ကြီးက မသေးပါဘူး။ ထိုင်းနိုင်ငံလူဦးရေ ၆၈ သန်းရှိတဲ့ အနက် ၄၇ သန်းက ဖေ့ဘုတ်သုံးနေကြပါတယ်။ ထိုင်းအများစုကလည်း ဖေ့ဘုတ်ဆိုတာ သူ့တို့နေစဉ် လူမှုဘဝနဲ့ ဆက်စပ် နေတယ်လို့ ခံယူကြပါသတဲ့။ ကျနော်တို့ ရွှေမြန်မာတွေနဲ့လည်း မထူးပါဘူး။ စရင်းတခုအရ မြန်မာနိုင်ငံမှာ ဖေ့ဘုတ်သုံးသူ ၂၁ သန်း ရှိတယ်ဆိုပါတယ်။ ဖိလစ်ပိုင်မှာ ဖေ့ဘုတ်သုံးသူ ၆၂ သန်း၊ ဗီယက်နမ်မှာ သန်း ၅၀၊ အင်ဒိုနီးရှားမှာ သန်း ၁၃၀ ရှိပါတယ်။ အကယ်၍ ဒီလူတွေ ဖေ့ဘုတ်ပိုက်ဆံကို လက်ခံသုံးစွဲကြတယ် ဆိုရင်ဖြင့် ဈေးကွက်ကြီးပါပဲ။

နိုင်ငံတကာ ငွေပေးချမှုဆိုင်ရာ ဘဏ် Bank for International Settlements (BIS) ကတော့ ယခု လီဘရာကြောင့် ကမ္ဘာ့ငွေကြေးစနစ်အပေါ် ဖြစ်လာနိုင်ခြေ၊ ရိုက်ခတ်လာနိုင်ခြေတွေကို သတိပေးထားပါတယ်။ ဖေ့ဘုတ်ပိုက်ဆံကို သုံးစွဲပြီး နိုင်ငံတကာ ငွေကြေးပေးချေ ရောင်းဝယ်မှုတွေ ဖြစ်လာတော့မှာပါ။ Facebook ကို ပူးတွဲတည်ထောင်သူ ခရစ် ဟျု (Chris Hughes) ကတော့ လူမှုမီဒီယာ ဧရာမကုမ္ပဏီကြီးက ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဈေးကွက် (global fintech) ထဲ ရွှေ့လာပြီ ဆိုရင်တော့ “အနည်းဆုံး တော်ရုံသင့်ရုံ အောင်မြင်ရင်တော့ လီဘရာ (Libra) က ဗဟိုဘဏ်တွေက ထိန်းချုပ်ထားတဲ့ ငွေကြေးမူဝါဒတွေကို ပုဂ္ဂလိကကုမ္ပဏီတွေလက်ထဲ လွှဲပေးလိုက်ရသလို ဖြစ်သွားပါပြီ။ ကမ္ဘာ့ကြီးရဲ့ စည်းမျဉ်းထိန်းသူတွေ က အခုထိန်းသိမ်းကြဦးမယ် ဆိုဦးတော့၊ သိပ် နောက်ကျသွားပါပြီ” လို့ သူက ပြောပါတယ်။

လီဘရာ ပိုက်ဆံမှာ ၁။ ကုန်နဲ့ ဝန်ဆောင်မှုတွေအတွက် ပေးချေနိုင်မယ် (a medium of exchange)၊ ၂။ တန်ဖိုး တခုအတွက် သိုလှောင် သိမ်းဆည်းထားနိုင်မယ် (a store of value)။ ၃။ ပစ္စည်းတန်ဖိုးသတ်မှတ်နိုင်မယ် (a unit of account) ဒါတွေ အားလုံးရှိနေပါတယ်။ သူက တခြားသော ခရစ်ပ်တိုငွေကြေးတွေထက်စာရင် တန်ဖိုးသတ်မှတ်မှု သဘော ပိုခိုင်မာပါတယ်။ ပြဿနာတော့ ရှိပါတယ်။ လူတွေက ယုံကြည်သုံးစွဲရင် ပိုက်ဆံ၊ ဖလှယ်စရာတန်ဖိုးတခု ဖြစ်လာပါလိမ့်မယ်။

တလောက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာ ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း ကျနော်သင်တန်းပေးတော့ ပြောခဲ့ ပါသေးတယ်။ ဖေ့ဘုတ်က နိုင်ငံတော်တော့ မဟုတ်ဘူး။ ဗဟိုဘဏ်လည်းမဟုတ်ဘူး။ ပိုက်ဆံထုတ်ပါတော့မယ်။ အကယ်၍ မြန်မာနိုင်ငံ ဗဟိုဘဏ်က တရားဝင်လက်မခံရင်ရော၊ အဆင်ပြေရင်တော့ ကျနော်တော့ ခိုးသုံးမှာပါပဲ။ ထိုင်း မှာ ငွေပေးချေလို့ အဆင်ပြေရင်၊ စင်္ကာပူမှာ ငွေပေးချေလို့ရရင်၊ အွန်လိုင်းက ဈေးဝယ် ပစ္စည်းမှာလို့ရရင် ကျနော်သုံးမှာပေါ့။ မှောင်ခိုဈေးကွက်တွေလည်း ရှိလာမှာပေါ့။

Source: Aung Thu Nyein